By Sint Sint, Shweproperty.com
Updated at 12 January 2021
လယ်မြေများအပါအဝင် တရားမဝင်မြေကွက်ရိုက်ရောင်းချနေသူများကို စုံစမ်းဖော်ထုတ်အရေးယူရန် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက စီစဉ်နေသည်။ မြေကွက်ရိုက်ပြီး ရောင်းချမှု များကို ဦးစွာ စစ်ဆေးပြီးနောက် မြို့မြေ၊ ရွာမြေမဟုတ်လျှင် ဦးစွာ ခေါ်ယူသတိပေးခြင်း၊ ဆက်လက် လုပ်ကိုင်နေပါက ဥပဒေကြောင်း အရ အရေးယူမည်ဟု မှော်ဘီ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိတွင် မှော်ဘီမြို့နယ် ညောင်ပင်သာကျေးရွာ၌ လယ် မြေများကို လယ်ယာမြေလုပ်ပိုင် ခွင့် ပုံစံ (၇) မိတ္တူ၊ ပုံစံ(၁၀၅)မိတ္တူများဖြင့် မြေကွက်အရောင်း ကြော်ငြာများ ဖေ့စ်ဘွတ်ခ်တွင် တွေ့လာသဖြင့် အဆိုပါမြေကွက် ရောင်းဝယ်မှုကို စစ်ဆေးမည်ဟု မှော်ဘီ မြို့နယ်အုပ်ချုပ်ရေးအ ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။ ‘‘တရားမဝင် မြေတွေကို ခွဲခြမ်းရောင်းဝယ်မှုတွေကို တိတိ ကျကျအရေးယူဖို့ ပြည်ထောင်စု ဝန်ကြီးရုံးက ပြီးခဲ့တဲ့ရက်ပိုင်းက စာထုတ်ပြန်ထားပါတယ်။ ဒီစာ တွေက အခုရုံးတွေကိုရောက်နေ ပြီ’’ ဟု မှော်ဘီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ဝင်းကပြောသည်။ လယ်ယာမြေများကို ခွင့်ပြု ချက်မရှိဘဲ စိုက်ပျိုးမြေလုပ်ထား ခြင်း၊ အဆောက်အအုံများ ခွင့်ပြု ချက်မဲ့ဆောက်လုပ်ပါက လယ် ယာမြေဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်သည်။ ထို့ကြောင့် ရောင်းမှား၊ ဝယ် မှားမဖြစ်စေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် လို အပ်နေကြောင်း စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာအောင်သူက ပြောထားသည်။ ထို့အပြင် လယ်ယာမြေများ ကို ခွင့်ပြုချက်မရမီ အခြားနည်း သုံးစွဲခွင့် ကြိုတင်ဆောင်ရွက်မှု မရှိစေရေးနှင့် ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲမှုများ လုံးဝရပ် တန့်အောင်ဆောင်ရွက်ရန် လို အပ်ကြောင်း ပြည်ထောင်စုဝန် ကြီးက ပြောထားသည်။ မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်တွင်လည်း သစ်တောပိုင် မြေများကို အကွက်ရိုက် ရောင်းချ မှုများ ပြန်လည်သိမ်းယူရန် လုပ် ဆောင်နေသည်။ သစ်တောပိုင်မြေကို ခြံဝင်း ခတ်ပြီး ရောင်းချခဲ့သဖြင့် ကျောက်တိုင်စိုက်၊ သွပ်ဆူးကြိုး ကာရံခြင်း၊ အုတ်တံတိုင်းခတ် ကာရံ၍ အဆောက်အအုံအခိုင် အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော်လုပ်ကိုင် ဆောင်ရွက်နေသူများအား ဖော် ထုတ်၍ ဥပဒေအရ အရေးယူရန် ပြင်ဆင်နေကြောင်း ပြင်ဦးလွင် မြို့နယ် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းမြင့်ထွန်းက ပြောသည်။ နောက်ဆုံးရ သတင်းများ Public Shelter ဘက်စုံသုံး အဆောက်အဦးကို ၂၀၂၁ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည် သစ်တောမြေများ အကွက်ရိုက် ရောင်းချသူများကို စတင်အရေးယူပြီ ရန်ကုန်မြို့ရှိ မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာအဆောက်အအုံများ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး တိုင်းဒေသကြီး ၃ခုတွင်အကောင်အထည်ဖော်မည့် ဝါစက်မှုဇုံစီမံကိန်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် Credit : 7Day News Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ