အိမ်ဆိုတာ သာယာလှပတဲ့နေရာလေးအဖြစ် အားလုံးကပုံဖော်ထားကြတာပါ။ ပြီးတော့ မိမိအိမ်လေးတွေကို ကံကောင်းခြင်းတွေ ပြည့်နေတဲ့နေရာလေးတွေပဲ ဖြစ်စေချင်ကြတယ်လေ။ 

နိုင်ငံတကာမှာတော့ ဒီအချက်တွေရှိနေရင် အိမ်မှာ ကံမကောင်းခြင်းတွေရောက်ရှိလာပြီး လာဘ်တိတ်တယ်လို့ အယူရှိကြပါတယ်။

၁။ မှန်အကွဲများ

ကွဲအက်နေတဲ့မှန်တွေ၊ မှန်အကွဲအရှတွေ အိမ်ထဲမှာရှိနေရင် အိမ်ကလူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ဆိုပြီး တစ်ချို့က အယူရှိကြပါတယ်။

၂။ နာရီပျက်များ

နာရီဆိုတာ အမြဲသွားနေသင့်တဲ့အရာဖြစ်တဲ့အတွက် နာရီပျက်တွေဟာ လာဘ်တိတ်တယ်၊ ကံမကောင်းဘူးဆိုပြီး ပစ်ထုတ်လေ့ရှိပါတယ်။ နာရီကောင်းတစ်ခု ဘက်ထရီကုန်သွားရင်တောင် ချက်ချင်းလဲသင့်ပါတယ်တဲ့။

၃။ညှိုးခြောက်နေတဲ့ပန်းတွေ

အသက်မရှိသလိုဖြစ်နေတဲ့ အသွင်ကိုဆောင်စေတဲ့အတွက် အလှဆင်ထားတဲ့ပန်းတွေညှိုးသွားတာနဲ့ လဲပေးသင့်ပါတယ်တဲ့။ အချို့ဆိုရင် ကမာခွံ၊ ခရုခွံစတဲ့ အသက်မရှိတဲ့အခွံတွေကို အိမ်ထဲမှာထားတာ မကောင်းဘူးဆိုပြီး အယူသီးတတ်ကြပါတယ်။



၄။ ထီးတွေကို ဖွင့်ထားတာ

တစ်ချို့က အပြင်ကပြန်လာပြီးရင် ထီးတွေကိုအိမ်ထဲမှာဖွင့်ပြီး အခြောက်ခံလေ့ရှိပါတယ်။ ရှေးဟောင်း အီဂျစ်တွေကတော့ ဒါမျိုးအပြင်ကမိုးဒဏ်ကိုကာကွယ်တဲ့အရာတွေကိုဖွင့်ထားတာဟာ အိမ်မှာရှိတဲ့အစောင့်တွေက မကာကွယ်နိုင်လို့အိမ်ထဲမှာပါ ဆက်ဖွင့်ထားတယ်လို့ယူဆတဲ့အတွက် မကြိုက်ကြပါဘူး။ 

၅။ ပုဆိန်စတဲ့လက်နက်တွေကို နံရံမှာချိတ်တာ

တစ်ချို့ကတော့ ရဲစွမ်းသတ္တိကိုပြတဲ့အနေနဲ့ အိမ်နံရံမှာ လက်နက်တွေချိတ်ပြီး အလှဆင်တတ်ပါတယ်။ ဒါပေမယ့် လက်နက်တွေဟာ သေခြင်းတရားနဲ့ဆက်စပ်နေတဲ့အတွက် ကံဆိုးစေတယ်ဆိုပြီး ယူဆတဲ့သူတွေလည်းရှိပါသေးတယ်။

၆။ အနီရောင်နဲ့အဖြူရောင်ပန်းများ

အိမ်မှာအလှပန်းအိုးတွေထိုးတယ်ဟုတ်?? အချို့ကတော့ အနီရောင်နဲ့အဖြူရောင်ပန်းများကိုတွဲစပ်ပြီးပန်းအိုးထိုးတာဟာ ကျန်းမာရေးထိစေတယ် ကံမကောင်းဘူးလို့အယူရှိကြပါတယ်။

ဒါတွေကတော့ ကမ္ဘာတဝှမ်းက အိမ်နဲ့ပတ်သက်ပြီး အယူသီးတတ်ကြတာလေးတွေအများကြီးထဲက အချို့ပါ။ ဒီမှာတော့ အယူသီးတဲ့သူရှိသလို အယူမသီးတဲ့သူတွေလည်းရှိတော့ ဘယ်အချက်လေးတွေကို သတိထားပြီးရှောင်ဖြစ်ကြလဲဆိုတာ ပြောသွားကြပါဦးနော်။ 

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဖုန်းရွှေနှင့် ညီသောအိမ်

လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်

လူနေတိုက်ခန်းများ ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင် အတွက် ပိုင်ဆိုင်မှု အာမခံချက်မရှိ

အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုရန်မြေပုံကူးလျှောက်ထားခြင်း

Credit By: Brilliance Mansion
Posted By : Ra Wai (ShweProperty.com)