By Trade Times, Shweproperty.com
Updated at 10 February 2015
ဝင်ငွေနည်း ပြည်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် Town plan များ ရေးဆွဲ၍ စနစ်တကျဖြင့် အဆင့်ဆင့် လုပ်ကိုင်ရန် လိုအပ်သည်ဟု မြန်မာ နိုင်ငံ ဗိသုကာပညာရှင်များအသင်းမှ သိရသည်။
မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့များ ကို မြို့ကွက်ပုံစံသစ်များ ပြန်လည် ရေးဆွဲနေသည့် ယခုအချိန်တွင် ဝင်ငွေနည်းမိသားစုများ အိမ်ရာ ပိုင် ဆိုင်နိုင်ရေးအတွက် Town plan များ ၌ လက်ရှိ ရှိနှင့်ပြီးသား မြေနေရာ ပေါ်တွင် အထပ်မြင့် တည်ဆောက် ကာ အခန်းယူနစ်များကို များပြား အောင် လုပ်ဆောင်သည့် နည်းလမ်း များ၊ ဒုတိယအဆင့်အနေဖြင့် မြို့နေ လူဦးရေ တိုးတက်များပြားလာသည် နှင့်အမျှ မြို့ပြင်နယ်နိမိတ်အပြင် ဘက်ရှိ မြေများကို မြို့မြေအဖြစ် ပြောင်းလဲသတ်မှတ်စေခြင်းအပြင် ရေခြားမြေခြား အရပ်ဒေသများတွင် သီးသန့်မြို့သစ်စီမံကိန်းများ ဖော် ထုတ်ရန် လိုအပ်သည်။
”ပထမဦးဆုံး လိုအပ်တာက မြေကြီးပါ။ ဒုတိယက အဆောက် အအုံဖြစ်ပါတယ်။ ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းမှာ ငမိုးရိပ်ချောင်းခြားတဲ့ ဒဂုံမြို့သစ်လို၊ လှိုင်သာယာလို မြို့သစ်တွေ ဖော်ထုတ်ခဲ့တယ်။ အဲဒီ အချိန်တုန်းက နေထိုင်ရေး အတော် အတန် အဆင်ပြေသွားပြီး ကျူးကျော် တော်တော်များများလည်း အဲဒီအထဲ ကို ဝင်သွားတယ်။ အခုအခြေအနေ က တစ်ပတ်ပြန်လည်လာလို့ မျက် ခြည်မပြတ် စောင့်ကြည့်ပြီး လုပ်ဖို့ လိုအပ်တယ်”ဟု မြန်မာနိုင်ငံဗိသုကာ ပညာရှင်များအသင်း နာယက ဦးအောင်မြင့်က ပြောသည်။
၁၉ဝ၁ ခုနှစ်တွင် ၇၅ ဒသမ ၇၂ စတုရန်း ကီလိုမီတာသာ ရှိခဲ့သည့် ရန်ကုန်မြို့ အကျယ်အဝန်းသည် ၂ဝဝ၈ ခုနှစ်တွင် ၅၉၈ ဒသမ ၇၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းလာ သည့်အပြင် မြို့နယ်ပေါင်း ၄၅ မြို့နယ် နှင့် ၂ဝ၁၄ ခုနှစ် လူဦးရေသန်းခေါင် စာရင်းအရ နေထိုင်သူ ၅ ဒသမ ၅ သန်းအထိ ရှိလာခဲ့သည်။
အဆက်မပြတ် တိုးတက်များ ပြားလာသည့် လူဦးရေနှင့် ကိုက်ညီ သည့် မြို့နေထိုင်မှု ပုံသဏ္ဌာန်များ ဖြစ်ပေါ်လာစေရန်အတွက် မြို့ပြစီမံ ကိန်းပညာရှင်များ၊ သက်ဆိုင်ရာ အိမ်ရာဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် ဝန်ကြီးဌာနများမှ Town plan များ ရေးဆွဲ၍ မြို့များကိုစနစ်တကျ တိုးချဲ့ စေခြင်း၊ မြို့ကွက်သစ်များ တိုးချဲ့ ခြင်းတို့ကို ရေတိုရေရှည်စနစ်များ ဖြင့် လုပ်ဆောင်နေလျက် ရှိသည်။ ရန်ကုန်မြို့တော်တွင် အနည်းဆုံး နှစ် ၃ဝ တစ်ကြိမ် မြို့သစ်များ ဖော် ထုတ်ခြင်း ပြုလျက်ရှိရာ ထိုနည်းလမ်း သည် ကျူးကျော်ပြဿနာများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်မည့် အပြင် ဝင်ငွေနည်းမိသားစုများလည်း အိမ်ရာပိုင်ဆိုင်နိုင်သည့် အခွင့်အရေး များ ရရှိလာမည်ဖြစ်သည်။
”နှစ် ၃ဝ ကလည်း ပြည့်ဖို့နီးလာ ပြီ။ မြို့နဲ့ တစ်ဆက်တည်း လုပ်မလား၊ ရန်ကုန်နဲ့ ဟံသာဝတီကြားထဲမှာ လုပ်မလားဆိုတာ ရွေးရတော့မယ်။ မြို့သွားတည်တိုင်းလည်း အလုပ် အကိုင်မရှိရင် လူက နေမှာ မဟုတ် ဘူး။ အလုပ်အကိုင်လည်း ဖန်တီး ပေးနိုင်တဲ့ မြို့သစ်တွေကတော့ လာမယ့် ၂ဝ၂ဝ ပြည့်နှစ် မတိုင်ခင် လိုအပ်တာကတော့ အမှန်ပါပဲ”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်မီမီတင်က ပြော သည်။
Ref : The Trade Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ