By Myanmar Builders Guide, Shweproperty.com
Updated at 3 June 2019
မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ၌ အိုင်စီတီနှင့် သက်ဆိုင်သည့် အချက်အလက်များ ထပ်မံပါဝင်လာမည်ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌဦးအောင်မြင့်က ပြောသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများကို၂၀၁၆ တွင် ထုတ်ပြန်ကာ အင်ဂျင်နီယာများကို လိုက်နာဆောင်ရွက်စေခဲ့သည်။
မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများတွင် ရေ၊ မီး အစရှိသည်တို့နှင့်ပတ်သက်သည့် လိုက်နာရန် စည်းကမ်းများပါဝင်ကြောင်း သိရှိသော်လည်း အိုင်စီတီနှင့်သက်ဆိုင်သော အချက်အလက်များ ပါဝင်လာမည်ဆိုသည့် အကြောင်းအရာများကို သိရှိထားခြင်း မရှိဟု ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးရောင်ခြည်က ပြောသည်။
‘‘ဒီဇိုင်းလုပ်တဲ့အခါ အင်ဂျင်နီယာတွေကို လိုက်နာဆောင်ရွက်ဖို့ အဆောက်အအုံတွေမှာ အိုင်စီတီနဲ့ပတ်သက်ပြီး အရမ်းအရေးကြီးလာပါတယ်။ သိပ်အရေးကြီးတဲ့အချိန်မှာ ဖုန်းဆက်လို့မရဘူး။ အိမ်ထဲရောက်နေတယ်။ တချို့အခန်းတွေထဲမှာ လိုင်းမသိတာဖြစ်လာတယ်။ အဆောက်အအုံတွေ ဆောက်တဲ့အခါမှာ ဘယ်လိုစံသတ်မှတ်ချက်တွေ ပါရမယ်ဆို တာ လိုအပ်လာပါတယ်’’ ဟု ဦးအောင်မြင့်က ပြောသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သည် တရုတ်နိုင်ငံအခြေစိုက် ဟွာဝေးနည်းပညာကုမ္ပဏီနှင့် နည်းပညာဆိုင်ရာ အကူအညီပေးရန် ဧပြီ၂၂ ရက်တွင် သဘောတူညီခဲ့သည်။
၂ နှစ်ကြာ သက်တမ်းရှိ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်၌ မျိုးဆက်သစ် အင်ဂျင်နီယာများ အရည်အသွေးမြှင့်တင်မှု အထောက်အပံ့ပေးရန်၊ အဆောက်အအုံများအတွင်း ကွန်ရက်လွှမ်းခြုံမှုထုတ်လွှင့်ရေး တိုးတက်လာရန်၊ Fiber to thehome (FTTH) စံချိန်စံညွှန်း မြင့်မားလာရေး ပူးပေါင်းဆောင်ရွက်ရန် အစရှိသည့်အချက်များ ပါဝင်သည်။
မြန်မာနိုင်ငံ အဆောက်အ အုံဆိုင်ရာ စည်းမျဉ်းများအနက် အိုင်စီတီဆိုင်ရာ အချက်အလက် များ ထပ်မံပါဝင်လာမည်ကို သတင်းစကားအရ သိရှိထားသော်လည်း ပါဝင်လာမည့် အသေးစိတ် အချက်အလက်များကို ဖတ်ရှုနိုင်ခြင်းမရှိသေးသဖြင့် သဘောထားမှတ် ချက်ပေးရန် ခက်ခဲသည်ဟုဆောက်လုပ်ရေး အင်ဂျင်နီယာနှစ်ဦးက ပြောသည်။
‘‘အဆောက်အအုံတွင်း ကွန်ရက်လွှမ်းခြံမှု ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး ထိပ်သီးအစည်းအဝေး (Myanmar Indoor Coverage Digitalization Summit) ကို ကျွန်တော်တို့ အဖွဲ့အစည်းနှစ်ခု(ဟွာဝေး)နှင့် ပူးပေါင်းကျင်းပသွားမှာပါ။ ဒီထိပ်သီးအစည်းအဝေးကနေ အဆောက်အအုံတွင်း ကွန်ရက်လွှမ်းခြုံရေး နည်းလမ်းအသစ်တွေကိုလည်း ရှာဖွေဖော်ထုတ်သွားမှာပါ’’ဟု ဦးအောင်မြင့်က ပြောသည်။
အဆောက်အအုံအတွင်း ကွန်ရက်လွှမ်းခြုံမှုများ ဒစ်ဂျစ်တယ်အသွင်းကူးပြောင်းရေး ထိပ်သီးအစည်းအဝေးပွဲကို မကြာမီ ကျင်းပမည်ဖြစ်ပြီး အဆောက်အအုံတွင်း ကွန်ရက်လွှမ်းခြုံမှုအရေးပါပုံနှင့် မြန်မာ FTTH နယ်ပယ်အတွက် စံချိန်စံညွှန်းများသတ်မှတ်ရန် လိုအပ်နေ ခြင်းကို ပွဲတော်က အသိပေးနိုင်ရန် မျှော်လင့်သည်ဟု ဟွာဝေးမြန်မာစီအီးအို Mr.Zhang Liman က ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ