By Sint Sint, Shweproperty.com
Updated at 26 July 2021
အိမ်တွင်းလေထုညစ်ညမ်းခြင်းဟု ဆိုရာတွင် အိမ်အတွင်းအပြင် လေဝင်လေထွက် စနစ်အားနည်းတာကြောင့် ဖြစ်နိုင်သလို စနစ်တကျ သန့်ရှင်းရေး ပုံမှန်မလုပ်ခြင်းကြောင့် အိမ်တွင်းခိုအောင်းနေသောဖုန်မှ တစ်ဆင့် အချိန်ကြာလာသည်နှင့် အမျှ မှိုများဖြစ်ပေါ်ကာ လေထုကအစ ကျန်းမာရေးနှင့်မညီ ဖြစ်လာတော့သည်။ ထိုလေများကို ရှူရှိုက်မိရာကနေ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပွားနိုင်ချေရှိသည်။ တခြားဖြစ်စေသော အကြောင်းအရင်းတွေကတော့ ထင်းနဲ့ မီးသွေးမီးဖိုတွေကို အသုံးပြုပြီး အစားအသောက်ချက်ပြုတ်တာမျိုး၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေများမှ ထွက်လာသော အငွေ့များ၊ အခန်းတွင်း ဆေးလိပ်သောက်ခြင်း၊ ထွက်လာသမျှအညစ်အကြေး၊ အမှိုက်များကို အိမ်အနီး ပတ်ဝန်းကျင်တွင် မီးရှို့ခြင်း စတာတွေကြောင့်လည်း လေထုညစ်ညမ်းလာရပါသည်။ လေထုညစ်ညမ်းခြင်းရဲ့ အကျိုးဆက်အနေနဲ့ လတ်တလောခံစားနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ ခေါင်းမူး၊ ခေါင်းကိုက်၊ အသက်ရှုကျပ်မောပန်းခြင်း၊ ပင်ပန်းနွယ်လျခြင်း၊ ပျို့အန်၊ နှာချေ၊ ချောင်းဆိုးခြင်း စတာတွေနဲ့ မျက်စိ၊ နှာခေါင်း၊ လည်ချောင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေအပြင် အရေးပြားယားယံတာခြင်းတွေပါ ဖြစ်စေနိုင်ပါသည်။ ရေရှည်မှာ ဖြစ်ပေါ်နိုင်တဲ့ကျန်းမာရေးပြဿနာတွေကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်၊ နှာခေါင်းလည်ချောင်းနဲ့ အသံအိုးကင်ဆာရောဂါ၊ ကလေးငယ်တွေ အသက်ရှုလမ်းကြောင်းဆိုင်ရာဖွံ့ဖြိုးမှု အားနည်းတာနဲ့ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးတာတွေပါ ဖြစ်စေနိုင်သည်။ဒီလိုပြဿနာတွေမှ အထိရောက်ဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့......... ၁။ နေအိမ်အခန်းပြတင်းပေါက်တွေနဲ့ မီးဖိုချောင်ကို လေဝင်လေထွက်ကောင်းအောင် ထားရမည်။ ၂။ အိမ်အတွင်း အခန်းအလုံပိတ်ကာ ဆေးလိပ်သောက်ခြင်းမျိုးနဲ့ မီးစက်မောင်းတာ၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေ ထွန်းတာတွေကို လုံးဝ ရှောင်ကျဉ်သင့်ပါသည်။ ၃။ ချက်ပြုတ်ရာမှာ ထင်းနဲ့ မီးသွေးအစား လျှပ်စစ်မီး (သို့) LPG ဓာတ်ငွေ့လောင်စာကို အသုံးပြုရမည်။ လျှပ်စစ်မီး (သို့) LPG ဓာတ်ငွေ့မရရှိနိုင်တဲ့ နေရာတွေမှာ မီးခိုးအထွက်နည်းစေဖို့ စနစ်တကျပြုလုပ်ထားတဲ့ လောင်စာတွေကို ရွေးချယ်အသုံးပြုနိုင်သည်။ ၄။ အိမ်အနီးပတ်ဝန်းကျင်မှာ အမှိုက်သရိုက်တွေ စုပုံထားတာ၊ မီးရှို့တာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါသည်။ အနံ့ဆိုးထွက်တဲ့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ လူနေရပ်ကွက်နဲ့ လုံလောက်တဲ့ အကွာအဝေးတွင် ရှိသင့်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး စံချိန်စံညွှန်းများ နဲ့ အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သင့်ပါသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်တွင်း အပင်စိုက်ခြင်းကြောင့် ရရှိနိုင်မည့် ကောင်းကျိုးအဖြာဖြာ အဲကွန်းသုံးတဲ့ အိမ်တိုင်း ၊ဆိုင်တိုင်း သတိထားရမည့် ကောင်းကျိုး ဆိုးကျိုးများ အိမ်တွင် ပင်စိမ်းပင် စိုက်ထားသင့်သော အကြောင်းအရင်း အိမ်တိုင်း အိမ်တိုင်းမှာ စိုက်ထားသင့်သော ရှားစောင်းလက်ပတ် အစွမ်းအံ့မခန်း Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ