By popsugar, Shweproperty.com
Updated at 28 April 2016
သင့်အိမ်ခန်း၊ အိပ်ခန်းတွေထဲက တစ်ချို့အရာတွေဟာ လွှင့်ပစ်သင့်တဲ့ အပိုပစ္စည်းတွေဆိုတာ သင်သတိပြုပြီးဖြစ်မှာပါ။ ဒါပေမယ့် နှမြောတာက တစ်ကြောင်း၊ သေချာသိမ်းဆည်းဖို့ အချိန်မပေးနိုင်သေးတာတွေကြောင့် သင့်အိမ်ထဲမှာ မလိုအပ်တဲ့ အရာတွေနဲ့ ပြည့်နှက်နေတာပါ။ ဒီတော့ အချိန်ပေးပြီး လွှင့်ပစ်ရမယ့်အရာလေးတွေ စာရင်းလုပ်ကြည့်လိုက်ရအောင်။
၁။မဂ္ဂဇင်းဟောင်းတွေ
သင်က ဖက်ရှင်မဂ္ဂဇင်းတွေ၊ မြူးဇစ်မဂ္ဂဇင်းတွေ သိမ်းရတာ၊ ပြန်ဖတ်ရတာ သဘောကျတယ်ဆိုရင်တော့ အဲ့ဒီလို စာအုပ်မျိုးတွေ သေချာသိမ်းထား လိုက်ပါ။ ဒါပေမယ့် အခြားမလိုအပ်တော့တဲ့ ပြန်ဖတ်စရာမလိုတော့တဲ့ မဂ္ဂဇင်းဟောင်းတွေကိုတော့ သင့်စာအုပ်စင်က ထုတ်လိုက်ပါတော့။
၂။ဘေလ်တစ်ချို့နဲ့ စာရင်းစာရွက်ဟောင်းတစ်ချို့
သုံးစရာလည်း မလို၊ ပြန်ကြည့်စရာလည်း မလိုတော့တဲ့ စာရွက်စာတမ်းတွေ၊ ဘေလ်တွေ၊ ငွေလက်ခံစာရွက် စတာတွေကိုလည်း သင့်ဗီရိုအံဆွဲထဲကနေ ထုတ်ပြီးလွှင့်ပစ်လိုက်ဖို့ အချိန်ပါပဲ။
၃။အဝတ်အစား
တစ်နှစ်နီးပါးလောက် မဝတ်ပဲ သိမ်းထားတဲ့ အဝတ်အစားတွေဟာ ဘယ်တော့မှလည်း ပြန်ဝတ်ဖြစ်မယ့်အရာတွေ မဟုတ်တော့ပါဘူး။ ဒီတော့ အဲ့ဒီလို အဝတ်အစားမျိုးတွေကို သိမ်းဆည်းပြီး ပေးစရာရှိရင်ပေး၊ လှူစရာရှိရင် လှူ မဟုတ်လည်း လွှင့်ပစ်လိုက်ပါတော့။
၄။ ဆေးနဲ့ဗီတာမင်များ
သင့်ဆေးသေတ္တာထဲက ရက်လွန်နေပြီဖြစ်တဲ့ ဆေးတွေ၊ အားဆေးတွေ အားလုံးကို စနစ်တကျ ရှင်းထုတ်ပစ်လိုက်ပါ။ ရက်လွန်နေတဲ့ ဆေးတွေ၊ အားဆေးတွေကို သောက်မိမယ်ဆိုရင် ဘယ်လောက်အန္တရာယ်ကြီးမားတယ်ဆိုတာ အားလုံးအသိပါ။ ဒီတော့ အချိန်ပေးပြီး ရှင်းထုတ်ပစ်နိုင်ရင် အကောင်းဆုံးပါပဲ။
၅။ မိတ်ကပ်နဲ့ ရေမွှေး
အလှအပအတွက် သင်လိုချင်တာတွေ တွေ့တိုင်း ဝယ်ထားမိတဲ့ အချို့အလှကုန်တွေကို သင်သုံးဖြစ်ချင်မှ သုံးဖြစ်ပါလိမ့်မယ်။ အထူးသဖြင့်မိတ်ကပ် နဲ့ ရေမွှေးတွေပေါ့။ ဒီလိုအရာတွေက အချိန်ကြာသွားတဲ့အခါ သုံးလို့ အဆင်မပြေတော့တာမျိုး ဖြစ်တတ်တာမို့ လွှင့်ပစ်ဖို့ ဝန်မလေးပါနဲ့။
၆။ လက်ဝတ်ရတနာများ
လက်စွပ်၊ လက်ကောက်၊ နားကပ် စတဲ့ လက်ဝတ်ရတနာတွေကိုတော့ ပြန်ရောင်းသင့် ပြန်ရောင်းဖို့ပါပဲ။ ဖန်စီတွေဆိုရင် အချိန်ကြာလာတာနဲ့အမျှ အသားအရေနဲ့ အဆင်မပြေဖြစ်တတ်တာမို့ သတိထားပြီး ရှင်းလင်းပေးဖို့ လိုပါတယ်။
၇။ ကဒ်တွေ၊ မှတ်စုစာအုပ်တွေ
အိမ်မှာသိမ်းထားဖို့အထိ မလိုတော့တဲ့ ကဒ်မျိုးစုံရှိနေပါလိမ့်မယ်။ သင်က အဲ့ဒီလိုအရာတွေနဲ့ အလှပြန်ဆင်တာမျိုးတွေ လုပ်ဖို့ စိတ်မဝင်စားဘူးဆိုရင် ဒီအရာတွေကို လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါ။ မှတ်စုစာအုပ်တွေဆိုရင်လည်း ပြန်မဖတ်ဖြစ်၊ မကြည့်ဖြစ်ဘူး သေချာရင် အားလုံးရှင်းထုတ်ပစ်လိုက်ပါ။
၈။ အီလက်ထရောနစ် ပစ္စည်းဟောင်းတွေ
သင့် laptop ဟောင်းကို မသုံးတော့ဘူးဆိုတာ သေချာရင်၊ သင့်ဟန်းဆက်အဟောင်းကို မသုံးတော့ဘူးဆိုရင် တခြားသူကို ပေးချင်ရင်ပေး၊ မဟုတ်လည်း လွှင့်ပစ်လိုက်ပါ။ ဒါတွေကို နှမြောလို့ သိမ်းဆည်းထားတာဟာ အပိုပါပဲ။ ပြန်ရောင်းသင့်ရင်လည်း ရောင်းလိုက်ပါ။
Posted By : Wai Phyoe
Photo Credit : Trend
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ