By Kumudra, Shweproperty.com
Updated at 21 August 2018
ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဒဂုံ (ဆိပ် ကမ်း) မြို့နယ် ရွှေလီလမ်းနဲ့ မြနန္ဒာလမ်းထောင့် အကျယ်အဝန်း ၁၈၃ ဧကရှိတဲ့ မြေနေရာမှာ နိုင်ငံ့ဝန်ထမ်း အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ စီမံကိန်းမှာ ဇုန်အလိုက် နိုင်ငံ့ဝန်ထမ်း၊ပြည်သူ့ဝန်ထမ်း၊အိမ်ရာတွေအပြင် စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဈေးဝယ်စင်တာ၊ အဆင့်မြင့်လူနေအိမ်တွေနဲ့ ယာဉ်ရပ်နားနေရာတွေ ဖော်ဆောင်ဖို့ စီစဉ်ထားပါတယ်။
အဲသည်စီမံကိန်းကို ပူးပေါင်း ဆောင်ရွက်ဖို့ စိတ်ပါဝင်စားတဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်၊ ကုမ္ဗဏီတွေကို စိတ်ဝင်စားမှု အဆိုပြုလွှာ EOI တင်သွင်းဖို့ ဖိတ်ခေါ်ထားပါတယ်။ စိတ်ဝင်စားမှု အဆိုပြုလွှာ EOI တင်သွင်းဖို့ စည်းကမ်းချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ဗိသုကာဆိုင်ရာ မာစတာပလန် လျှောက်လွှာပုံစံတွေကို တစ်စုံ ကျပ် ၅၀,ဝဝဝ နှုန်းနဲ့ ဝယ်ယူပြီး ၁၃-၈-၂၀၁၈ ရက်ကနေ ၁၇-၈- ၂၀၁၈ ရက်အထိ နောက်ဆုံးထား ဝယ်ယူရမှာ ဖြစ်ပါတယ်။အဆိုပြု လျှောက်လွှာတွေကို သတ်မှတ်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်ပြီး လျှောက်လွှာတန်ဖိုးကို ပြန်ထုတ်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
အိတ်ပိတ်အဆိုပြုလွှာတွေကို ၇-၉-၂၀၁၈ ရက်နေ့ နေ့လယ် ၁၂းဝဝ နာရီမတိုင်ခင် အခန်းအ မှတ် ၂၂၂၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလုံလမ်း၊ ဒဂုံမြို့ နယ်မှာ တင်သွင်းရမှာဖြစ်ပြီး ဝ၉ ၄၄၈၁၄၄၇၄၄၊ ဝ၉-၄၄၈၁၄၄၇၅၅ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။
Ref : Kumudra
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ