By Aye Sandar, Shweproperty.com
Updated at 3 February 2021
နာဆာအဖွဲ့ရဲ့ လေ့လာတွေ့ရှိမှုအရ သိပ္ပံအမည် “Ananas comosus “ လို့ မှည့်ခေါ်ပြီး နာနတ်သီးလို အသိများတဲ့ အရည်လည်းရွှမ်း အရသာရှိတဲ့ နာနတ်ပင်ကို အိပ်ခန်းထဲ စိုက်ပျိုးထားရှိခြင်းဖြင့် အိပ်နေစဉ်ဟောက်တတ်ခြင်းရန်မှ တားဆီးပေးနိုင်ပါသည်ဟု ဆိုသည်။ ဒါ့အပြင် အခန်းတွင်းအောက်ဆီဂျင်ပမာဏကို တိုးပွားစေနိုင်ရုံသာမကဘဲ လေ့လာစမ်းသပ်မှုများအရ ညအချိန်တွင်ပါ အောက်ဆီဂျင်ဓာတ်ကို ထုတ်လွှတ်ပေးသည်ဟု သိရသည်။ အိမ်ခန်းတွင်း လေသန့်စင်ပေးပြီး နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်လို့ စိုက်ပျိုးသင့်သော အပင်ဖြစ်ပါသည်။ ၂ နှစ်သက်တမ်းရှိအပင်အိုးကို အိမ်ခန်းထဲပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီး အပူပိုင်းဒေသပေါက်ပင်ဖြစ်တဲ့အတွက် အကြမ်းခံကာ ထိန်းသိမ်းရလည်း လွယ်သည်။ ဒါ့အပြင် လေသန့်ပေးနိုင်တဲ့ နာနတ်ပင်မှ နာနတ်ရွက်သည်လည်း တိုင်းရင်းဆေးဖက်ဝင်သေးသည်။ ၁။ နာနတ်ရွက် ၁ ရွက်ကို ထုထောင်းပြီးညှစ်ရည်(သတ္တုရည်)၊ သကြားဟင်းခပ်ဇွန်း ၁ ဇွန်းစာ ထည့်ပြီး သောက်ပေးပါက ကြို့ထိုးခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။ ၂။ အမျိုးသမီးများ မီးယပ် သွေးချုပ်ခြင်း၊ မီးယပ်ငုတ်ခြင်းကို ဖယ်ရှားပေးကာ မီးယပ်သွေးကို မှန်ကန်စေပါသည်။ ၃။ ကလေးတွေအတွက် အရွက်ညှစ်ရည်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက်တိုက်ပေးပါက ဝမ်းတွင်းက သန်ကောင်၊ တုတ်ကောင်တွေကိုပါ သေစေပါသည်။ (ဆေးကြောက်တဲ့ ကလေးငယ်များအတွက် နာနတ်သီးနဲ့ ပျားရည်ရောစပ်ကာ သန်ချနိုင်သေးတယ်) ၄။ အလှအပကျန်းမာရေးအတွက် လူအတော်များများ စိတ်ညစ်ကြရတဲ့ Confidence Level ကိုပါ လျော့ကျစေသော သန်း၊ ဗောက် များအတွက် အသုံးပြုနေကျခေါင်းလျော်ရည်ထဲ နာနတ်ရွက်ထုချေရောစပ်ပြီး လျှော်ပေးလိုက်ခြင်းဖြင့် ပျောက်ကင်းစေပါသေးသည်။ ဆံပင်ပါ ပျော့ပျောင်းသွားသည်ကို တွေ့ရပေမည်။ (၅) နောက်တစ်ချက်ကတော့ ဇက်ကြောတက်သူတွေ၊ အညောင်းအညာသမားတွေ ညအိပ်ရာဝင်ခါနီး နာနတ်ရွက်ကိုထုချေကာ ဆားနဲ့ ရောပြီး ခြေထောက်ကို ပွတ်ပေးပြီး ရေလောင်းပေးလိုက်ခြင်းဖြင့် အံ့ဖွယ် အပူတွေထွက်လို့ အညောင်းအညာဇက်ကြောတက်တာတွေပါ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်အိမ်မှာ ဒီအပင်တွေရှိရဲ့လား အိမ်တွင် ပင်စိမ်းပင် စိုက်ထားသင့်သော အကြောင်းအရင်း အိမ်တိုင်း အိမ်တိုင်းမှာ စိုက်ထားသင့်သော ရှားစောင်းလက်ပတ် အစွမ်းအံ့မခန်း နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ