By The Kumudra, Shweproperty.com
Updated at 21 June 2016
အစိုးရအိမ်ရာစီမံကိန်းတွေ ရောင်းချပေးတဲ့အခါ လိုအပ်တဲ့သူတွေလက်ထဲ ရောက်ရှိဖို့လိုပြီး တစ်ဆင့်ပြန်ရောင်းချတဲ့ ဈေးကွက် မဖြစ်အောင် ပြုလုပ်သင့်သလို ပြန်လည်ဝယ်ထားသူတွေလည်း နစ်နာမှုရှိနိုင်တယ်ဆိုတာမျိုး တရားဝင်ထုတ်ပြန်ထားသင့်တယ်လို့ သိရပါတယ်။
အသစ်ဆောက်လုပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ယူဖို့စိတ်ဝင်စားနေကြပြီး ပြင်ပကနေ ဝယ်ယူချင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ အရင်က ရောင်းချခဲ့တဲ့ အိမ်ရာတွေမှာ ဝန်ထမ်းတွေကို ဦးစားပေးတာများပြီး တစ်ဆင့်ပြန်ရောင်းချတဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက "အရင်အိမ်ရာတွေ တုန်းကပြန်ရောင်းခွင့် မရှိဘူးဆိုပေမဲ့ ပြင်ပမှာ ပြန်ရောင်းတဲ့ ဈေးကွက်တော့ များ ပါသေးတယ် ၊ တစ်ခုက တကယ်နေဖို့ လိုအပ်နေသူတွေကို ဘယ်လိုစိစစ်ပြီး ရောင်းချပေးမလဲဆိုတာ နီးစပ်ရာသိတာမျိုး မဟုတ်ဘဲ အားလုံးသိဖို့ လိုတယ်" လို့ပြောပါတယ်။
အိမ်ရာဝယ်ယူခွင့်လျှောက်တဲ့အခါမှာ အရင်က နေရာလွဲမှားပြီး လျှောက်မိတာ၊ မဲစနစ်နဲ့ရောင်းချတဲ့အခါ အမှန်တကယ်လိုအပ်နေသူတွေ မပါတာမျိုး ကြုံခဲ့ရဖူးသူတွေနဲ့ အကျိုးဆောင်တချို့က ပြောပါတယ်။
လက်ဆင့်ကမ်းဝယ်ယူထားသူတွေအနေနဲ့လည်း ပိုင်ဆိုင်မှု မခိုင်မာတာကြောင့် ပြသနာတစ်ခုခုဖြစ်ရင် ဆုံးရှုံးနစ်နာနိုင်တယ်လို့ လည်းသိရပါတယ်။
ဒါပေမဲ့ ဈေးကွက်ထဲမှာ ပြင်ပက မဲပေါက်ပြီး ဝယ်သူတွေသာမက အစိုးရဝန်ထမ်းမဲပေါက်သူတွေပါ တစ်ဆင့်ခံ အမြတ်ယူရောင်းချ တာတွေရှိပါတယ်။ စီမံကိန်းမပြီးခင်ကတည်းက အကျိုးဆောင်ကတစ်ဆင့် တရားဝင်တစ်ဆင့်ခံ ရောင်းချတာတွေမျိုး ပြုလုပ်ခဲ့ကြတာပါ။
စီးပွားရေးနှင့် ဥပဒေလမ်းညွန် ဦးတင်သန်းဦးက "ဒါက တကယ်တော့ ထိန်းချုပ်ရခက်တဲ့ကိစ္စတွေပါ၊ အမှန်တကယ်တော့ ရောင်းချခွင့် မှရှိဘူး၊ နောက်ထပ်အိမ်ရာတွေကို ဘယ်လိုထိန်းချုပ်မလဲ စောင့်ကြည့်ရမှာပါ" လို့ပြောပါတယ်။
အစိုးရရောင်းချတဲ့အိမ်ရာတွေရဲ့ မြေအမျိုးအစားတွေက ပါမစ်မြေတွေဖြစ်ပြီး လွှဲပြောင်းရောင်းချခွင့်မရှိတာကြောင့် ဝယ်ယူသူတွေအနေနဲ့ ဆုံးရှုံးနိုင်တယ်လို့ သိရတယ်။
တန်ဖိုးမျှတအိမ်ရာတွေကို လေးနှစ်အတွင်း တစ်ဆင့်ပြန်ရောင်းချရင် သက်ဆိုင်ရာဝန်ကြီးဌာနက အခန်းပြန်သိမ်းမယ့် ဥပဒေတွေ စာချုပ်ထဲမှာ ပါတာကြောင့် ဥပဒေအရ တကယ်အရေးယူရင် တစ်ဆင့်ခံ ဝယ်ယူသူတွေ ပိုထိခိုက်နိုင်တာဖြစ်တယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "ပထမ တစ်ခါလဲ ကြုံခဲ့ဖူးတာကြောင့် ဌာနဆိုင်ရာတွေက နမှုနာပြန်ယူပြီး အခုအသစ်တွေမှာ ဘယ်လိုမျိုးပုံစံနဲ့ စိစစ်နိုင်မလဲ ၊ ပြုလုပ်နိုင်မလဲဆိုတာ နည်းလမ်းပြုလုပ်ထားသင့်တယ်" လို့ပြောပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ