By Sint Sint, Shweproperty.com
Updated at 2 December 2020
Unicode
1989မှာ နာဆာက လေထုကို သန့်စင်ခြင်းမှာ အကောင်းဆုံးဖြစ်တဲ့ အပင်များကို အိမ်မှာစိုက်ပျိုးရန်ဆုံးဖြတ်ဖို့ သန့်စင်တဲ့လေထုလေ့လာမှုကို စတင်ဆောင်ရွက်ခဲ့ပါတယ်။သုတေသနပြသခဲ့သည့်အတိုင်း အိမ်တွင်းလေထုမှာ benzene, trichlorethylene,အမိုးနီးယားစတဲ့ အန္တရာယ်ရှိဓါတုပစ္စည်းအများအပြားပါဝင်ပါတယ်။
ဒါပေမယ့် နာဆာသိပ္ပံပညာရှင်များက အဓိက်အိမ်တွင်းအပင်များက အိမ်တွင်းလေထုညစ်ညမ်းမှု အဆင့်မြင့်တတ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးမှာ တန်ဖိုးရှိတဲ့ လက်နက်တစ်ခုဖြစ်ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ တချို့အပင်များက ကျွန်တော်တို့အိမ်အတွင်း၊ အများပြည်သူနေရာအတွင်းနှင့် ရုံးအဆောက်အဦးများရဲ့လေကိုသန့်စင်ခြင်းဖြင့် အန္တရာယ်ပေးနိုင်တဲ့ ဓါတ်ငွေ့ 85%အထိကို စုပ်ယူနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေသော အိမ်တွင်းညစ်ညမ်းမှုက သုတေသနအရ Formaldehyde – ဆိုဖာပရိဘောဂ၊ကော်ဇော၊ စီးကရက်မီးခိုး၊ ပလပ်စတစ်ပန်းကန်ခွက်ယောက်တွေနှင့် သဘာဝဓါတ်ငွေ့နှင့် Particle board တွေပေါ်မှာ တွေ့ရှိရပါတယ်။ ဒါက ဓါတ်မတည့်ခြင်း၊ ပန်းနာရင်ကြပ်ခြင်းနှင့် အမျိုးမျိုးသော အရေပြားရောဂါများကို ဖြစ်စေနိုင်ပါတယ်။
Trichlorethylene – ပုံနှိပ်မှင်၊ သုတ်ဆေး၊ ယွန်း၊ကော်ဇောများနှင့် သန့်ရှင်းရေးအဝတ်များနှင့် ကလိုရင်းရေထဲမှာ တွေ့ရှိရပါတယ်။ ဒါက မျက်စိနှင့် အရေပြားယားယံခြင်းကိုဖြစ်ပေါ်စေပြီး အသည်း၊ ကျောက်ကပ်ပျက်စီးမှုနှင့် ပြင်းထန်တဲ့ ကင်ဆာကိုဖြစ်စေနိုင်ပါတယ်။
benzene – သုတ်ဆေး၊ ယွန်းထည်၊ အရောင်တင်ဆီ၊ သန့်ရှင်းရေးပစ္စည်းများ၊ ဆပ်ပြာရည်၊ ရော်ဘာနှင့် စီးကရက်မီးခိုးများထဲမှာ တွေ့ရှိရပါတယ်။ဒီကင်ဆာရောဂါကိုဖြစ်စေနိုင်တာက အဆီတစ်ရှုးအတွင်းမှာ စုဆောင်းတာကြောင့် သွေးကင်ဆာ ၊အာရုံကြောစိတ်လှုပ်ရှားခြင်း(အရက်ကြောင့်ဖြစ်ရတာကဲ့သို့) ၊အသက်ရှုမဝခြင်းနှင့် တတ်ခြင်းစတာတို့ ဖြစ်စေပါတယ်။ဒါက သွေးဖိအားကို လျော့နည်းစေပါတယ်။
အမိုးနီးယား – ကွန်ပျူတာအစိတ်အပိုင်းများ၊ စီးကရက်မီးခိုးများနှင့် အိမ်သန့်ရှင်းရေးပစ္စည်းများမှာ တွေ့ရသည်။ ဒါက လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘက်နာကျင်မှု၊ အသံအိုးနှင့် အဆုတ်ရောင်ရမ်းခြင်း ကို ဖြစ်ပေါ်စေသည်။
Xylene – ဒါကို ပလတ်စတစ်၊ ဆေးသုတ်၊ ယွန်းထည်နှင့်ကော်တွေပြုလုပ်ခြင်းမှာ အသုံးပြုပါတယ်။ Xylene ကို မော်တော်ကားအိတ်ဇော၊ သားရေထုတ်ကုန်များနှင့် ဆေးရွက်ကြီးမီးခိုးများထဲမှာ တွေ့ရှိနိုင်ပါတယ်။ ဒါက အရေပြား၊မျက်စိနှင့် အသက်ရှုလမ်းကြောင်းကို ကျိန်းစပ်စေပါတယ်။ ဒါကြောင့် သန့်စင်တဲ့လေထုနဲ့ ပိုကောင်းတဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ သင့်အိမ်မှာ ဒီလိုအပင်များကို စိုက်ပျိုးထားနိုင်ပါတယ်။
၁။ Anthurium andraeanum (Flamingo lily) ပိန်းပန်း
မြန်မာလိုပိန်းပန်းလို့ခေါ်တဲ့ ထို Flamingoနှင်းပန်းက လေအစိုဓါတ်နှင့် ရေငွေ့ကိုထိန်းသိမ်းပေးပါတယ်။ ထိုအပင်က Xylene နှင့် Toluene စုပ်ယူပြီး ဘေးအန္တရာယ်ကင်းတဲ့ ဓါတ်ပစ္စည်းများအဖြစ် ပြောင်းလဲပေးပါတယ်။
၂။ Gerbera jamesonii(ဒေစီပန်း)
ဒီတောက်ပတဲ့ ပန်းတွေက လေထဲမှthichlorethylene, Formaldehydeနှင့် benzene ကဲ့သို့သော အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းအတွက် အထောက်အကူပြုပါတယ်။ နွေးထွေးပြီး အလင်းရောင်ကောင်းစွာရတဲ့ နေရာမှာ ထားပါ။
၃။ Aglaonema( စီးပွားတိုးဂမုန်း)
ဒီဂမုန်းပင်က အလင်းရောင်အများကြီးမလိုအပ်ပါဘူး။ ဒါပေမယ့် စိုထိုင်းတဲ့ လေထုလိုအပ်ပါတယ်။ ဒါက လေထဲက benzene နှင့် ဖော်မယ်ဒီဟိုက်ဓါတ်ငွေ့ စစ်ထုတ်ခြင်းမှာ အလွန်ထိရောက်တယ်လို့ သက်သေပြခဲ့ပါတယ်။ ဒီဂမုန်းအသီးဖျော်ရည်များနှင့် ဘယ်ရိသီးများက အဆိတ်အတောက်ဖြစ်ကြပါတယ်။ ဒီအပင်ရဲ့အစေးက လူ့အရေပြားကိုယားယံစေတာကြောင့် သတိထားကိုင်တွယ်သင့်ပါတယ်။
၄။Chlorophytum ( စပိုက်ဒါပင်)
ဒီစပိုက်ဒါပင်များက သစ်ရွက်တွေများပြားပြီး အလွန်သေးငယ်တဲ့ပန်းပွင့်အဖြူများနှင့်အတူ အိမ်တွင်းစိုက်ပျိုးမှုအတွက် အလွန်လူကြိုက်များရွေးချယ်ကြပါတယ်။ ဒီအပင်က လေထဲက Xylene,benzene,ဖော်မယ်ဒီဟိုက်နှင့် ကာဗွန်မိုနောက်ဆိုဒ် ကိုဖယ်ရှားရာမှာ ကူညီပေးပါတယ်။ ထို့အပြင် ဒီအပင်က ကလေးတွေ၊ တိရိစ္ဆာန်တွေအတွက် လုံးဝအန္တရာယ်ကင်းပါတယ်။
၅။ Ivy (တိုက်ကပ်နွယ်ပင်)
ဒီအပင်က အလင်းရောင်နည်းတဲ့နေရာကို ကြိုက်ပါတယ်။ အိုင်ဗီက benzene,trichlorethylene, ကာဗွန်မိုနောက်ဆိုဒ်နှင့် ဖော်မယ်ဒီဟိုက်တို့ကို စုပ်ယူပေးပါတယ်။ မှိုကဲ့သို့သောအရာတွေကိုဖယ်ရှားပေးပါတယ်.။
၆။ Sansevieria(ယောက္ခမလျှာ)
ဒီအပင်က ဘယ်နေရာမှာမဆိုကြီးထွားပြီး အလွန်အကြမ်းခံပါတယ်။ ဒါက အိမ်သို့မဟုတ်ရုံးမှာ စိုက်ပျိုးထားရင် လေထဲက ဖော်မယ်ဒီဟိုက်, benzene ,trichlorethyleneကို ဖယ်ရှားပေးပါတယ်။ညဘက်မှာ ဒီအပင်က ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်စီဂျင်ကို ထုတ်ပေးပါတယ်။
၇။ ဝါးပင်
ဒီအပင်က benzene,trichlorethylene နှင့်ဖော်မယ်ဒီဟိုက် ကိုစစ်ထုတ်ဖို့အတွက်အကောင်းဆုံးဖြစ်ပါတယ်။ သစ်စေး၊ အရောင်တီဆီသုတ်ထားသော ပရိဘောဂတွေနားမှာ ထားပါ။ အန္တရာယ်ရှိသော ဓါတုပစ္စည်းတွေကို အငွေ့ပြန်ပေးပါလိမ့်မယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်
ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေမယ့် အိပ်ခန်းတွင်း စိုက်သင့်သည့် အပင် (၅) မျိုး
အသားစိမ်းတွေကိုတာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ
Zawgyi
1989မွာ နာဆာက ေလထုကို သန႔္စင္ျခင္းမွာ အေကာင္းဆုံးျဖစ္တဲ့ အပင္မ်ားကို အိမ္မွာစိုက္ပ်ိဳးရန္ဆုံးျဖတ္ဖို႔ သန႔္စင္တဲ့ေလထုေလ့လာမႈကို စတင္ေဆာင္႐ြက္ခဲ့ပါတယ္။သုေတသနျပသခဲ့သည့္အတိုင္း အိမ္တြင္းေလထုမွာ benzene, trichlorethylene,အမိုးနီးယားစတဲ့ အႏၲရာယ္ရွိဓါတုပစၥည္းအမ်ားအျပားပါဝင္ပါတယ္။
ဒါေပမယ့္ နာဆာသိပၸံပညာရွင္မ်ားက အဓိက္အိမ္တြင္းအပင္မ်ားက အိမ္တြင္းေလထုညစ္ညမ္းမႈ အဆင့္ျမင့္တတ္ျခင္းကို ဆန႔္က်င္တိုက္ဖ်က္ေရးမွာ တန္ဖိုးရွိတဲ့ လက္နက္တစ္ခုျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုထားပါတယ္။ တခ်ိဳ႕အပင္မ်ားက ကြၽန္ေတာ္တို႔အိမ္အတြင္း၊ အမ်ားျပည္သူေနရာအတြင္းႏွင့္ ႐ုံးအေဆာက္အဦးမ်ားရဲ႕ေလကိုသန႔္စင္ျခင္းျဖင့္ အႏၲရာယ္ေပးႏိုင္တဲ့ ဓါတ္ေငြ႕ 85%အထိကို စုပ္ယူႏိုင္ပါတယ္။
ကြၽန္ေတာ္တို႔ရဲ႕ က်န္းမာေရးကို ထိခိုက္ေစေသာ အိမ္တြင္းညစ္ညမ္းမႈက သုေတသနအရ Formaldehyde – ဆိုဖာပရိေဘာဂ၊ေကာ္ေဇာ၊ စီးကရက္မီးခိုး၊ ပလပ္စတစ္ပန္းကန္ခြက္ေယာက္ေတြႏွင့္ သဘာဝဓါတ္ေငြ႕ႏွင့္ Particle board ေတြေပၚမွာ ေတြ႕ရွိရပါတယ္။ ဒါက ဓါတ္မတည့္ျခင္း၊ ပန္းနာရင္ၾကပ္ျခင္းႏွင့္ အမ်ိဳးမ်ိဳးေသာ အေရျပားေရာဂါမ်ားကို ျဖစ္ေစႏိုင္ပါတယ္။
Trichlorethylene – ပုံႏွိပ္မွင္၊ သုတ္ေဆး၊ ယြန္း၊ေကာ္ေဇာမ်ားႏွင့္ သန႔္ရွင္းေရးအဝတ္မ်ားႏွင့္ ကလိုရင္းေရထဲမွာ ေတြ႕ရွိရပါတယ္။ ဒါက မ်က္စိႏွင့္ အေရျပားယားယံျခင္းကိုျဖစ္ေပၚေစၿပီး အသည္း၊ ေက်ာက္ကပ္ပ်က္စီးမႈႏွင့္ ျပင္းထန္တဲ့ ကင္ဆာကိုျဖစ္ေစႏိုင္ပါတယ္။
benzene – သုတ္ေဆး၊ ယြန္းထည္၊ အေရာင္တင္ဆီ၊ သန႔္ရွင္းေရးပစၥည္းမ်ား၊ ဆပ္ျပာရည္၊ ေရာ္ဘာႏွင့္ စီးကရက္မီးခိုးမ်ားထဲမွာ ေတြ႕ရွိရပါတယ္။ဒီကင္ဆာေရာဂါကိုျဖစ္ေစႏိုင္တာက အဆီတစ္ရႈးအတြင္းမွာ စုေဆာင္းတာေၾကာင့္ ေသြးကင္ဆာ ၊အာ႐ုံေၾကာစိတ္လႈပ္ရွားျခင္း(အရက္ေၾကာင့္ျဖစ္ရတာကဲ့သို႔) ၊အသက္ရႈမဝျခင္းႏွင့္ တတ္ျခင္းစတာတို႔ ျဖစ္ေစပါတယ္။ဒါက ေသြးဖိအားကို ေလ်ာ့နည္းေစပါတယ္။
အမိုးနီးယား – ကြန္ပ်ဴတာအစိတ္အပိုင္းမ်ား၊ စီးကရက္မီးခိုးမ်ားႏွင့္ အိမ္သန႔္ရွင္းေရးပစၥည္းမ်ားမွာ ေတြ႕ရသည္။ ဒါက လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ရင္ဘက္နာက်င္မႈ၊ အသံအိုးႏွင့္ အဆုတ္ေရာင္ရမ္းျခင္း ကို ျဖစ္ေပၚေစသည္။
Xylene – ဒါကို ပလတ္စတစ္၊ ေဆးသုတ္၊ ယြန္းထည္ႏွင့္ေကာ္ေတြျပဳလုပ္ျခင္းမွာ အသုံးျပဳပါတယ္။ Xylene ကို ေမာ္ေတာ္ကားအိတ္ေဇာ၊ သားေရထုတ္ကုန္မ်ားႏွင့္ ေဆး႐ြက္ႀကီးမီးခိုးမ်ားထဲမွာ ေတြ႕ရွိႏိုင္ပါတယ္။ ဒါက အေရျပား၊မ်က္စိႏွင့္ အသက္ရႈလမ္းေၾကာင္းကို က်ိန္းစပ္ေစပါတယ္။ ဒါေၾကာင့္ သန႔္စင္တဲ့ေလထုနဲ႔ ပိုေကာင္းတဲ့ က်န္းမာေရးကို ေစာင့္ေရွာက္ဖို႔ သင့္အိမ္မွာ ဒီလိုအပင္မ်ားကို စိုက္ပ်ိဳးထားႏိုင္ပါတယ္။
၁။ Anthurium andraeanum (Flamingo lily) ပိန္းပန္း
ျမန္မာလိုပိန္းပန္းလို႔ေခၚတဲ့ ထို Flamingoႏွင္းပန္းက ေလအစိုဓါတ္ႏွင့္ ေရေငြ႕ကိုထိန္းသိမ္းေပးပါတယ္။ ထိုအပင္က Xylene ႏွင့္ Toluene စုပ္ယူၿပီး ေဘးအႏၲရာယ္ကင္းတဲ့ ဓါတ္ပစၥည္းမ်ားအျဖစ္ ေျပာင္းလဲေပးပါတယ္။
၂။ Gerbera jamesonii(ေဒစီပန္း)
ဒီေတာက္ပတဲ့ ပန္းေတြက ေလထဲမွthichlorethylene, Formaldehydeႏွင့္ benzene ကဲ့သို႔ေသာ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးျခင္းအတြက္ အေထာက္အကူျပဳပါတယ္။ ေႏြးေထြးၿပီး အလင္းေရာင္ေကာင္းစြာရတဲ့ ေနရာမွာ ထားပါ။
၃။ Aglaonema( စီးပြားတိုးဂမုန္း)
ဒီဂမုန္းပင္က အလင္းေရာင္အမ်ားႀကီးမလိုအပ္ပါဘူး။ ဒါေပမယ့္ စိုထိုင္းတဲ့ ေလထုလိုအပ္ပါတယ္။ ဒါက ေလထဲက benzene ႏွင့္ ေဖာ္မယ္ဒီဟိုက္ဓါတ္ေငြ႕ စစ္ထုတ္ျခင္းမွာ အလြန္ထိေရာက္တယ္လို႔ သက္ေသျပခဲ့ပါတယ္။ ဒီဂမုန္းအသီးေဖ်ာ္ရည္မ်ားႏွင့္ ဘယ္ရိသီးမ်ားက အဆိတ္အေတာက္ျဖစ္ၾကပါတယ္။ ဒီအပင္ရဲ႕အေစးက လူ႔အေရျပားကိုယားယံေစတာေၾကာင့္ သတိထားကိုင္တြယ္သင့္ပါတယ္။
၄။Chlorophytum ( စပိုက္ဒါပင္)
ဒီစပိုက္ဒါပင္မ်ားက သစ္႐ြက္ေတြမ်ားျပားၿပီး အလြန္ေသးငယ္တဲ့ပန္းပြင့္အျဖဴမ်ားႏွင့္အတူ အိမ္တြင္းစိုက္ပ်ိဳးမႈအတြက္ အလြန္လူႀကိဳက္မ်ားေ႐ြးခ်ယ္ၾကပါတယ္။ ဒီအပင္က ေလထဲက Xylene,benzene,ေဖာ္မယ္ဒီဟိုက္ႏွင့္ ကာဗြန္မိုေနာက္ဆိုဒ္ ကိုဖယ္ရွားရာမွာ ကူညီေပးပါတယ္။ ထို႔အျပင္ ဒီအပင္က ကေလးေတြ၊ တိရိစာၦန္ေတြအတြက္ လုံးဝအႏၲရာယ္ကင္းပါတယ္။
၅။ Ivy (တိုက္ကပ္ႏြယ္ပင္)
ဒီအပင္က အလင္းေရာင္နည္းတဲ့ေနရာကို ႀကိဳက္ပါတယ္။ အိုင္ဗီက benzene,trichlorethylene, ကာဗြန္မိုေနာက္ဆိုဒ္ႏွင့္ ေဖာ္မယ္ဒီဟိုက္တို႔ကို စုပ္ယူေပးပါတယ္။ မႈိကဲ့သို႔ေသာအရာေတြကိုဖယ္ရွားေပးပါတယ္.။
၆။ Sansevieria(ေယာကၡမလွ်ာ)
ဒီအပင္က ဘယ္ေနရာမွာမဆိုႀကီးထြားၿပီး အလြန္အၾကမ္းခံပါတယ္။ ဒါက အိမ္သို႔မဟုတ္႐ုံးမွာ စိုက္ပ်ိဳးထားရင္ ေလထဲက ေဖာ္မယ္ဒီဟိုက္, benzene ,trichlorethyleneကို ဖယ္ရွားေပးပါတယ္။ညဘက္မွာ ဒီအပင္က ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို စုပ္ယူၿပီး ေအာက္စီဂ်င္ကို ထုတ္ေပးပါတယ္။
၇။ ဝါးပင္
ဒီအပင္က benzene,trichlorethylene ႏွင့္ေဖာ္မယ္ဒီဟိုက္ ကိုစစ္ထုတ္ဖို႔အတြက္အေကာင္းဆုံးျဖစ္ပါတယ္။ သစ္ေစး၊ အေရာင္တီဆီသုတ္ထားေသာ ပရိေဘာဂေတြနားမွာ ထားပါ။ အႏၲရာယ္ရွိေသာ ဓါတုပစၥည္းေတြကို အေငြ႕ျပန္ေပးပါလိမ့္မယ္။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
ညဘက္ ပန္ကာဖြင့္ၿပီး အိပ္မယ္ဆိုရင္
ပိုမိုေကာင္းမြန္စြာ အိပ္ေပ်ာ္ေစမယ့္ အိပ္ခန္းတြင္း စိုက္သင့္သည့္ အပင္ (၅) မ်ိဳး
အသားစိမ္းေတြကိုတာရွည္ခံေအာင္ ေရခဲေသတၱာထဲ ဘယ္လိုသိမ္းထားသင့္လဲ
Photo Credit : Lifestyle Myanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ