By Sint Sint, Shweproperty.com
Updated at 21 November 2020
Unicode
လျှော်ပြီးသားအဝတ်တွေကဖြစ်စေတဲ့ ရေငွေ့ပြန်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် အိမ်ထဲမှာ အဝတ်မလှန်းဖို့ကို ပညာရှင်များက တိုက်တွန်းထားပါတယ်။အသက် ၄၃ နှစ်အရွယ်ရှိ ကလေး ၃ ယောက်အဖေဖြစ်သူ Craig Mather က အိမ်ထဲမှာ အဝတ်မလှန်းဖို့ သတိပေးချက်တွေကို သတိမမူမိဘဲ အဝတ်လှန်းတဲ့အကျင့်ကြောင့် အဆုတ်ကူးစက်ရောဂါဖြစ်လာပါတယ်။
အခန်းထဲမှာ အဝတ်လှန်းခြင်းကြောင့် စိုထိုင်းထိုင်းဖြစ်ခြင်းက မှိုပေါက်ပွားစေပြီး ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေပါတယ်။Craig Mather က နာတာရှည် အဆုတ်ရောဂါ ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ပြီး မှိုပိုးကြောင့်ဖြစ်တဲ့ကူးစက်ပိုးဖြစ်တယ်လို့ ဆရာဝန်များက သတ်မှတ်ခဲ့ပါတယ်။
ဆရာဝန်ဖြစ်သူက သူ့ကို အိမ်ထဲမှာအဝတ်လှန်းတာကို မရပ်ဘူးဆိုရင်တော့ ရောဂါပိုဆိုး လာနိုင်တယ်လို့ သတိပေးစကားပြောကြားခဲ့တဲ့အတွက် အိမ်ထဲမှာ အဝတ်မလှန်းတော့ဘဲ ၁၂ လလောက်အကြာမှာ ရောဂါလုံးဝပျောက်ကင်းသွားတာကို တွေ့ရှိရပါတယ်။
ဒီလိုအခြေအနေမျိုးကြုံတွေ့ရတာက သူတစ်ယောက်တည်းမဟုတ်ပါဘူး။ ပညာရှင်တွေရဲ့အဆိုအရ အခန်းထဲမှာအဝတ်စိုများကိုလှန်းခြင်းကြောင့် ပြင်းထန်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။
အဝတ်စိုတွေကြောင့် အခန်းတွင်း စိုထိုင်းမှုကို ၃၀%အထိတိုးစေပြီး မှိုပေါက်ပွားဖို့အတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးသလိုဖြစ်စေပါတယ်။ လျှော်ပြီးသားအဝတ်တစ်ဇလုံက ထွက်တဲ့ရေငွေ့က နှစ်လီတာကျော်လောက်ရှိပါတယ်။
ဒီနှုန်းက မှိုတွေကို ပေါက်ပွားမှုမြန်စေပြီး ရောဂါဖြစ်ဖို့အလားအလာတွေကို ဖန်တီးပေးနိုင်ပါတယ်။ လူအများစုရဲ့ခုခံအားစနစ်က ဒီမှိုကြောင့်ဖြစ်တဲ့ ကူးစက်ပိုးတွေကို ခံနိုင်ရည်ရှိတတ်ပါတယ်။
ဒါပေမဲ့ ပန်းနာရင်ကြပ်ရောဂါရှိသူတွေ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ ချောင်းဆိုးရောဂါရှိသူတွေအတွက် ပိုဆိုးတဲ့အခြေအနေတွေဖြစ်စေနိုင်ပါတယ်။
ခုခံအားစနစ်အားနည်းသူတွေ၊ အေအိုင်ဒီအက်စ်ရောဂါဝေဒနာရှင်တွေ၊ ကင်ဆာရောဂါကုထုံး ခံယူနေသူတွေက မှိုပိုးကြောင့်ဖြစ်တဲ့အဆုတ်ရောဂါကို ခံစားရဖို့ပိုလွယ်ပါတယ်။
ဒီရောဂါက ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ပျက်စီးပြီးသေစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပညာရှင်များက လျှော်ပြီးသားအဝတ်တွေကို အိမ်ခန်းတွင်းမှာ မလှန်းဘဲ အပြင်မှာလှန်းဖို့အကြံပြုထားတာ ဖြစ်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေ ဆောင်းပါများ
အိမ်မှာ မစိုက်သင့်သည့် ဂမုန်း ၃မျိုး
ငါးကန်ရှိတဲ့အိမ်တိုင်းသတိပြုသင့်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အသက်အန္တရာယ်
မိမိအိမ်တွင်းလေထုသန့်စင်အောင် ဘယ်လိုလုပ်ရမလဲ
အိမ်တိုင်း စိုက်ထားသင့်တဲ့ မီးကွင်းဂမုန်းဆေးတော်ပင်
Zawgyi
ေလွ်ာ္ၿပီးသားအဝတ္ေတြကျဖစ္ေစတဲ့ ေရေငြ႕ျပန္ျခင္းက က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့အတြက္ အိမ္ထဲမွာ အဝတ္မလွန္းဖို႔ကို ပညာရွင္မ်ားက တိုက္တြန္းထားပါတယ္။အသက္ ၄၃ ႏွစ္အ႐ြယ္ရွိ ကေလး ၃ ေယာက္အေဖျဖစ္သူ Craig Mather က အိမ္ထဲမွာ အဝတ္မလွန္းဖို႔ သတိေပးခ်က္ေတြကို သတိမမူမိဘဲ အဝတ္လွန္းတဲ့အက်င့္ေၾကာင့္ အဆုတ္ကူးစက္ေရာဂါျဖစ္လာပါတယ္။
အခန္းထဲမွာ အဝတ္လွန္းျခင္းေၾကာင့္ စိုထိုင္းထိုင္းျဖစ္ျခင္းက မႈိေပါက္ပြားေစၿပီး ျပင္းထန္တဲ့ အဆုတ္ေရာဂါေတြကို ျဖစ္ေစပါတယ္။Craig Mather က နာတာရွည္ အဆုတ္ေရာဂါ ျဖစ္ပြားေနတာကို ေတြ႕ရွိခဲ့ၿပီး မႈိပိုးေၾကာင့္ျဖစ္တဲ့ကူးစက္ပိုးျဖစ္တယ္လို႔ ဆရာဝန္မ်ားက သတ္မွတ္ခဲ့ပါတယ္။
ဆရာဝန္ျဖစ္သူက သူ႔ကို အိမ္ထဲမွာအဝတ္လွန္းတာကို မရပ္ဘူးဆိုရင္ေတာ့ ေရာဂါပိုဆိုး လာႏိုင္တယ္လို႔ သတိေပးစကားေျပာၾကားခဲ့တဲ့အတြက္ အိမ္ထဲမွာ အဝတ္မလွန္းေတာ့ဘဲ ၁၂ လေလာက္အၾကာမွာ ေရာဂါလုံးဝေပ်ာက္ကင္းသြားတာကို ေတြ႕ရွိရပါတယ္။
ဒီလိုအေျခအေနမ်ိဳးႀကဳံေတြ႕ရတာက သူတစ္ေယာက္တည္းမဟုတ္ပါဘူး။ ပညာရွင္ေတြရဲ႕အဆိုအရ အခန္းထဲမွာအဝတ္စိုမ်ားကိုလွန္းျခင္းေၾကာင့္ ျပင္းထန္တဲ့ေရာဂါေတြျဖစ္ေစႏိုင္ပါတယ္။
အဝတ္စိုေတြေၾကာင့္ အခန္းတြင္း စိုထိုင္းမႈကို ၃၀%အထိတိုးေစၿပီး မႈိေပါက္ပြားဖို႔အတြက္ အေကာင္းဆုံးအေျခအေနကို ဖန္တီးေပးသလိုျဖစ္ေစပါတယ္။ ေလွ်ာ္ၿပီးသားအဝတ္တစ္ဇလုံက ထြက္တဲ့ေရေငြ႕က ႏွစ္လီတာေက်ာ္ေလာက္ရွိပါတယ္။
ဒီႏႈန္းက မႈိေတြကို ေပါက္ပြားမႈျမန္ေစၿပီး ေရာဂါျဖစ္ဖို႔အလားအလာေတြကို ဖန္တီးေပးႏိုင္ပါတယ္။ လူအမ်ားစုရဲ႕ခုခံအားစနစ္က ဒီမႈိေၾကာင့္ျဖစ္တဲ့ ကူးစက္ပိုးေတြကို ခံႏိုင္ရည္ရွိတတ္ပါတယ္။
ဒါေပမဲ့ ပန္းနာရင္ၾကပ္ေရာဂါရွိသူေတြ၊ အသက္ရႉလမ္းေၾကာင္းေရာဂါနဲ႔ ေခ်ာင္းဆိုးေရာဂါရွိသူေတြအတြက္ ပိုဆိုးတဲ့အေျခအေနေတြျဖစ္ေစႏိုင္ပါတယ္။
ခုခံအားစနစ္အားနည္းသူေတြ၊ ေအအိုင္ဒီအက္စ္ေရာဂါေဝဒနာရွင္ေတြ၊ ကင္ဆာေရာဂါကုထုံး ခံယူေနသူေတြက မႈိပိုးေၾကာင့္ျဖစ္တဲ့အဆုတ္ေရာဂါကို ခံစားရဖို႔ပိုလြယ္ပါတယ္။
ဒီေရာဂါက ျပင္းထန္တဲ့ေရာဂါတစ္မ်ိဳးျဖစ္ၿပီး အဆုတ္ပ်က္စီးၿပီးေသေစႏိုင္တဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ပညာရွင္မ်ားက ေလွ်ာ္ၿပီးသားအဝတ္ေတြကို အိမ္ခန္းတြင္းမွာ မလွန္းဘဲ အျပင္မွာလွန္းဖို႔အႀကံျပဳထားတာ ျဖစ္ပါတယ္။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမ ေဆာင္းပါမ်ား
အိမ္မွာ မစိုက္သင့္သည့္ ဂမုန္း ၃မ်ိဳး
ငါးကန္ရွိတဲ့အိမ္တိုင္းသတိျပဳသင့္တဲ့ ထိတ္လန႔္တုန္လႈပ္ဖြယ္ အသက္အႏၲရာယ္
မိမိအိမ္တြင္းေလထုသန႔္စင္ေအာင္ ဘယ္လိုလုပ္ရမလဲ
အိမ္တိုင္း စိုက္ထားသင့္တဲ့ မီးကြင္းဂမုန္းေဆးေတာ္ပင္
Ref : Xyznews
Photo Credit : Archdaily
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ