By Myanmar Builders Guide, Shweproperty.com
Updated at 3 October 2018
ဗီယက်နမ်အခြေစိုက် HAGL Myanmar မှ အကောင်အထည်ဖော်နေသည့်The Lake Suites အိမ်ရာစီမံကိန်းတွင်ဖြစ်ပေါ်ခဲ့သည့်နှောင့်နှေးကြန့်ကြာမှုများအတွက် ထိုက်သင့်သော နစ်နာကြေးများ ပေးအပ်ရန် သဘောတူထားပြီဖြစ်ကြောင်း HAGL Myanmar မှ သတင်းထုတ်ပြန်သည်။
နှစ်ရှည်ငှားရမ်းနေထိုင်သူများနှင့်ချုပ်ဆိုထားခဲ့သည့် သဘောတူညီမှုစာချုပ်တွင် မပါဝင်သော ဥပဒေအရ အခြားမည်သည့် ဖိအားပေးမှုများကိုမျှ HAGL Myanmar မှ တုံ့ပြန်သွားမည်မဟုတ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
HAGL Myanmar အနေဖြင့် စီမံကိန်းအပိုင်း(၂)တွင်ပါဝင်သော ရုံးခန်းဧရိယာ၏အကျယ်အဝန်းစတုရန်းမီတာ ၃ဝဝဝဝ ကျော်ကို ရုပ်ရှင်ရုံ၊ဖျော်ဖြေရေးစင်တာ၊ဟိုက်ပါမားကတ်၊နိုင်ငံတကာအဆင့်မီဈေးဝယ်စင်တာများထပ်မံထည့်သွင်းတည်ဆောက်သွားမည့်အပြင်ယာဉ်အစီးရေ ပိုမိုရပ်နားနိုင်မည့် ကျယ်ဝန်းသောကားပါကင်၊ယာဉ်ကြောပိတ်ဆို့မှုကို အသက်သာဆုံးလျှော့ချပေးနိုင်မည့် ယာဉ်ကြောသွားလာရေးစနစ်စသည်တို့ကိုပါ ထပ်မံဖြည့်စွက်ပြီး ထည့်သွင်းတည်ဆောက်နိုင်ရန်ဒီဇိုင်းများပြန်လည်ရေးဆွဲခဲ့ကြောင်း၊အခြားတစ်ဖက်တွင်လည်း HAGL MYANMAR အနေဖြင့် တာဝန်သိလုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ အသစ်ပြဋ္ဌာန်းထားသော အထပ်မြင့်အဆောက်အဦဆောက်လုပ်ခွင့်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် နည်းဥပဒေများ၊သတ်မှတ်ချက်များကို အတိအကျလိုက်နာပြီး စီမံကိန်းအပိုင်းသစ်တွင်ပိုမိုကောင်းမွန်သော နည်းစနစ်များထည့်သွင်းကာ ဒီဇိုင်းများပြင်ဆင်ရေးဆွဲခြင်း၊လုပ်ငန်းအဆိုပြုခြင်း၊ခွင့်ပြုချက်ရယူခြင်းစသည့် လုပ်ငန်းစဉ်အရပ်ရပ်ကြောင့်လည်း လုပ်ငန်းကြန့်ကြာခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းထုတ်ပြန်သည်။
လုပ်ငန်းကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ရသော်လည်း နှစ်ရှည်ငှားရမ်း ဝယ်ယူထားသူများနှင့် ရင်းနှီးမြှုပ်နှံထားသူများအနေဖြင့် ရေရှည်အိမ်ရာတန်ဖိုးကိုကာကွယ်ခြင်း၊လူနေမှုအဆင့်အတန်းပိုမိုမြင့်မာလာခြင်း၊အဖိုးအခနှုန်းထားမြင့်မားစွာဖြင့် ပြန်လည်ငှားရမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများနှင့် အကျိုးကျေးဇူးများနှင့် အခွင့်အလမ်းများကောင်းများရရှိစေနိုင်မည်ဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ