By Sint Sint, Shweproperty.com
Updated at 11 November 2020
ဒီဖက်ခေတ်မှာ အိမ်တွင်းနဲ့ အိပ်ခန်းတွင်း အလှဆင်ဖို့အတွက် လူတွေက အပင်ငယ်လေးတွေကို အိမ်ထဲမှာ စိုက်ပျိုးလာကြပါတယ် ။ အိပ်ခန်းတွေထဲမှာဆိုရင်လည်း သစ်ပင်က ထုတ်ပေးတဲ့ အောက်စီဂျင်ရဖို့ရယ် မျက်စေ့ပသာဒကျဖို့အတွက်ရယ်အတွက် အပင်လေးတွေကို စိုက်ပျိုးကြပါတယ် ။ သစ်ပင်စိုက်တိုင်း ကောင်းလားဆိုရင် ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိပါတယ်။ မြန်မာ့ အယူအဆအရ ဆိုရင် အထူးသဖြင့် ဂမုန်းပင်တွေကို စိုက်တဲ့အခါမှာအထူးသတိထားရပါ တယ်။
အခုဆိုရင် မလေးရှား ဓာတုဗေဒပညာရှင်တစ်ဦးက ဆင်စွယ်ဂမုန်း အနွယ်ဝင် နဂါးစက်ဂမုန်း ကို အိမ်တွင်းမှာ စိုက်ပျိုးမိပါက ကျန်းမာရေးအန္တရာယ်ကို ထိခိုက်စေနိုင်တယ်လို့ သိပ္ပံနည်းကျ ဆိုလာပါတယ် ။ ဗိုင်းရက်ပိုးအချို့ကို ပြန့်နှံ့စေတတ်လို့ မလေးသိပ္ပံပညာရှင်တွေက ဆိုရှယ်မီဒီယာပေါ်မှာ အိမ်တွင်းအလှမဆင်သင့်တဲ့ အပင်မျိုးစိတ်တွေကို အမြဲလို ထုတ်လွှတ် ကြေညာပေးနေပါတယ်။
သိပ္ပံနာမည်အရ Sansevieria spp လို့ ခေါ် ပါတယ်။ အိမ်တွင် အလှပင်စိုက်တာနဲ့ ပတ်သက်ပြီး ဘယ်အပင်တွေ စိုက်သင့်တယ် ဘယ်အပင်တွေက မစိုက်သင့်ဘူးဆိုတာ ဟိုးအရင်ကတည်းက ရှိပါတယ်။ ဒါကို ဒီဖက်ခေတ်ရောက်တော့ ရှေးထုံးဆိုတာကို အလေးမထားတော့ဘဲ မျက်စေ့ ပသာဒကျမယ့် အပင် အတွဲအစပ်တွေကို ယှဉ်တွဲပြီး စိုက်ကျတော့တာပါပဲ ။ သူတို့ကတော့ အယူအဆဟောင်းတွေဆိုပြီး အပြစ်တောင် တင်လိုက်ကြပါသေးတယ် ။
ဆင်စွယ်ဂမုန်း အနွယ်ဝင် ဂမုန်းတွေက အိမ်တွင်းမှာ စိုက်ပျိုးရင် အနုဇီဝကောင်တွေကို ပြန့်စေတတ်လို့ ကျန်းမာရေးကို ထိခိုက်လာနိုင်စေတယ်လို့ ဆိုလာပါတယ် ။ မလေးရှား ဓာတုဗေဒ ပညာရှင် ဒေါက်တာဆလင်းက နဂါးစက်ဂမုန်းတွေကို အိမ်ထဲမှာ အိုးနဲ့စိုက်တဲ့အခါမှာ အပင်ရဲ့ အောက်ခြေအိုးထဲမှာ အနုဇီဝကောင်တွေကို ပေါက်ပွားစေတတ်တယ်လို့ဆိုပါတယ် ။ အပင်ကို စိုက်ဖို့ မြေဆွေးထည့်တဲ့ အခါမှာ မြေဆွေးထဲမှာ ဘတ်တီးရီးယား ၊ ရေညှိ ၊ မှို ၊ ပရိုတိုးဇိုးဝါးတွေ ပါလာတတ်ပါတယ် ။
မြေဆွေး ကောင်းလေ မြေဆွေး တစ်ဂရမ်မှာ အနုဇီဝကောင် သန်း၁၀၀၀ လောက်ပါလာတတ် ပါတယ် ။ သူတို့တွေက အပင်ရဲ့ အမြစ်ပတ်ဝန်းကျင်မှာနေပါတယ် ။ အဲ့ဒိကနေ သူတို့က ပြန့်ပွား လာပြီး အခန်းထဲ အိမ်ထဲကို ပြန့်လာတော့တာပါပဲ ။ သူတို့က လူတွေရဲ့ ကိုယ်ခံအားကို ကျဆင်း စေပါတယ် ။ ဖြစ်နိုင်ရင် မြေဆွေးနဲ့စိုက်ဖို့ မလိုတဲ့အပင်တွေကို စိုက်တာအကောင်းဆုံးလို့ ဒေါက်တာ ဆလင်းက ဆိုပါတယ် ။ ကိုယ့်အခန်းထဲမှာ ဒါမှမဟုတ် အိမ်ထဲမှာ ဆင်စွယ်ဂမုန်း အနွယ်ဝင် ဂမုန်းတွေရှိမယ်ဆိုရင် အိမ်ပြင်ထုတ်စိုက်တာ အကောင်းဆုံးပါပဲလို့ သူကဆိုတယ် ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်တွင်းအပင်လေးတွေရဲ့ ကောင်းကျိုးများ
အိမ်မှာ ရေခဲသေတ္တာသုံးရာတွင် ဆောင်ရန် ရှောင်ရန်များ။ ဒါတွေ မလုပ်ပါနဲ့
မိမိတို့ရဲ့နေအိမ်မှာရှိတဲ့ အဆိပ်သင့်စေတဲ့ ပစ္စည်းများ
အိမ်တွင်းမှာ အပင်လေးတွေ စိုက်ပျိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး (၅) ချက်
Credit : Thuta
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ