By စည်သူလင်းလက်, Shweproperty.com
Updated at 30 December 2016
ရန်ကုန်မြို့တော်ရဲ့ ဖြတ်သန်းသွားလာမှုအများဆုံး လမ်းမကြီးတစ်ခုဖြစ်တဲ့ အင်းစိန်လမ်းမကြီးနဲ့ အနီးဆုံးမှာ တည်ရှိနေတဲ့ မဟာဆွေကွန်ဒိုက မိတ်ဆွေတို့ရဲ့ မိသားစုအိပ်မက်လေးတွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအခွင့်အရေးတစ်ရပ်ပါပဲ။ လာမယ့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၇ရက်ကနေ ၈ရက်နေ့အထိကျင်းပမယ့် အရောင်းပြပွဲမှာ မဟာဆွေကွန်ဒိုရဲ့ ကျန်ရှိနေတဲ့ ၃၄ခန်းထဲက အခန်း၁၀ခန်းကို အထူးဈေးနှုန်း၊ အထူးအစီအစဉ်တွေနဲ့ ရောင်းချပေးသွားမယ်လို့သိရပါတယ်။ သော့အပ်ပြီးချိန်မှစလို့ ကျန်ငွေများကို လစဉ် ၁၁သိန်းနှုန်းနဲ့ လ(၁၀၀) ပေးချေရုံနဲ့ ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်ခွင့်ရမှာပါ။ အရောင်းပြပွဲမှာ ဝယ်ယူတဲ့ အခန်းတွေအတွက် 2017 April မှာ အခန်းအပ်သွားမှာလည်းဖြစ်ပါတယ်။
မဟာဆွေကွန်ဒိုကို i Green Develpoment & Engineering Group ကုမ္ပဏီက တာဝန်ယူတည်ဆောက်ထားပြီး လှိုင်မြို့နယ်၊ ဗဟိုလမ်းနဲ့ အင်းစိန်လမ်းမကြီးကို ဆက်သွယ်ပေးထားတဲ့ မဟာဆွေလမ်းပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။ စုပေါင်းပိုင်ဆိုင်တဲ့ အဆောက်အအုံအဖြစ် မှတ်ပုံတင်မယ့် ကွန်ဒိုလည်းဖြစ်ပါတယ်။ အုတ်ကျင်းမှတ်တိုင်၊ ဘာတာမှတ်တိုင်တို့နဲ့ အနီးဆုံးမှာတည်ရှိပြီး ရန်ကုန်မြို့ရဲ့ အဓိကစည်ကား ရာနေရာတစ်ခုဖြစ်တဲ့ လှည်းတန်းလမ်းဆုံကို ၁၅ မိနစ်ကားမောင်းရုံနဲ့ရောက်ရှိနိုင်ပါတယ်။ သမိုင်းလမ်းဆုံ၊ ပါရမီစိန်ဂေဟာတို့ကိုလည်း ၁၀ မိနစ် ကားမောင်းရုံနဲ့ရောက်ရှိနိုင်တဲ့အတွက် မိသားစုများ ဈေးဝယ်ဖို့၊ အတူတူညစာထွက်စားဖို့ အလွယ်တကူပါပဲ။ ဒါ့အပြင် MICT PARK နဲ့၁၀မိနစ် ခရီးမှာတည်ရှိနေတာကြောင့် ကျောင်းသားလူငယ်များအတွက် သက်ဆိုင်ရာ သင်တန်းများတက်ရောက်နိုင်ဖို့ စီးပွားရေးလုပ်ငန်းအတွက် ကုမ္ပဏီများ နဲ့ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ လွယ်ကူလှပါတယ်။
အင်းစိန်လမ်းမကြီးကနေ မဟာဆွေလမ်းအတိုင်း ဝင်သွားလိုက်ရင် စတုရန်းပေ ၃၀၈၈၄ ပေ အကျယ်အဝန်းရှိတဲ့ မြေကွက်ပေါ်မှာ Tower A နဲ့ Tower B ခန့်ညားလှတဲ့ ၈ထပ်ခွဲ အဆောက်အဦးကြီးနှစ်ခုကို တွေရပါတယ်။ မဟာဆွေကွန်ဒိုပါပဲ၊ ကျယ်ဝန်းတဲ့ ကားပါကင်က မိတ်ဆွေတို့ရဲ့ကားတွေ အဆင်ပြေပြေ ရပ်ထားနိုင်အောင် အဆင်သင့်ဖြစ်နေပါတယ်။ Basement နဲ့ Ground ပါကင် နှစ်ထပ်စီစဉ်ထားပြီး တစ်ခန်းတစ်စီးနှုန်း ရပ်နားနိုင်မှာဖြစ်ပါတယ်။
အခန်းပေါင်း ၁၂၀ ပါဝင်မယ့် ၈ထပ်ခွဲ အမြင့်ရှိတဲ့ မဟာဆွေကွန်ဒိုမှာ လျှပ်စစ်မီး ပြတ်တောက်ပါက အဆင်သင့်မောင်းနှင်နိုင်မယ့် Generator, စနစ်တကျတပ်ဆင်ထားတဲ့ လျှပ်စစ်သွယ်တန်းမှု၊ ကွန်ဒို တစ်ခုလုံးအတွက် သီးသန့် Transformer တွေစီစဉ်ထားရှိတာကြောင့် လျှပ်စစ်နဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချ စိတ်ကျေနပ်နေရမှာပါပဲ။ ဒါ့အပြင် မီးဘေးဆိုင်ရာလုံခြုံမှု အတွက် Fire Fighting System, ၂၄နာရီ စောင့်ကြည့်ပေး မယ့် လုံခြုံရေးကင်မရာများ၊ သန့်ရှင်းတဲ့ ရေများကို ပြည့်ပြည့်၀၀အသုံးပြုနိုင်အောင် စီမံထားတဲ့ Central Water Supply System တွေကိုလည်း အဆင့်မြင့်နည်းပညာတွေနဲ့ ဆောင်ရွက်ပေးထားတာတွေ့ရပါတယ်။
မိသားစုတွေ အားလပ်ချိန်မှာ အပန်းပြေအနားယူနိုင်ဖို့အတွက် ရေကူးကန်တစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပေးထားတဲ့အတွက် သားသားမီးမီးတွေ ရေကူးသင်ဖို့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ရေကူးအပန်းဖြေဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။
အဆောက်အဦးတည်ဆောက်မှုအပိုင်မှာတော့ ဗိသုကာဒီဇိုင်းကို iGreen ရဲ့ ကိုယ်ပိုင်ဒီဇိုင်းနဲ့ဖန်တီးထားပြီး၊ Structure ပိုင်းအတွက် ငလျင်ဒါဏ်၊ မုန်တိုင်းဒါဏ်တွေ ခံနိုင်ဖို့ အကောင်းဆုံးနည်းစနစ်တွေနဲ့တည်ဆောက်ထားတာတွေ့ရပါတယ်။ အခန်းပုံစံကို ၇ခုဖန်တီးပေးထားပြီး အခန်းတိုင်း မှာ အိပ်ခန်းကျယ်တစ်ခန်း၊ အိပ်ခန်းငယ်တစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ ထမင်းစားခန်းတို့ ကိုထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ အခန်းအား လုံးရဲ့ ပျမ်းမျှအကျယ်ဝန်းက တစ်ခန်းကို စတုရန်းပေ ၁၀၀၀ ကျော်ရှိနေတာကြောင့် မိသားစုတွေအတွက် ကျယ်ဝန်းလှပတဲ့ မိသားစုဘဝလေး ဖန်တီးနိုင်မှာပါ။
တိုးတက်များပြားလာမယ့်လူဦးရေနဲ့ ဖွံ့ဖြိုးခန့်ညားလာမယ့် ရန်ကုန်မြို့တော်ကြီးရဲ့ အနာဂတ်တန်ဖိုးဟာ မြင့်သထက်မြင့်မား လာမှာဖြစ် ပါတယ်။ နိုင်ငံတကာရင်းနှီးမြုတ်နှံမှုများ၊ စီးပွားရေးဆိုင်ရာ စီမံကိန်းကြီးများ၊ ကောင်းမွန်ခေတ်မှီလာမယ့် မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်များနဲ့ ရန်ကုန်ဟာ အစွမ်းကုန် ပွင့်လမ်းလာမယ့် ပန်းတစ်ပွင့်လိုဖြစ်နေပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ကွန်ဒိုတိုက်ခန်းတစ်ခန်း ပိုင်ဆိုင် ထားခြင်းဟာ မိတ်ဆွေတို့ရဲ့ အနာဂတ်အတွက် မှန်ကန်တဲ့ရွေးခြယ်မှုတစ်ခုဖြစ်ပါကြောင်း အကြံပြုလိုက်ပါရစေ။
အထူးလျှော့ဈေးဖြင့် ရောင်းချမည့် မဟာဆွေကွန်ဒို အရောင်းပြပွဲကို အသေးစိတ်လေ့လာရန်
ဆက်သွယ်ရန်ဖုန်းနံပါတ် => 09-73098832, 09-254882388, 09-49270101, 09-31031964,
01-655685, 01-652507 အရောင်းပြပွဲအစီအစဉ် ရောင်းချမည့်နေ့ရက် - ဇန်နဝါရီ (၇) မှ (၈)ရက် ၂၀၁၇ ရောင်းချမည့်အချိန် - မနက် ၉ နာရီမှ ၅ နာရီ ရောင်းချမည့်နေရာ - အမှတ် (၃) ၊ မဟာဆွေ လမ်း ၊ လှိုင်မြို့နယ်။
Written By : စည်သူလင်းလက် (Shweproperty.com)
Photo Credit : iGREEN Development & Engineering Group
Posted By : Wai Phyoe (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ