By Ra Wai, Shweproperty.com
Updated at 12 January 2022
တိုက်ခန်း အရောင်းအဝယ်စာချုပ်တစ်ရပ် ချုပ်ဆို၍ ထားသည်ကို တွေ့ရသည်။ စာချုပ်ကို အသေအချာ ဖတ် ကြည့်သောအခါ အောက်ပါအတိုင်းဖြစ်သည်။ “တိုက်ခန်းအပြီးအပိုင် အရောင်းအဝယ်စာချုပ်” ၁၉၉၈ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် အောက်ပါအမည် ပါသူတို့သည် တိုက်ခန်းအပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ပြုလုပ်ချုပ်ဆိုကြသည်မှာ- ရောင်းသူ။ ဦးမြ ---------------------- မှတ်ပုံတင် ---------------- နေရပ် --------------------- ဝယ်ယူသူ။ ဦးလှ --------------------- မှတ်ပုံတင် ---------------- နေရပ် ------------------- (အထက်အမည်ပါ ရောင်းသူ ဝယ်ယူသူ ဟူသော စကားရပ်တွင် ၎င်းတို့ကိုယ် တိုင်အပြင် ၎င်းတို့၏ အမွေစား အမွေခံများ တရားဝင် ကိုယ်စား လှယ်များ ပစ္စည်းစီမံခန့်ခွဲသူများ စသည်တို့ပါဝင်သည်ဟု မှတ်ယူရမည်ဖြစ်သည်။) ၁။ အောက်စာရင်းပါ နေအိမ်တိုက်ခန်း အကျိုးခံစားခွင့် အရပ်ရပ်တို့နှင့် ပတ် သက်၍ မိမိသာလျှင် ပိုင်ဆိုင်၍ အခြား မည်သူတစ်ဦးတစ်ယောက်မျှ ပိုင်ဆိုင် အကျိုးခံစားခွင့် လုံးဝမရှိသော အပေါင်အနံှ အငှားအရမ်း အရှုပ် အရှင်းကင်းသည့် ရောင်းသူပိုင်တိုက်ခန်းကို ငွေကျပ် ၈၀၀ ၀၀၀ (ကျပ် ရှစ်သိန်းတိတိ) ဖြင့် ရောင်းရာ ဝယ်ယူ သူက ထိုစာချုပ်ချုပ်သည့်နေ့တွင် ငွေကို အပြီးပေးချေရာ ရောင်းသူက ရရှိကြောင်း ဝန်ခံကတိပြုသည်။ ၂။ ဤစာချုပ်သောနေ့မှာပင် နေအိမ်တိုက်ခန်းသည် ဝယ်ယူသူ ပိုင်ဆိုင်ပြီးဖြစ်ကြောင်း နှစ်ဖက်လက်ခံ သဘော တူပါသည်။ ၃။ တဖန် ရောင်းချသူ၏ မေတ္တာရပ်ခံ တောင်းခံမှုကြောင့် ဝယ်ယူသူ အနေ ဖြင့် ရောင်းသူ မိသားစုတို့ကို ရောင်း ချသော တိုက်ခန်းတွင် ( ၂၈-၆- ၉၈) နေ့အထိ လူမှုရေးအရ မေတ္တာဖြင့် နေထိုင်ခွင့်ပြုပါသည်။ သို့သော် ၂၈-၆-၉၈ နေ့ နောက်ပိုင်းတွင် အခန်းမှ ဖယ်ရှားထွက်ခွာပေးရန် အခန်းရောင်းသူက ဝန်ခံကတိပြုပါ သည်။ "ရောင်းချသော နေအိမ်တိုက်ခန်း" ရန်ကုန်မြို့၊ ------မြို့နယ်၊ ---------ရပ်ကွက်၊ -----လမ်း၊ အိမ်အမှတ် ( ) အခန်းအမှတ် ( ) (ရောင်းသူ) (ဝယ်ယူသူ) အသိသက်သေများ ၁။ -------- ၂။ ---------- ဖော်ပြပါ အခန်းအရောင်း အဝယ်စာချုပ် ပြုလုပ်ခြင်း၏ နောက်ကွယ်တွင် အခြားအကြောင်းအရာများလည်း ရှိ သည်ဟု ယူဆနိုင်စရာ ရှိသည်။ ဥပမာ- အခန်းရောင်းသူက ဝယ်ယူသူသို့ ငွေများပေးရန်ရှိသည့် အတွက် ၁၈-၆-၉၈ နေ့ ကို နောက်ဆုံးထား ကာ ပေးမည်ဖြစ်ကြောင်း ရောင်းသူက အာခံသည့် သဘောဖြင့် ထိုကဲ့သို့ ချုပ်ဆိုပေးခြင်းလည်းဖြစ်နိုင်သည်။ ငွေချေးခြင်း အပေါင်ခံခြင်း သဘောများလည်း ပါဝင်နိုင်သည်။ ဖော်ပြပါ အကြောင်းအရာများအရ ချုပ်သည်ဖြစ်စေ၊ စာချုပ်ပါ အတိုင်းအမှန်တကယ်ချုပ်ဆိုသည်ဖြစ်စေ ထိုကဲ့ သို့ ချုပ်ဆိုထားခဲ့ပြီးသည့်နောက်ရောင်းသူဘက်က သတ်မှတ်ရက်တွင် အခန်းမှ ဖယ်ရှားပေးခြင်း မရှိသော် ဝယ် ယူသူအဖို့ အခက်တွေ့ရဖွယ်ရှိသည်။ ဝယ်ယူသူ အဖို့ရောင်းသူတို့ ငွေကျပ် ၈၀၀ ၀၀၀ (ကျပ်ရှစ်သိန်း တိတိ) ပေးခဲ့ရိုးမှန်က ယင်းငွေပြန်လည် ရရှိ ရေးအတွက် တောင်းဆိုရ ခက်ပေမည်။ လိမ်လည်မှုလည်း မဖြစ် ယုံကြည်အပ်နံှမှု ဖောက်ဖျက်ခြင်းလည်း မဟုတ် ။ အဘယ် ကြောင့်ဆိုသော် အခန်းကို အမှန်တကယ် ရောင်းဝယ်ထားပြီးဖြစ်သည်ဟုဆိုရမည်ဖြစ်သော ကြောင့်ဖြစ်သည်။ အခန်းကိုဝယ်ယူပြီး လက်ရောက်မယူခြင်းမှာ ဝယ်ယူသူ၏ ပျော့ညံ့မှုဟု ဆိုရမည်။ မိမိက ရောင်းသူကို ခေတ္တ နေခွင့်ပြုထားခြင်းသည်ပင် အမှားတစ်ရပ်ကို ထပ်မံပြုလုပ်ခြင်းဖြစ်သည်။ ဝယ်ယူသူအနေဖြင့် မိမိဝယ်ယူထားသော အခန်းကို ရောင်းသူထံမှ လက် ရောက်ပြန်ရရန်သာ အားထုတ်ရ ပေ မည်။ ခေတ္တခွင့်ပြုချက်ဖြင့် နေသူအား ဖယ်ရှားပေးစေလိုမှုဖြင့် တရားစွဲရန်ရှိသည်။ သို့သော် ရောင်းသူက အမှုတွင် ထုချေသည်မှာ ၎င်းသည်ဝယ်ယူသူ၏ ခွင့်ပြု ချက်ဖြင့် နေခြင်းမဟုတ် အခန်းကို မည်သူမည်ဝါထံမှ စာချုပ် စာတမ်းဖြင့် ၂-၂-၉၈ နေ့ မတိုင်မီကတည်းက ဝယ်ယူနေထိုင်ခြင်းဖြစ်ကြောင်း ၊ထိုသို့ နေထိုင်သည့်အချိန်မှအစပြု၍ အိမ်ရှင်သို့ ငှားရမ်းခများ အခွန်များပေးဆောင်၍ ယနေ့တိုင် အိမ်ရှင်၏ အိမ်ငှား တစ်ဦးအနေဖြင့် နေထိုင်ခြင်းဖြစ်ကြောင်း ခုခံချေပလာဖွယ်ရှိပေသည်။ အခန်းဝယ်ယူထား သူများအနေဖြင့် ရောင်းသူများအား အခန်းမှ နှင်ထုတ်ရန် ခက်ခဲမှုတွေ့နိုင်သည်။ သို့ဖြစ်ပါ သောကြောင့် ဖော်ပြပါ။ စာချုပ်မျိုး မချုပ်ဆိုကြဖို့နှင့် သတိပြုရှောင်ရှားကြဖို့ ဖြစ်ပေသည်။ အကယ်၍ ထိုကဲ့သို့ ချုပ်မည်ဆိုပါက မြေရှင်အိမ်ရှင်ကို သက်သေအဖြစ် လက်မှတ်ရေးထိုးစေ၍ ဝယ်ယူသူမှ ငှားရမ်းခကို မြေရှင် အိမ်ရှင်သို့ မှန်မှန် ပေးဆောင်စေသင့်ပါကြောင်း အသိပေးအပ်ပါသည်။ "ဒေါ်သောင်းစိန်နှင့် ဒေါ်ကြည်၊ ၁၉၈၄ ခုနှစ် ၊ မတစ ၊ စာ၃၄ (ဆက်စပ်ကိုးကား အမှုစီရင်ထုံး)" (အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ ၂၂၅ ) ။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ အမွေပုံပစ္စည်းဖြစ်လာတတ်သည့် မိဘများမကွယ်လွန်ခင်ပေးကမ်းခဲ့သော အိမ်နှင့်မြေကိုဝယ်မည်ဆိုလျှင် ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ ပုံစံ ၁၀၅ ဆိုတာ Credit By: DVB LawLab Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ