By Ra Wai, Shweproperty.com
Updated at 12 August 2021
အိမ်ပြောင်းအိမ်ရွှေ့ လုပ်တော့မယ်ဆိုရင် ကွဲတတ်တဲ့ပစ္စည်းတွေကို ထုတ်ပိုးရတာ အတော်ခေါင်းစားတဲ့အလုပ်တစ်ခုပါ။ စနစ်တကျ မထုတ်ပိုးဘူးဆိုရင် ဆုံးရှုံးမှုရှိနိုင်ပါတယ်။ ဒါကြောင့် ကွဲတတ်တဲ့ပစ္စည်းတွေကို မကွဲအောင် ဘယ်လို ထုတ်ပိုးမလဲဆိုတာ အကြံပြုပေးလိုက်ပါတယ်။ အဝတ်အထည်တွေနဲ့ အိမ်ပရိဘောဂပစ္စည်းတွေကို ထုတ်ပိုးရတာ လွယ်ကူနိုင်ပေမယ့် အလွယ်တကူ ကွဲရှနိုင်တဲ့ ကြွေ၊ဖန်နဲ့ ပြုလုပ်ထားတဲ့ ပန်းကန်ခွက်တွေကို ထုတ်ပိုးတဲ့အခါမှာ ထင်သလောက် မလွယ်ကူပါဘူး။ဒီတစ်ခေါက်မှာတော့ အိမ်အသစ်ကို ဒီပစ္စည်းတွေ သယ်ယူတဲ့အခါ မကွဲမရှအောင် ဘယ်လို ထုတ်ပိုးရမလဲဆိုတာကို ဖော်ပြပေးပါ့မယ်။ (၁) စက္ကူပုံးပြင်ဆင်ထားပါ အလွယ်တကူ ကွဲနိုင်တဲ့ ပစ္စည်းတွေကို သယ်ယူရာမှာ စက္ကူပုံးက အကောင်းဆုံးပါ။ပန်းကန်တွေကို စက္ကူပုံးထဲ မထည့်ခင် အရင်ဆုံး စက္ကူစများများကို ပုံးအောက်ခြေမှာ ခင်းထားပါ။ တစ်နေရာနဲ့ တစ်နေရာ ရွှေ့ပြောင်းတဲ့အခါ စက္ကူစတွေက ဖန်ခွက်တွေကို မလှုပ်အောင် ထိန်းပေးထားနိုင်ပါတယ်။ (၂) ဖန်ခွက်တွေကို ထုတ်ပိုးတဲ့အခါ စက္ကူပုံးထဲကို ဖန်ခွက်တွေ ဒီတိုင်းထည့်လိုက်လို့ အဆင်မပြေနိုင်ပါဘူး။အရင်ဦးဆုံး ဖန်ခွက်ရဲ့ အောက်ခြေကို စက္ကူစနဲ့ ပတ်ပေးပါ။ပြီးမှ ဖန်ခွက်အပေါ်ပိုင်းကို ထပ်ပြီး စက္ကူစနဲ့ ရစ်ပတ်ပေးပါ။ဖန်ခွက်အားလုံးကို စက္ကူနဲ့ ပတ်ပေးဖို့ လိုပါမယ်နော်။ (၃) ပန်းကန်ပြားတွေကိုလဲ မေ့မထားပါနဲ့။ ကြွေပန်းကန်ပြားတွေကို စက္ကူကြီးကြီးနဲ့ ပတ်ပေးပါ။နှစ်ထပ်လောက်ပတ်ပေးပြီးတဲ့အခါ တစ်ခုနဲ့ တစ်ခု စနစ်တကျထပ်ပြီး စက္ကူပုံးထဲသို့ ထည့်ပါ။အားလုံးထည့်ပြီးသွားတဲ့အခါ စက္ကူပုံးကို အဖုံးမပိတ်ခင် စက္ကူတွေကို လုံးပြီး အပေါ်ယံမှာ ထပ်ထည့်ပေးဖို့ မမေ့ပါနဲ့။ (၄) အပေါ်ဆုံးမှာထားပါ။ အားလုံး ထုတ်ပိုးပြီးစီးသွားတဲ့အခါမှာ ပန်းကန်ခွက်ယောက်တွေ ထည့်ထားတဲ့ စက္ကူပုံးကို ပြောင်းရွှေ့မယ့် ပစ္စည်းတွေ အားလုံးရဲ့ အပေါ်ဆုံးထားဖို့ မမေ့ပါနဲ့။ကားပေါ်ကို ပစ္စည်းတွေတင်တဲ့အခါမှာ ပစ္စည်းတွေကို သတိထားပြီး သယ်ယူပါ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ လေလည်းသန့်၊ လာဘ်လည်းပွင့်စေတဲ့ အိမ်တွင်းစိုက်အပင်ငယ်များ အညံ့တွေပြုံစေလို့ အိမ်ပတ်ဝန်းကျင်တွင် မစိုက်သင့်သော အပင်တစ်ချို့ ဧည့်သည်များကိုပါ အထင်ကြီးသွားစေနိုင်မယ့် အိမ်ခန်း အပြင်အဆင် နေချင်စဖွယ်အိမ်လေးဖြစ်စေဖို့ရာ လက်ရန်းနှင့် လှေကားထစ်များ အလှဆင်နည်း Written By: Shwe Kyaw (ShweProperty.com) Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ