By Ra Wai, Shweproperty.com
Updated at 27 September 2021
အိမ်တစ်အိမ်မှာ မိသားစုးပျော်ရွှင်နေဖို့အတွက်က ဘာတွေလို့အပ်လဲ? အိမ်တစ်အိမ်မှာ မိသားစု ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အိမ်တွင်းသန့်ရှင်းရေးဟာအလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် အိမ်တွင်းပစ္စည်းတွေကို မကြာခဏ သူ့အချိန်နဲ့သူ ပုံမှန်သန့်ရှင်းပေးဖို့လိုပါတယ်။ ဘယ်လိုပစ္စည်းတွေလို ဘယ်လောက်ကြာ တစ်ခါ သန့်ရှင်းပေးဖို့လိုလဲဆိုတာကိုဖော်ပြပေးပါမယ်။ အိပ်ရာခင်း အိပ်ရာခင်းတွေကိုတော့ တစ်ပတ် တစ်ခါဆိုသလို ရေနွေး ပူနဲ့ လျော်ဖွတ်ဖို့လိုအပ်ပါတယ်။အိပ်ရာခင်းမှာ ကပ်နေတဲ့ ဖုန်တွေ ဘက်တီရီးယားတွေဟာ အရေပြားဓာတ်မတည့်မှုတွေအပြင် ပန်းနာရင်ကျပ်စတာတွေကိုဖြစ်စေပါတယ်။ မွေ့ရာ မွေ့ရာလည်း ခေါင်းအုံးလိုပါပဲ ၃လ ကနေ ၆လကြား တစ်ကြိမ်တော့လျော်ဖွတ်သင့်ပါတယ်။ ခေါင်းအုံး ခေါင်းအုံး တွေကိုတော့ ၃ လ ကနေ ၆ လ ကြားတကြိမ်လျော်ဖွတ်ပေးသင့်ပါတယ်။ခေါင်းအုံးမှာလဲ ဖုန်မှုန့်တွေ ဘက်တီးရီးယားတွေပေါက်ဖွား တဲ့အတွက် ရေနွေးနဲ့လျော်ဖွတ်ပေးပါ။မျက်နှာ ဝက်ခြံပေါက်တတ်သူတွေအဖို့ ၂ ပတ်ခြား တစ်ခါ ဆိုသလို လျော်ဖွတ်ပေးသင့်ပါတယ်။ လိုက်ကာ လိုက်ကာခန်းစီးတွေကိုလဲ တစ်နှစ် ကို နှစ်ကြိမ် ရေနွေးနဲ့လျော်ပေးပါ။ လေဝင်လေထွက်များတဲ့နေရာက လိုက်ကာတွေဆို တစ်ပတ်တစ်ကြိမ်လျော်ဖွတ်ပေးသင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးသူတွေဆို တနှစ် နှစ်ကြိမ် ရေနွေးနဲ့လျော်ပေးသင့်ပါတယ်။ အဝတ်လျော်စက် အဝတ်လျော်စက် ကိုလည်းသန့်ရှင်းဖို့လိုပါတယ်။အဝတ်လျော်စက်ကို ရှာလကာရည် မုန့်ဖုတ်ဆော်ဒါ စတာတွေနဲ့ လတိုင်း သန့်ရှင်းဆေးကြောပေးပါ။ ပြတင်းတံခါးများ ပြတင်းတံခါးတွေကိုတော့ တစ်နှစ် နှစ်ကြိမ်အနည်းဆုံး သန့်ရှင်းပေးပါ။ ပြတင်းတံခါးတွေကို အိမ်အတွင်း အပြင် နှစ်ဘက်လုံးသန့်ရှင်းပေးပါ။ ရေမြှုပ်ပေါ် ဆပ်ပြာအပျော့စားနဲ့ ဆေးကြောပြီး အခြောက်သုပ်ပေးပါ။ အိမ်သာ အိမ်သာ သန့်ရှင်းရေးကိုတော့ တစ်ပတ်ကိုတစ်ကြိမ်တော့ အနည်းဆုံးပြုလုပ်သင့်ပါတယ်။ ဒီအချက်တွေကို သေချာ ဆောင်ရွက်ပြီး ပျော်ရွှင်စရာ မိသားစုလေးကို ဖန်တီးလိုက်ပါ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ သန့်ရှင်းရေးလုပ်ဖို့ သတိမထားမိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေရဲ့ အန္တရာယ် သန့်ရှင်းရေးပုံမှန်မလုပ်ရင် ကျန်းမာရေးကို ထိခိုက်လာစေတဲ့ အိမ်သုံးပစ္စည်းများ သင့်အိမ်နှင့်သင့်ကျန်းမာရေး Credit By: Phoenix-Emperor Posted By: Ra Wai, ShweProperty.com
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ