By Shwe Kyaw, Shweproperty.com
Updated at 3 August 2021
စားသောက်စရာတွေ ဝယ်ထားပြီး မစားဘဲ အချိန်ကြာကြာထားတဲ့အခါ ပုပ်သိုးသွားတတ်ပါတယ်။ မီးဖိုချောင်တွင်းမှာ စားသောက်ကုန်တွေကို ပိုပြီး ကြာရှည်ခံအောင်နဲ့ ပျက်စီးပုပ်သိုးတာတွေ မရှိအောင် ဘယ်လို ထားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ (၁) စားသောက်ကုန်တွေ အထူးသဖြင့် အသီးအရွက်တွေကို ရေခဲသေတ္တာထဲ မထည့်ခင် ရေခဲသေတ္တာထဲက ပုပ်သိုးနေတာတွေ၊ စားသောက်ကုန် အဟောင်းတွေကို အရင် ဖယ်ရှားပြီး သန့်ရှင်းထားဖို့ လိုပါမယ်။ (၂) ဖြစ်နိုင်ရင် စားသောက်ကုန်တွေကို ပလတ်စတစ်ဘူးထဲ မထည့်ဘဲ ဖန်နဲ့ ပြုလုပ်ထားတဲ့ ဘူးတွေထဲ ထည့်ပြီး သိမ်းထားဖို့ တိုက်တွန်းပါတယ်။ပလက်စတစ်ဘူးတွေထက် ဖန်ဘူးတွေနဲ့ ထည့်ပြီး သိမ်းဆည်းထားမယ်ဆိုရင် စားသောက်ကုန်တွေ ပိုပြီး ကြာရှည်ခံနိုင်ပါတယ်။ (၃) အရွက်တွေကို ကြာရှည်ခံအောင် ပလက်စတစ် အိတ်ထဲမထည့်ခင် စက္ကူနဲ့ ပတ်ပြီး သိမ်းဆည်းပေးပါ။ (၄) နံနံပင်၊ ပင်စိမ်းစတဲ့ အပင်တွေကို ရေထဲမှာ စိမ်ထားပါ။ (၅) ငှက်ပျောသီးကို တာရှည်ခံအောင် အညှာထိပ်ကို ပလတ်စတစ်နဲ့ ပတ်ထားပေးပါ။ (၆) တစ်ခုသတိထားရမှာက ရေခဲသေတ္တာက မှန်ကန်တဲ့ အပူချိန်မှာ ထားရှိဖို့ လိုပါတယ်။ သင့်အိမ်က ရေခဲသေတ္တာ အပူချိန် မှန်လားမမှန်လားဆိုတာ တစ်ချက် ပြန်စစ်ကြည့်လိုက်ဦးနော်။ (၇) မှိုတွေကို စက္ကူအိတ်ထဲ ထည့်ပြီး သိမ်းဆည်းမယ်ဆိုရင် ပုံမှန်ထက် ကြာရှည်ခံမှာပါ။ (၈) ခရမ်းချဉ်သီးတွေကို ဇောက်ထိုးထားပါ။ ကဲ နည်းလမ်းလေးတွေ သိသွားပြီဆိုတော့ အိမ်က စားသောက်ကုန်တွေ အလဟဿမဖြစ်အောင် သိမ်းဆည်းရာမှာ အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်မှာ တပိုင်တနိုင် သီးပင်၊စားပင်လေးတွေ စိုက်ကြမယ် အိမ်တွင်းအပင်လေးတွေရဲ့ ကောင်းကျိုးများ သင့်ကျန်းမာရေး ကောင်းမွန်အောင် အိမ်မှာ ဒီပန်းပင် (၆)မျိုးကို စိုက်ပါ Written By: Shwe Kyaw (ShweProperty.com) Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ