By The Kumudra, Shweproperty.com
Updated at 14 January 2015
လှိုင်သာယာမြို့နယ်က ထီးလှိုင်ရှင်တန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှာ အခန်းပေါင်း ၅၇၆ ခန်းပါဝင်မယ်လို့ သိရပါတယ်။
"အရင်ထီးလှိုင်ရှင်အိမ်ရာ စီမံကိန်းက အပိုင်း(၁)က လုံးချင်းတိုက်တွေ၊ အဲဒါတွေက ရောင်းပြီးပြီ၊ အခုရောင်းမှာက တိုက်ခန်းတွေ"လို့ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သည်စီမံကိန်းက လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းဘေးနဲ့ အောင်ဇေယျတံတား အဆင်းနားမှာ တည်ဆောက်နေတာပါ။
စီမံကိန်းတည်ဆောက်ပြီးသွားရင် နှစ်ခန်းတွဲ၊ လေးထပ် ၄၂လုံးနဲ့ အခန်းပေါင်း ၅၇၆ ခန်းရရှိမှာ ဖြစ်ပါတယ်။ လှိုင်သာယာ မြို့နယ်မှာ သည်စီမံကိန်းအပြင် ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ အပိုင်း(၂)၊ ရွှေလင်ပန်းအိမ်ရာ အပိုင်း(၃)၊ ထီးလှိုင်ရှင်အိမ်ယာနဲ့ ရွှေလင်ပန်းစက်မှုဇုန် အိမ်ယာတို့ကို တည်ဆောက် အကောင်အထည်ဖော် နေတယ်လို့ သိရပါတယ်။
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ