By Aye Sandar, Shweproperty.com
Updated at 4 February 2021
အိမ်၊ အဆောက်အအုံအိုးအိမ်များတည်ဆောက်ရာတွင် သုံးသည့် အုတ်ကောင်းမကောင်း ဘယ်လိုအချက်တွေနဲ့ ခွဲခြားစိတ်ဖြာနိုင်သလဲဆိုတဲ့ အကြောင်းအရာကို ဝေမျှပေးသွားပါမည်။အသုံးပြုမည့် အုတ်တစ်ချပ် ကောင်းမကောင်း အောက်ပါနည်းလမ်းများ အသုံးပြုပြီးစမ်းသပ်နိုင်ပါသည်။ (1) ရေစုပ်ယူမှု (Absorption test) (2) ဖိအားခံနိုင်မှု (Crushing strength test) (3) မာကြောမှု (Hardness test) (4) ပုံစံနှင့် အရွယ်အစား (Shape and size) (5) အရောင် (Color test) (6) အသံကောင်းမွန်မှု (Soundness test) (7) ဖွဲ့စည်းပုံ (Structure of brick) (8) ဆားပေါက်မပေါက် (Presence of soluble salts) (efflorescence test) စတဲ့အချက်များကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါသည်။ (1) Absorption test ရေစုပ်ယူမှုက အုတ်တစ်ချပ်အနေနှင့် ဘယ်လောက်ရေစုပ်ယူသလဲ ဆိုတာကို ကြည့်တာပါ။ အုတ်တစ်ချပ်ကိုယူ အလေးချိန်ချိန်ပြီး ရေထဲ ၂၄နာရီ စိမ်ထားရပါမည်။ အလေးချိန်ပြန်ချိန်ကြည့်တဲ့အခါ ရေစုပ်ယူလို့ တိုးလာတဲ့ အလေးချိန်က မူလအလေးချိန်ရဲ့ ၂၀% မကျော်ရဘူး ဆိုလိုခြင်းဖြစ်သည်။ (2) Crushing test ဖိအားခံနိုင်မှုက အုတ်တစ်ချပ်ကို ကွန်ကရစ်တုံးခွဲစမ်းသလို compression test machine မှာ ဖိပြီး စမ်းကြည့်တာပါပဲ။ ကျိုးသွားတဲ့ ဖိအားက 3.5N/mm2 ထက်မနည်းရဘူး ဆိုပါသည်။ (3) Hardness test မာကြောမှုက မာကြောတဲ့ အရာတစ်ခုနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရဘူးလို့ ဆိုပါသည်။ လုပ်ငန်းခွင်မှာ အများအားဖြင့် လက်သည်းနှင့် ခြစ်ကြည့်တာပါပဲ။ လက်သည်းနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရင် မာကြောတယ်လို့ ယူဆနိုင်ပါသည်။ (4) Shape and size ပုံစံနှင့် အရွယ်အစားမှာ ပုံစံအားဖြင့် စောင်းခြင်း၊ ရွဲ့ခြင်းမရှိ လေးထောင့်ကျပြီး အစွန်းအနားတွေဟာ ဖြောင့်တန်းညီညာနေရမည်။ အရွယ်အစားအားဖြင့် အုတ်ချပ်၂၀ လောက်ကို ကောက်ယူပြီး တိုင်းတာကြည့်တဲ့အခါ တစ်ချပ်နှင့် တစ်ချပ် တူညီမှု ရှိရမည်။ အတိုအရှည် အထူအပါး ကွဲပြားမှု မရှိရပါ။ (5) Color test အရောင်က အုတ်ချပ်တွေဟာ တူညီတဲ့ အရောင်ရှိရမှာဖြစ်ပြီး အုတ်ချပ်တစ်ချပ်မှာကို အရောင်အနုအရင့် ကွဲတာမျိုး မဖြစ်ရပါဘူး။ (6) Soundness test အသံကောင်းမွန်မှုက အုတ်၂ချပ်ကို ယူပြီး တစ်ချပ်နှင့်တစ်ချပ် ရိုက်ကြည့်ရာမှာ ပေါ့ပါးတဲ့ ချိုလွင်တဲ့အသံကြားရပါမယ်။ လေးလေးပင်ပင် ထုံတုံတုံ အသံမျိုး မရှိရပါဘူး။ (7) Structure of brick ဖွဲ့စည်းမှုက အုတ်ကို ချိုးကြည့်ပြီး ဒါမှမဟုတ် အုတ်ကျိုးကို ယူကြည့်တဲ့အခါ အုတ်ရဲ့အတွင်းသားမျက်နှာပြင်တွေက အက်ကြောင်းဖြစ်နေတာမျိုး မရှိ၊ တစ်သားထဲရှိနေရပါမည်။ (8) Efflorescence test ဆားပေါက်မပေါက်က အုတ်ကို ရေထဲ ၂၄နာရီစိမ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားတဲ့အခါ အုတ်ချပ်ပေါ်မှာ မီးခိုးရောင် အဖြူရောင် အမှုန်လေးတွေ ကပ်နေတာမျိုး တွေ့ရရင် အုတ်မှာ ဆားဓါတ်ပါသည်ဟု ဆိုနိုင်သည်။ ယခုပြောပြပေးသွားသည့် နည်းလမ်းများသည် ယေဘုယျအားဖြင့် စမ်းသပ်ကြည့်လို့ရတဲ့ နည်းလမ်းတွေပင်ဖြစ်ပါသည်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ဆောက်လုပ်ရေးလုပ်ငန်းသုံး အုတ်အမျိုးအစားများ ဒီနှစ်တွေမှာ အိမ်မဆောက်ပါနဲ့ PAE စနစ် နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ သစ်တွက်နည်း Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ