By Ra Wai, Shweproperty.com
Updated at 3 August 2020
အမေရိကန်ဒေါ်လာ ၂၃၀ ဒသမ ၆၀ သန်းရှိ လှည်းကူးစက်မှု ဥယျာဉ်မြို့တော် စီမံကိန်း လုပ်ငန်းအပါအဝင် လုပ်ငန်း ၇ ခု အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ သည်။
အဆိုပါ အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လုပ်ငန်း (၇)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦ ကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇)ခုကို ခွင့်ပြုပေး ခဲ့ခြင်းဖြစ်သည်။
ယင်း လုပ်ငန်းများ၏ ရင်းနှီးမြှုုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄၆၂ ဒသမ ၆၉၃) သန်းနှင့် ကျပ် (၇၃,၂၀၆ ဒသမ ၅) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း (၃,၆၆၂)နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။
ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar co., Ltd. ၏ ရင်းနှီးမြှုုပ်နှံမှု ပါဝင်သည့် အမေရိကန်ဒေါ်လာ (၂၃၀ ဒသမ ၆၀) သန်း တန်ဖိုးရှိ လှည်းကူးစက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ (၁၈၀) သန်း ရင်းနှီးမြှုုပ်နှံမည့် လုပ်သားအင်အား (၂,၃၀၀) ကျော် ဖန်တီးပေးနိုင်သော AEON Large Scale Shopping Mall လုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အများဆုံး ရင်းနှီးမြှုုပ်နှံမှု ပြုလုပ်ထားပြီး နိုင်ငံ ၊ ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂)ခုနက် လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှု ၏ ၂၆ ဒသမ ၅၂ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှု၏၂၆ ဒသမ ၄၄ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုုပ်နှံမှု၏ ၁၄ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း အများဆုံး ရင်းနှီးမြှုုပ်နှံထားသည်။
Credit By: The Fifth Wave
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ