By the voice weekly, Shweproperty.com
Updated at 27 August 2014
ခွင့်ပြုချက်မဲ့ ကန်ထရိုက်ဆောက်လုပ်နေတာကို စည်ပင်သာယာရေးကော်မတီက တရားလိုပြုလုပ်ပြီး တရားစွဲဆို အရေးယူနေပေမယ့်လည်း လျော့ပါးမသွားတာကြောင့် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၄၈ အရ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ၊ ခွင့်ပြုချက်ပါ စည်းကမ်းချက် တွေကို ကျော်လွန်ပြီး ဖြစ်စေ၊ ကန်ထရိုက် ဆောက်ရင် ဖြိုဖျက်သည်အထိ အရေးယူဖို့ ပြဋ္ဌာန်း ထားတယ်လို့ သိရပါတယ်။
ခုလို စည်ပင်သာယာက ဖြိုဖျက်မယ့် ကုန်ကျစရိတ်ကိုလည်း သက်ဆိုင်ရာ ကန်ထရိုက်တာများက အကုန်အကျခံရမယ်လို့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမှာ ပါရှိပါတယ်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်တာကို အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ် အရေးယူလျက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်မှု အများဆုံးမြို့နယ်တွေက သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း၊ စမ်းချောင်း၊ ဒေါပုံ၊ တောင်ဥက္ကလာ၊ အင်းစိန်နဲ့ ကြည့်မြင်တိုင် မြို့နယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ