ကမ္ဘာပေါ်မှာရှိတဲ့လူသားအားလုံးရဲ့ လူဦးရေ(၃.၃)သန်းခန့်ဟာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်သေဆုံးနေရပါတယ်။ သန့်ရှင်းတဲ့လေထုတွေဟာကောင်းမွန်တဲ့ကျန်းမာရေးကိုပြုလုပ်ပေးနိုင်ပေမယ့် ညစ်ညမ်းတဲ့လေထုတွေကိုရှူမိတဲ့အခါမှာတော့ မလိုလားအပ်တဲ့ကျန်းမာရေးဆိုးကျိုးတွေကိုဖြစ်ပေါ်စေပါတယ်။
 
ဒါ့ကြောင့် မိမိအိမ်တွင်းမှာ လေထုညစ်ညမ်းမှုကင်းဝေးအောင် ကိုယ်တိုင်လုပ်ဆောင်နိုင်မယ့်နည်းလေးတွေကို ယခုလိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
 


(၁) ပြတင်းပေါက်များကိုအနည်းဆုံး(၁၅)မိနစ်ခန့်ဖွင့်ထားပေးပါ။ 
 
ပြတင်းပေါက်ဖွင့်ထားပေးခြင်းကလည်းအိမ်တွင်းလေထုအရည်အသွေးကိုမြင့်မားစေပြီးလေဝင်လေထွက်ကောင်းစေတဲ့ နည်းလမ်းတစ်ခုဖြစ် ပါတယ်။
 
(၂) အိမ်တွင်းအလှဆင်ပန်းပင်တွေကိုစိုက်ပျိုးပေးပါ။ 
 
အဲ့လိုစိုက်ပျိုးပေးခြင်းအားဖြင့် အိမ်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကိုစုပ်ယူပေးပြီး သန့်ရှင်းလတ်ဆတ်တဲ့ အောက်ဆီဂျင်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
 
(၃) မိမိအိမ်တွင်း လေအေးပေးစက် (Air Conditioner) ဖွင့်ထားပေးပါ။ 
 
လေအေးပေးစက်ထဲမှာရှိတဲ့ Filterကို မကြာခဏသန့်စင်ပေးခြင်းအားဖြင့် လေထုညစ်ညမ်းမှုကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။
 

 
(၄) ဖိနပ်တွေကိုအိမ်အပြင်မှာချွတ်ထားပေးပါ။
 
အပြင်ထွက်တိုင်းအမြဲတမ်းစီးတတ်တဲ့ခြေညှပ်ဖိနပ်နဲ့ရှူးဖိနပ်တွေကိုအိမ်မှာထဲထားတဲ့အခါမှာဖိနပ်မှာကပ်ပါလာတဲ့ဖုန်မှုန့်တွေနဲ့အခြားဘက်တီးရီးယားတွေက လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေတာကြောင့် ဖိနပ်တွေကို အိမ်အပြင်မှာပဲချွတ်ထားပေးသင့်ပါတယ်။
 
(၅) သဘာဝပစ္စည်းတွေနဲ့အိမ်ကိုသန့်ရှင်းပါ။
 
ရှာလကာရှည်၊ မုန့်ဖုတ်ဆိုဒါ စတဲ့အရာတွေနဲ့သန့်စင်ပေးမယ်ဆိုရင် အဆုတ်၊ လည်ချောင်း၊ နား၊ နှာခေါင်းနဲ့ဆိုင်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပြီး လေထုညစ်ညမ်းမှုအန္တရာယ်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။
 
(၆) ဒါ့အပြင်နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က မှို၊ ဘက်တီးရီးယားပိုးမွှားတွေ ကိုသေစေနိုင်တာကြောင့် အလင်းရောင်လုံလောက်စွာရရှိအောင် ခန်းစီးလိုက်ကာ ပြတင်းပေါက်တို့ကိုဖွင့်ထားပေးသင့်ပါတယ်။
 
(၇) Air Purifier အသုံးပြုပေးပါ။
 
Air Purifier ကိုအသုံးပြုပေးခြင်းအားဖြင့် လေထုထဲမှာရှိတဲ့အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေကိုစုပ်ယူပေးနိုင်ပြီး ပန်းနာရင်ကျပ်ရောဂါကိုလည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
 

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူများ 

သင့်အိမ်ထဲမှာ အညံ့တွေ ကင်းစင်ချင်ရင် လုံးဝ မထားသင့်တဲ့ ပစ္စည်း (၅) မျိုး 

ငါးကန် ရှိတဲ့အိမ်တိုင်းသတိပြုသင့်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အသက်အန္တရာယ် 

အိမ်ရှင်မတို့ ဒယ်အိုးနီဒယ်အိုးပြာအသုံးပြုသူများ သိထားရမည့် အချက် (၇) ချက်

 
Credit : Zifam Myanmar
Posted By : Sint Sint (ShweProperty.com)