By Sint Sint, Shweproperty.com
Updated at 20 November 2020
Unicode Version
ကမ္ဘာပေါ်မှာရှိတဲ့လူသားအားလုံးရဲ့ လူဦးရေ(၃.၃)သန်းခန့်ဟာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်သေဆုံးနေရပါတယ်။ သန့်ရှင်းတဲ့လေထုတွေဟာကောင်းမွန်တဲ့ကျန်းမာရေးကိုပြုလုပ်ပေးနိုင်ပေမယ့် ညစ်ညမ်းတဲ့လေထုတွေကိုရှူမိတဲ့အခါမှာတော့ မလိုလားအပ်တဲ့ကျန်းမာရေးဆိုးကျိုးတွေကိုဖြစ်ပေါ်စေပါတယ်။
ဒါ့ကြောင့် မိမိအိမ်တွင်းမှာ လေထုညစ်ညမ်းမှုကင်းဝေးအောင် ကိုယ်တိုင်လုပ်ဆောင်နိုင်မယ့်နည်းလေးတွေကို ယခုလိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ပြတင်းပေါက်များကိုအနည်းဆုံး(၁၅)မိနစ်ခန့်ဖွင့်ထားပေးပါ။
ပြတင်းပေါက်ဖွင့်ထားပေးခြင်းကလည်းအိမ်တွင်းလေထုအရည်အသွေးကိုမြင့်မားစေပြီးလေဝင်လေထွက်ကောင်းစေတဲ့ နည်းလမ်းတစ်ခုဖြစ် ပါတယ်။
(၂) အိမ်တွင်းအလှဆင်ပန်းပင်တွေကိုစိုက်ပျိုးပေးပါ။
အဲ့လိုစိုက်ပျိုးပေးခြင်းအားဖြင့် အိမ်တွင်းကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကိုစုပ်ယူပေးပြီး သန့်ရှင်းလတ်ဆတ်တဲ့ အောက်ဆီဂျင်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
(၃) မိမိအိမ်တွင်း လေအေးပေးစက် (Air Conditioner) ဖွင့်ထားပေးပါ။
လေအေးပေးစက်ထဲမှာရှိတဲ့ Filterကို မကြာခဏသန့်စင်ပေးခြင်းအားဖြင့် လေထုညစ်ညမ်းမှုကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၄) ဖိနပ်တွေကိုအိမ်အပြင်မှာချွတ်ထားပေးပါ။
အပြင်ထွက်တိုင်းအမြဲတမ်းစီးတတ်တဲ့ခြေညှပ်ဖိနပ်နဲ့ရှူးဖိနပ်တွေကိုအိမ်မှာထဲထားတဲ့အခါမှာဖိနပ်မှာကပ်ပါလာတဲ့ဖုန်မှုန့်တွေနဲ့အခြားဘက်တီးရီးယားတွေက လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေတာကြောင့် ဖိနပ်တွေကို အိမ်အပြင်မှာပဲချွတ်ထားပေးသင့်ပါတယ်။
(၅) သဘာဝပစ္စည်းတွေနဲ့အိမ်ကိုသန့်ရှင်းပါ။
ရှာလကာရှည်၊ မုန့်ဖုတ်ဆိုဒါ စတဲ့အရာတွေနဲ့သန့်စင်ပေးမယ်ဆိုရင် အဆုတ်၊ လည်ချောင်း၊ နား၊ နှာခေါင်းနဲ့ဆိုင်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပြီး လေထုညစ်ညမ်းမှုအန္တရာယ်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၆) ဒါ့အပြင်နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က မှို၊ ဘက်တီးရီးယားပိုးမွှားတွေ ကိုသေစေနိုင်တာကြောင့် အလင်းရောင်လုံလောက်စွာရရှိအောင် ခန်းစီးလိုက်ကာ ပြတင်းပေါက်တို့ကိုဖွင့်ထားပေးသင့်ပါတယ်။
(၇) Air Purifier အသုံးပြုပေးပါ။
Air Purifier ကိုအသုံးပြုပေးခြင်းအားဖြင့် လေထုထဲမှာရှိတဲ့အလွန်သေးငယ်တဲ့ အမှုန်အမွှားတွေကိုစုပ်ယူပေးနိုင်ပြီး ပန်းနာရင်ကျပ်ရောဂါကိုလည်းကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူများ
သင့်အိမ်ထဲမှာ အညံ့တွေ ကင်းစင်ချင်ရင် လုံးဝ မထားသင့်တဲ့ ပစ္စည်း (၅) မျိုး
ငါးကန် ရှိတဲ့အိမ်တိုင်းသတိပြုသင့်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အသက်အန္တရာယ်
အိမ်ရှင်မတို့ ဒယ်အိုးနီဒယ်အိုးပြာအသုံးပြုသူများ သိထားရမည့် အချက် (၇) ချက်
Zawgyi Version
ကမာၻေပၚမွာရွိတဲ့လူသားအားလုံးရဲ႕ လူဦးေရ(၃.၃)သန္းခန႔္ဟာ ေလထုညစ္ညမ္းမႈေၾကာင့္ ႏွစ္စဥ္ေသဆုံးေနရပါတယ္။ သန႔္ရွင္းတဲ့ေလထုေတြဟာေကာင္းမြန္တဲ့က်န္းမာေရးကိုျပဳလုပ္ေပးႏိုင္ေပမယ့္ ညစ္ညမ္းတဲ့ေလထုေတြကိုရႉမိတဲ့အခါမွာေတာ့ မလိုလားအပ္တဲ့က်န္းမာေရးဆိုးက်ိဳးေတြကိုျဖစ္ေပၚေစပါတယ္။
ဒါ့ေၾကာင့္ မိမိအိမ္တြင္းမွာ ေလထုညစ္ညမ္းမႈကင္းေဝးေအာင္ ကိုယ္တိုင္လုပ္ေဆာင္ႏိုင္မယ့္နည္းေလးေတြကို ယခုလိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
(၁) ျပတင္းေပါက္မ်ားကိုအနည္းဆုံး(၁၅)မိနစ္ခန႔္ဖြင့္ထားေပးပါ။
ျပတင္းေပါက္ဖြင့္ထားေပးျခင္းကလည္းအိမ္တြင္းေလထုအရည္အေသြးကိုျမင့္မားေစၿပီးေလဝင္ေလထြက္ေကာင္းေစတဲ့ နည္းလမ္းတစ္ခုျဖစ္ ပါတယ္။
(၂) အိမ္တြင္းအလွဆင္ပန္းပင္ေတြကိုစိုက္ပ်ိဳးေပးပါ။
အဲ့လိုစိုက္ပ်ိဳးေပးျခင္းအားျဖင့္ အိမ္တြင္းကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ကိုစုပ္ယူေပးၿပီး သန႔္ရွင္းလတ္ဆတ္တဲ့ ေအာက္ဆီဂ်င္ကိုရရွိႏိုင္မွာျဖစ္ပါတယ္။
(၃) မိမိအိမ္တြင္း ေလေအးေပးစက္ (Air Conditioner) ဖြင့္ထားေပးပါ။
ေလေအးေပးစက္ထဲမွာရွိတဲ့ Filterကို မၾကာခဏသန႔္စင္ေပးျခင္းအားျဖင့္ ေလထုညစ္ညမ္းမႈကိုကာကြယ္ႏိုင္မွာျဖစ္ပါတယ္။
(၄) ဖိနပ္ေတြကိုအိမ္အျပင္မွာခြၽတ္ထားေပးပါ။
အျပင္ထြက္တိုင္းအၿမဲတမ္းစီးတတ္တဲ့ေျခညႇပ္ဖိနပ္နဲ႔ရႉးဖိနပ္ေတြကိုအိမ္မွာထဲထားတဲ့အခါမွာဖိနပ္မွာကပ္ပါလာတဲ့ဖုန္မႈန႔္ေတြနဲ႔အျခားဘက္တီးရီးယားေတြက ေလထုညစ္ညမ္းမႈကိုျဖစ္ေပၚေစတာေၾကာင့္ ဖိနပ္ေတြကို အိမ္အျပင္မွာပဲခြၽတ္ထားေပးသင့္ပါတယ္။
(၅) သဘာဝပစၥည္းေတြနဲ႔အိမ္ကိုသန႔္ရွင္းပါ။
ရွာလကာရွည္၊ မုန႔္ဖုတ္ဆိုဒါ စတဲ့အရာေတြနဲ႔သန႔္စင္ေပးမယ္ဆိုရင္ အဆုတ္၊ လည္ေခ်ာင္း၊ နား၊ ႏွာေခါင္းနဲ႔ဆိုင္တဲ့ေရာဂါေတြကိုကာကြယ္ေပးႏိုင္ၿပီး ေလထုညစ္ညမ္းမႈအႏၲရာယ္ကိုကာကြယ္ႏိုင္မွာျဖစ္ပါတယ္။
(၆) ဒါ့အျပင္ေနေရာင္ျခည္မွာပါတဲ့ ခရမ္းလြန္ေရာင္ျခည္က မႈိ၊ ဘက္တီးရီးယားပိုးမႊားေတြ ကိုေသေစႏိုင္တာေၾကာင့္ အလင္းေရာင္လုံေလာက္စြာရရွိေအာင္ ခန္းစီးလိုက္ကာ ျပတင္းေပါက္တို႔ကိုဖြင့္ထားေပးသင့္ပါတယ္။
(၇) Air Purifier အသုံးျပဳေပးပါ။
Air Purifier ကိုအသုံးျပဳေပးျခင္းအားျဖင့္ ေလထုထဲမွာရွိတဲ့အလြန္ေသးငယ္တဲ့ အမႈန္အမႊားေတြကိုစုပ္ယူေပးႏိုင္ၿပီး ပန္းနာရင္က်ပ္ေရာဂါကိုလည္းကာကြယ္ေပးႏိုင္မွာျဖစ္ပါတယ္။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
ေၾကာက္စရာေကာင္းတဲ့ အိမ္တြင္းရန္သူမ်ား
သင့္အိမ္ထဲမွာ အညံ့ေတြ ကင္းစင္ခ်င္ရင္ လုံးဝ မထားသင့္တဲ့ ပစၥည္း (၅) မ်ိဳး
ငါးကန္ ရွိတဲ့အိမ္တိုင္းသတိျပဳသင့္တဲ့ ထိတ္လန႔္တုန္လႈပ္ဖြယ္ အသက္အႏၲရာယ္
အိမ္ရွင္မတို႔ ဒယ္အိုးနီဒယ္အိုးျပာအသုံးျပဳသူမ်ား သိထားရမည့္ အခ်က္ (၇) ခ်က္
Credit : Zifammyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ