By အေးချမ်းမိုး, Shweproperty.com
Updated at 22 April 2013
ရန်ကုန်မြို့တွင်း နှစ်ကာလကြာမြင့်နေသော အိမ်ရာစီမံကိန်း ၁၁ ခုကို ပြန်လည်တည်ဆောက်မည်ဖြစ်၍ တည်ဆောက်စဉ်ကာလတွင် နေထိုင်ရန် ဆင်ခြေဖုံးရပ်ကွက်များတွင် အိမ်အငှားသွက်လျက်ရှိကြောင်း သိရသည်။
ရန်ကင်းအိမ်ရာ၊ ဝေဠုဝန်အိမ်ရာ၊ ရွှေဂုံအိမ်ရာ၊ ၅၁ လမ်းအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ဦဝိစာရ အိမ်ရာ အပါအဝင် အိမ်ရာ ၁၁ ခုကို ပြည်လည်တည်ဆောက်မည်ဖြစ်ရာ ၎င်းအိမ်ရာများတွင် နေထိုင်ရသောလူများသည် မိမိငွေကြေးနှင့် တက်နိုင်သော ဆင်ခြေဖုံးရပ်ကွက်များသို့ ငှားရမ်းပြောင်းရွေ့နေထိုင်နေရရာ ထိုအတွက် ဆင်ခြေဖုံးရပ်ကွက်များတွင် အိမ်ငှားရမ်းခ နှစ်ဆခန့်မြင့်တက်သွားကြောင်း (၅၁) လမ်းအိမ်ရာမှ ဒဂုံမြို့သစ်(တောင်ပိုင်း)သို့ ပြောင်းရွေ့နေထိုင်မည့် မိသားစုများထံမှ သိရသည်။
“ဆင်ခြေဖုံးရပ်ကွက်က အိမ်တွေကိုပိုင်တာလဲ မြို့ထဲမှာနေတဲ့သူတွေပဲဆိုတော့ သူတို့က အရင် ပေ ၄၀ ကို တစ်ဦးပဲငှားရင် အခု ပေ ၂၀ စီခွဲပြီး နှစ်ဦးကို ငှားလာတယ်။ ဝင်ငွေပိုရတာသိတဲ့အတွက် အချို့ဆို အတွဲလိုက်တန်းလျားတွေ ဆောက်ပြီးတောင် ငှားစားကြတယ်” ဟု အင်းစိန်တွင် ငှားရမ်းနေထိုင်သူ မရည်ရည်ဝင်းက ပြောသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ