By Sint Sint, Shweproperty.com
Updated at 27 December 2020
၃ မိနစ်အိုးလို့ပြောလိုက်တာနဲ့ ဈေးကွက်ထဲမှာ ၃ထောင်တန်လောက် ရေနွေးအိုးတွေ မျက်လုံးထဲပြေးမြင်မိတယ်။တန်လည်း တန်တာကိုး…ကျွန်တော်လည်း ၃ထောင်တန်ပဲသုံးတယ်လေ။အဲ့ပြဿနာက ကိုယ်တွေ့မှကိုယ်တွေ့စစ်စစ်….ဇာတ်လမ်းစပြောရရင် တစ်ညပေါ့ဗျာ။ ရေနွေးသောက်မယ်ဆိုပြီး ၃မိနစ်အိုးလေးကို ခလုတ်တန်းဖွင့်လိုက်တာပေါ့။ အရင်ကလည်း အဲ့လိုပဲ သုံးနေကြလေ။ Plug ကို တန်းထိုးထားပြီး ရေနွေးအိုးအတွက် သီးသန့် Socket တစ်ခု နဲ့ switch တစ်ခု ထားပေး ထားတာကိုး။အိမ်မှာက RCBO ရော sub MCB တွေပါ ခံထားတော့ ဘာမှစိတ်မပူရဘူးလေ။ ရာဇာနေဝင်းလိုပြောရရင် မျက်စိမှိတ်လို့ လက်နဲ့ကိုင်တောင် မင်းအတွက်ဘေးကင်းဆဲ….ဟီး…. ဇာတ်လမ်းပြန်ဆက်ရရင်…မိနစ်ပိုင်းလေးအတွင်းမှာပဲ ခွက်အောက်ကနေ မီးတောက်တွေ ဝုန်းခနဲ ထတောက်လာရော… အဲ့မီးတောက်မြင်တော့မှ ခွက်ကိုယူပြီး ရေချိုးခန်းထဲ ပစ်ထည့်လိုက်တာပေါ့။ ဘယ်က စဖြစ်တာမှန်းမသိတော့လောက်အောင်ကို အတွေးတွေစုံသွားတယ်။ Shock ဖြစ်ရင်လည်း Breaker တွေတန်းစီကျမှာလေနော့…ပြန်တွေးကြည့်တော့မှ ရေနွေးအိုးထဲမှာ ရေရှိ မရှိ သတိမထားမိဘဲ switch on မိလိုက်တာပဲဗျ။ စိတ်နည်းနည်း ငြိမ်တော့မှ ရေနွေးအိုးလေးကို သွားပြန်ကောက်။ အဖုံးဖွင့်ကြည့်တော့မှ အပူပေးတဲ့ Heating Element က ထလောင်တာတဲ့ဗျား။ရော်…. အမှန်တကယ်ဆိုရင် ရေနွေးအိုးမှာ ပူလာရင်ဖြတ်ဖို့ Thermostat နှစ်ခုပါရတယ်ဗျ။ တစ်ခုက လက်ကိုင်က Switch မှာ…ရေနွေးတွေဆူရင် အပူငွေ့တွေက လက်ကိုင်က တဆင့် Thermostatကို ပိတ်ပေးမှာ။ နောက်တစ်ခုက အိုးဖင်မှာ… အိုးအရမ်းပူလာရင် Auto ဖြတ်ပေးဖို့။အဲ့တော့ ကျွန်တော့်အခြေအနေအရ…. ရေမရှိရင်တောင် အိုးပူရင် အိုးဖင်က Thermostat က ဖြတ်ပေးရမှာလေ။ အခုတော့ Heating element က မီးထလောင်ရတယ်လို့ မကြားဖူးပေါင်ဗျာ။အဲ့အခြေအနေကို သုံးသပ်ကြည့်ရင်…. ၁ ။ အိမ်မှာ လျှပ်စစ်ကို စိတ်ချရအောင် RCBO တွေ MCB တွေ တပ်ထားပေမယ့် အပူကနေပြီးတော့ ဘေးကိုလိုက်လောင်မယ့် အနေအထားကို သူတို့ မကာကွယ်ပေးနိုင်ဘူး။ ၂။ ရေနွေးအိုးတည်တာမှာလည်း ၃ မိနစ်နေရင် ပိတ်သွားလိမ့်မယ်ဆိုတဲ့ အတွေးမျိုးကို မယုံကြည်ရတာမျိုး။ ၃။ Quality နိမ့်တဲ့ ပစ္စည်းမျိုးတွေပဲ အဟုတ်ကြီးထင်ပြီး သုံးနေမိတာမျိုးပေါ့။ အဲ့တော့ ဒီ Post ကို ဖတ်နေတဲ့အထဲမှာ အိမ်ရှင်မတွေပါနေခဲ့ရင် အကြံတစ်ခုပေးချင်ပါတယ်။ ကိုယ့်အိမ်က ၃မိနစ်အိုးကို ပြန်စမ်းကြည့်ပါ။ဘယ်လိုစမ်းရမလဲဆိုတော့….၃ မိနစ်အိုးထဲ ဘာရေမှမထည့်ဘဲ ၁၅ စက္ကန့်လောက် ဖွင့် ထားကြည့်ပါ။သူ့အလိုလိုပြန်ပိတ်သွားခဲ့ရင်တော့ အိုးပူရင် ပြန်ပိတ်ပါတယ်ဆိုပြီး စိတ်ချလို့ရပါတယ်။မပိတ်ရင်တော့ Quality ကောင်းတာလေးတွေပဲ ထပ်ဝယ်သုံးကြပါလို့ အကြံပေးချင်ပါတယ်။ ဒီ Post ကိုတင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လောင်သမျှမီးကို ဝိုင်ယာရှော့ ဝိုင်ယာရှော့ဆိုပြီး ပြောခံနေရတာကို ခံပျင်းတာရယ်…ကိုယ်တွေလိုမျိုး အရည်းအသွေးမပြည့်မီတဲ့ပစ္စည်းတွေကို သုံးနေရတဲ့ အိမ်ထောင်စုတွေ မီးဘေးအန္တရာယ်ကနေ ဝေးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။ပူပြင်းခြောက်သွေ့လာတဲ့ နွေရာသီမှာ အိမ်တိုင်း အိမ်တိုင်း မီးဘေးကင်းကြပါစေ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ကလေးရှိတဲ့ အိမ်တွေ ရွက်လှပင်ကို စိုက်ရန် လုံးဝစိတ်မကူးသင့်ပါဘူး အိမ်မှာထားရင် အိမ်ကိုခိုက်တက်ပြီး အိမ်သားတွေကံဆိုးစေလို့ မထားသင့်တဲ့ ပစ္စည်းများ အိမ်မှာမထားသင့်တဲ့ လာဘ်လာဘပိတ်စေနိုင်တဲ့အရာများနှင့် အပြုအမူများ စီးကရက်အငွေ့ထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်တဲ့ အိမ်တွင်း လူသတ်သမား Credit : Apannpyaymedia Photo Credit : auntymay Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ