By Myanmar Builders Guide, Shweproperty.com
Updated at 17 September 2018
အရစ်ကျစနစ်ဖြင့် ရောင်းချပေးသည့် တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းဝယ်ယူသူများအနေနှင့် ဘဏ်သို့ လစဉ်ပေးသွင်းနေသည့် တိုက်ခန်းတန်ဖိုးငွေ လေးလဆက်တိုက် ပျက်ကွက်ပါက တိုက်ခန်းပြန်သိမ်းမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တန်ဖိုးနည်းတိုက်ခန်းဝယ်ခွင့်ရသူများအနေနှင့် ကနဦး ၂ဝ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေကို ၁၅ နှစ် အရစ်ကျပေးချေရမည်ဖြစ်ကြောင်းနှင့် တိုက်ခန်းတန်ဖိုး၏ ၂ဝ ရာခိုင်နှုန်း ငွေသွင်းပြီးပါက နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ တိုက်ခန်းတန်ဖိုး ၂၀ ရာခိုင်နှုန်းသွင်းပြီး ဝယ်ထားသူတွေအနေနဲ့ ငွေသွင်းတာ ပျက်လို့မရဘူး။ လေးလဆက်တိုက်ပျက်ရင် တရားစွဲပြီး တိုက်ခန်းပြန်သိမ်းမယ်။အရစ်ကျနဲ့ဝယ်ယူသူတွေအနေနဲ့ ဘဏ်ချေးငွေ ၈၀ ရာခိုင်နှုန်းကို လစဉ်မှန်မှန် ပြန်ဆပ်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။
ထို့ပြင် တိုက်ခန်းပိုင်ဆိုင်မှုစာအုပ်ကို ငွေအားလုံးပေးသွင်းပြီးမှ ရရှိမည်ဖြစ်ကြောင်းနှင့် ဝယ်ယူခွင့်ရရှိသည့်အခန်းများကို ပြန်လည်ရောင်းချပါက ပြန်သိမ်းမည်ဖြစ်ပြီး ပြန်လည်သိမ်းယူသည့်အချိန်တွင် တိုက်ခန်းတန်ဖိုး၏ ၁ဝ ရာခိုင်နှုန်း ပြန်လည်နုတ်ယူကာ ငွေပြန်အမ်း၍ Black List သွင်းမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုလက်ရှိတွင် လှိုင်သာယာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ တန်ဖိုးနည်းတိုက်ခန်းများကို ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ်သိန်း ၁၃ဝ ဝန်းကျင်ဖြင့် ရောင်းချပေးလျက်ရှိသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ