By Sint Sint, Shweproperty.com
Updated at 27 November 2020
Unicode
မီတာခတွေအများကြီးပေးရလို့ စိတ်ညစ်နေတယ်ဆိုရင် လျှပ်စစ်မီးကို အသုံးမပြုဘဲ သဘဝအလင်းရောင်ကိုအဓိကထားပြီး သုံးစွဲရမှာဖြစ်ပါတယ်။
အိမ်မှာ သဘာဝအလင်းရောင်ရရှိအောင် ဘယ်လို လုပ်ရမလဲဆိုတာအရေးကြီးပါတယ်။
ကဲ ကိုယ်နေထိုင်တဲ့ အိမ်ခန်းထဲကို သဘာဝ အလင်းရောင် ရရှိဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ လေ့လာကြည့်ရအောင်။
(၁) ပြတင်းပေါက် အနီးတစ်ဝိုက်ကို ရှင်းလင်းပါ။
ပြတင်းပေါက် အနီးတစ်ဝိုက်မှာ ပစ္စည်းတွေနဲ့ ရှုပ်ပွနေမယ်ဆိုရင် အလင်းရောင် ကောင်းကောင်းရရှိဖို့ မလွယ်ကူသလို စိတ်ကိုလည်း ရှုပ်ထွေးစေနိင်ပါတယ်။ပြီးတော့ ပြတင်းပေါက်ရှေ့မှာ အလင်းရောင်ကို ကွယ်စေတဲ့ ပရိဘောဂတွေရှိပါက ဖယ်ရှားပစ်စေချင်ပါတယ်။ ပြတင်းပေါက်ဘေးဘက်မှာ နံရံကပ်စင်တို့ ဖန်နဲ့ပြုလုပ်ထားတဲ့ အရာဝတ္ထုတို့ ထားမယ်ဆိုရင် အလင်းပြန်နိုင်တာကြောင့် အိမ်ထဲကို အလင်းများများ ဝင်ရောက်နိုင်မှာပါ။
(၂) မှန်ကို နည်းလမ်းတကျ အသုံးချပါ။
မှန်နဲ့ အခြား အလင်းပြန်နိုင်တဲ့ မျက်နှာပြင်တွေက အလင်းရောင် နှစ်ဆထွက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
ဒါ့ကြောင့် ပြတင်းပေါက်နားက နံရံတွေမှာ မှန်၊ အလင်းပြန်နိုင်တဲ့ Metal နဲ့ ပြုလုပ်ထားတဲ့ အလှဆင်ပစ္စည်းတွေ ချိတ်ဆွဲပေးတာတို့ ပြုလုပ်ပေးနိုင်ပါတယ်။ဒီလို ပြုလုပ်ပေးခြင်းက အိမ်တစ်အိမ်လုံးကို အလင်းရောင် ပျံနှံ့စေမှာပါ။
(၃) ပရိဘောဂတွေရဲ့ အရောင်
ပရိဘောဂပစ္စည်းတွေ ဝယ်ယူတာပဲ ဖြစ်ဖြစ် အိမ်မှာ အလှဆင်တာပဲ ဖြစ်ဖြစ် လင်းတဲ့ အရောင်မျိုးကို ရွေးချယ်ပေးပါ။အဖြူရောင်နဲ့ အရောင်ဖျော့တွေက သဘာဝအလင်းရောင်ကို အလင်းပြန်နိုင်တာကြောင့် အခန်းကို အမြဲ လင်းနေစေမှာပါ။အညိုရောင်နဲ့ အနက်ရောင်ကတော့ အလင်းတွေကို စုပ်ယူပစ်တာကြောင့် အခန်းကို လင်းနေစေမှာ မဟုတ်ပါဘူး။
(၄) ပြတင်းပေါက်တွေကို တစ်လတစ်ခါ ပုံမှန်သန့်ရှင်းပေးပါ။
ပြတင်းပေါက်မှန်တွေက ဖုန်တွေတက်ပြီး ဝါးနေမယ်ဆိုရင် အလင်းရောင် ကောင်းကောင်းဝင်ဖို့ မဖြစ်နိုင်ပါဘူး။
ဒါ့ကြောင့် ပြတင်းပေါက်မှန်တွေကို တစ်လ တစ်ခါပဲ ဖြစ်ဖြစ် သန့်ရှင်းပေးမယ်ဆိုရင် အိမ်ထဲကို သဘာဝ အလင်းရောင် ကောင်းကောင်း ဝင်နိုင်မှာပါ။ပြတင်းပေါက်မှန်မှ မဟုတ်ဘဲ အခြား အလင်းဝင်နိုင်တဲ့ မှန်တွေကို သန့်ရှင်းပေးဖို့ လိုအပ်ပါမယ်။
ကဲ ဒီနည်းလမ်းတွေကို သိထားပြီးပြီဆိုတော့ ဒီအတိုင်းလုပ်ကြည့်ရင် မီတာခ သက်သာစေမှာဖြစ်ပါတယ်။
ဖတ်ရှုမှုအများဆုံး အိမ်ခြံမြေဆောင်းပါးများ
ဆရာဇင်ယော်နီပြောပြတဲ့ သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ
သင့်ကို နေထိုင်မကောင်းဖြစ်စေတာ အိမ်တွင်းရှိ ဒီအချက် (၇)ချက်ကြောင့် ဖြစ်နိုင်
နွေရာသီတွင် AIR CON မလို မီတာခ တက်စရာမလိုပဲ နေအိမ်အား အေးအောင် ပြုလုပ်နည်းများ
Zawgyi
မီတာခေတြအမ်ားႀကီးေပးရလို႔ စိတ္ညစ္ေနတယ္ဆိုရင္ လွ်ပ္စစ္မီးကို အသုံးမျပဳဘဲ သဘဝအလင္းေရာင္ကိုအဓိကထားၿပီး သုံးစြဲရမွာျဖစ္ပါတယ္။
အိမ္မွာ သဘာဝအလင္းေရာင္ရရွိေအာင္ ဘယ္လို လုပ္ရမလဲဆိုတာအေရးႀကီးပါတယ္။
ကဲ ကိုယ္ေနထိုင္တဲ့ အိမ္ခန္းထဲကို သဘာဝ အလင္းေရာင္ ရရွိဖို႔ ဘယ္လိုလုပ္ရမလဲ ဆိုတာ ေလ့လာၾကည့္ရေအာင္။
(၁) ျပတင္းေပါက္ အနီးတစ္ဝိုက္ကို ရွင္းလင္းပါ။
ျပတင္းေပါက္ အနီးတစ္ဝိုက္မွာ ပစၥည္းေတြနဲ႔ ရႈပ္ပြေနမယ္ဆိုရင္ အလင္းေရာင္ ေကာင္းေကာင္းရရွိဖို႔ မလြယ္ကူသလို စိတ္ကိုလည္း ရႈပ္ေထြးေစနိင္ပါတယ္။ၿပီးေတာ့ ျပတင္းေပါက္ေရွ႕မွာ အလင္းေရာင္ကို ကြယ္ေစတဲ့ ပရိေဘာဂေတြရွိပါက ဖယ္ရွားပစ္ေစခ်င္ပါတယ္။ ျပတင္းေပါက္ေဘးဘက္မွာ နံရံကပ္စင္တို႔ ဖန္နဲ႔ျပဳလုပ္ထားတဲ့ အရာဝတၳဳတို႔ ထားမယ္ဆိုရင္ အလင္းျပန္ႏိုင္တာေၾကာင့္ အိမ္ထဲကို အလင္းမ်ားမ်ား ဝင္ေရာက္ႏိုင္မွာပါ။
(၂) မွန္ကို နည္းလမ္းတက် အသုံးခ်ပါ။
မွန္နဲ႔ အျခား အလင္းျပန္ႏိုင္တဲ့ မ်က္ႏွာျပင္ေတြက အလင္းေရာင္ ႏွစ္ဆထြက္ေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။
ဒါ့ေၾကာင့္ ျပတင္းေပါက္နားက နံရံေတြမွာ မွန္၊ အလင္းျပန္ႏိုင္တဲ့ Metal နဲ႔ ျပဳလုပ္ထားတဲ့ အလွဆင္ပစၥည္းေတြ ခ်ိတ္ဆြဲေပးတာတို႔ ျပဳလုပ္ေပးႏိုင္ပါတယ္။ဒီလို ျပဳလုပ္ေပးျခင္းက အိမ္တစ္အိမ္လုံးကို အလင္းေရာင္ ပ်ံႏွံ႔ေစမွာပါ။
(၃) ပရိေဘာဂေတြရဲ႕ အေရာင္
ပရိေဘာဂပစၥည္းေတြ ဝယ္ယူတာပဲ ျဖစ္ျဖစ္ အိမ္မွာ အလွဆင္တာပဲ ျဖစ္ျဖစ္ လင္းတဲ့ အေရာင္မ်ိဳးကို ေ႐ြးခ်ယ္ေပးပါ။အျဖဴေရာင္နဲ႔ အေရာင္ေဖ်ာ့ေတြက သဘာဝအလင္းေရာင္ကို အလင္းျပန္ႏိုင္တာေၾကာင့္ အခန္းကို အၿမဲ လင္းေနေစမွာပါ။အညိဳေရာင္နဲ႔ အနက္ေရာင္ကေတာ့ အလင္းေတြကို စုပ္ယူပစ္တာေၾကာင့္ အခန္းကို လင္းေနေစမွာ မဟုတ္ပါဘူး။
(၄) ျပတင္းေပါက္ေတြကို တစ္လတစ္ခါ ပုံမွန္သန႔္ရွင္းေပးပါ။
ျပတင္းေပါက္မွန္ေတြက ဖုန္ေတြတက္ၿပီး ဝါးေနမယ္ဆိုရင္ အလင္းေရာင္ ေကာင္းေကာင္းဝင္ဖို႔ မျဖစ္ႏိုင္ပါဘူး။
ဒါ့ေၾကာင့္ ျပတင္းေပါက္မွန္ေတြကို တစ္လ တစ္ခါပဲ ျဖစ္ျဖစ္ သန႔္ရွင္းေပးမယ္ဆိုရင္ အိမ္ထဲကို သဘာဝ အလင္းေရာင္ ေကာင္းေကာင္း ဝင္ႏိုင္မွာပါ။ျပတင္းေပါက္မွန္မွ မဟုတ္ဘဲ အျခား အလင္းဝင္ႏိုင္တဲ့ မွန္ေတြကို သန႔္ရွင္းေပးဖို႔ လိုအပ္ပါမယ္။
ကဲ ဒီနည္းလမ္းေတြကို သိထားၿပီးၿပီဆိုေတာ့ ဒီအတိုင္းလုပ္ၾကည့္ရင္ မီတာခ သက္သာေစမွာျဖစ္ပါတယ္။
ဖတ္ရႈမႈအမ်ားဆုံး အိမ္ၿခံေျမေဆာင္းပါးမ်ား
ဆရာဇင္ေယာ္နီေျပာျပတဲ့ သင့္အခန္းနံရံမွာ ဘာပန္းခ်ီကားခ်ိတ္မလဲ
သင့္ကို ေနထိုင္မေကာင္းျဖစ္ေစတာ အိမ္တြင္းရွိ ဒီအခ်က္ (၇)ခ်က္ေၾကာင့္ ျဖစ္ႏိုင္
ေႏြရာသီတြင္ AIR CON မလို မီတာခ တက္စရာမလိုပဲ ေနအိမ္အား ေအးေအာင္ ျပဳလုပ္နည္းမ်ား
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ