By ကိုဖြိုး, Shweproperty.com
Updated at 6 August 2012
ကမ္ဘာ့ရွာအဖြစ် ကူးပြောင်း လာသော ခေတ်ကာလနှင့်အညီ နိုင်ငံရပ်ခြားတွင် ပညာသင်ယူခြင်း၊ အလုပ်လုပ်ကိုင်ခြင်းစသည့် သွား ရောက်နေထိုင်သူများမှာ အဆိုပါ နိုင်ငံတွင် အိမ်ခြံမြေ ပိုင်ဆိုင်မှုကို စိတ်ဝင်စားလာကြပြီး စင်ကာပူနိုင်ငံမှ အေဂျင်စီကဲ့သို့အဖွဲ့အစည်းများ လာရောက်၍ ကြော်ငြာရောင်းချမှု များပြားလာသော်လည်း လက်ရှိ ဥပဒေအရ နိုင်ငံရပ်ခြားတွင် မရွှေ့ ပြောင်းနိုင်သော ပစ္စည်းများဝယ်ယူ ခြင်းမှာ တရားမဝင်ကြောင်း၊ ဥပဒေ နှင့်ငြိစွန်းကြောင်း ပြည်သူ့လွှတ် တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ် များလေ့လာဆန်းစစ်ရေးကော်တီဝင် ဦးသန်းမောင်(စစ်တွေ)က ပြောကြားသည်။'မြန်မာနိုင်ငံကိုလာပြီး စင်ကာပူမှာ အိမ်ဝယ်လို့ရတယ်လို့လာပြီး ဆွယ်ကြတယ်။ဥပဒေတွေရှိပါတယ်။ မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ၁၉၈၇ Transfer of Immoveable Property (Restriction) Law တွေ အရဆို အားလုံးဟာ ငြိစွန်းပါ တယ်။ ပြည်ပမှာ အိမ်မြေပိုင်ဝယ်ခွင့် မရှိဘူး''ဟု ယင်းက သြဂုတ် ၄ ရက်တွင် ရန်ကုန်မြို့ UMFCCI ၌ပြောကြားသည်။သို့သော် အဆိုပါဝယ်ယူမှုနှင့်ပတ်သက်၍ ယခုလက်တလောလွှတ်တော်အတွင်း၌လည်း အယူအဆ၊ သဘောထားများပြောင်းလဲလာကြောင်း၊ နားလည်မှုဖြင့် လုပ်ကိုင်ခွင့်ပြုသည်များလည်းရှိကြောင်း၊ ဥပဒေအမြင်နှင့်ဆန့်ကျင်နေကြောင်း၊ ထိုကဲ့သို့ အခြေအနေကြောင့် ဥပဒေကိုပြင်ဆင်ခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်ဘယ်လိုပေးမလဲစဉ်းစားသင့်ကြောင်း ဦးသန်းမောင် (စစ်တွေ)ကထပ်မံပြောကြားသည်။''ကျွန်တော်တို့နိုင်ငံမှာက ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။ ဖြစ်ပြီဟေ့ဆိုရင် ဘယ်သူမှမကယ်နိုင်ဘူး။ဝယ်ခွင့်ပေးမယ်ဆိုရင် ဥပဒေကိုပြောင်းပါ။ ယနေ့ သြဂုတ် ၄ ရက် အထိတော့ ဥပဒေအရတရားမဝင်ပါဘူး။ ကြော်ငြာခွင့်လည်းမရှိဘူး။ ရောင်းချခွင့်လည်းမရှိဘူး''ဟု ယင်းကအတိအလင်းဆိုသည်။မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင်ရေးဆွဲရမည့်ဥပဒေများစွာရှိကြောင်း၊ အချို့ဥပဒေများမှာ လွတ်လပ်ရေး မရခင်ကတည်းကရေးဆွဲထားပြီး ယခုအထိ ကျင့်သုံးနေရဆဲဖြစ် ကြောင်း၊ ၂ဝ၁၂ ဧပြီအထိ လက် ကျန်ဥပဒေရေးဆွဲရန် ၈၃၄ ခုအထိ ရှိကြောင်း၊ ဥပဒေအားလုံးမှာ ဆက် စပ်နေ၍ ပင်မဥပဒေတစ်ခုပြာန်း ရုံနှင့်မလုံလောက်ပဲ အားလုံးပြာန်း ပြီးမှသာအဆင်ပြေနိုင်ကြောင်း ပြောကြားသည်။
Source : The Myanmar Post
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ