By ပြည်သိမ်း, Shweproperty.com
Updated at 18 November 2011
စက်မှုဇုန်ရှိ မြေကွက်များ၏ တန် ဖိုးသည် များစွာမြင့်မားနေသည့် အတွက် လုပ်ငန်းတိုးချဲ့လုပ်ကိုင် လိုသူများမှာ အခက်အခဲများကြုံ တွေ့နေရကြောင်း ကုန်ထုတ်လုပ် ငန်းရှင်အချို့ကပြောသည်။
လက်ရှိ ဖွံ့ဖြိုးပြီး စက်မှုဇုန်ရှိ မြေတစ်ဧက၏ တန်ဖိုးသည် ကျပ် သိန်း ၁၀၀၀ မှ သိန်း ၂၅၀၀ ကြားရှိ သဖြင့် လုပ်ငန်းတိုးချဲ့လိုသူများ အတွက် အခက်အခဲကြုံတွေ့လာ ရကြောင်း၊အာရှဒေသတွင်းနိုင်ငံ များရှိ စက်မှုဇုန်များတွင် မြေတစ် ဧကတန်ဖိုးသည် ကန်ဒေါ်လာ ၁၅၀၀၀ ဝန်းကျင် (လက်ရှိ ငွေ လဲနှုန်းဖြင့် ကျပ်ငွေသိန်း ၁၂၀ ဝန်းကျင်)သာဈေးရှိကြောင်း စက် မှုဇုန်ဥက္ကဋ္ဌတစ်ဦးကဆိုသည်။
ကျွန်တော့်စက်ရုံကို ထပ် ချဲ့ဖို့ မြေလိုလို့ဝယ်ဖို့စုံစမ်းကြည့် တော့ ဘယ်လိုမှအနားမကပ်နိုင် တော့ဘူး ဟု လှိုင်သာယာစက်မှု ဇုန်မှ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင် သည့် စက်ရုံပိုင်ရှင်တစ်ဦးက သူ၏ အခက်အခဲကိုရှင်းပြသည်။
စက်မှုဇုန်မြေကွက်များ ယင်းသို့တန်ဖိုးမြင့်တက်ရခြင်းမှာ အမှန်တကယ် လုပ်ငန်းလုပ်သူထက် ကြားခံ ဝယ်ယူရင်းနှီးမြှုပ်နှံသူများ ကြောင့်ဖြစ်သည်။ အဆိုပါ ပုဂ္ဂိုလ်များသည် ငွေကြေးချမ်းသာကြွယ်ဝပြီး အခြားသောလုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အခွင့်မသာခဲ့သည့်အတွက် ယခုကဲ့ သို့ ခိုင်မာသည့် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကဆိုသည်။
စက်မှုဇုန်မြေကွက်များသည် နိုင်ငံတော်မှ စတင်ချပေးစဉ်က တစ်ဧကလျှင် ကျပ် ၄၅ သိန်းဝန်း ကျင်သာဈေးရှိသည်။ ယင်းမှတစ် ဆင့် ပြန်လည်ရောင်းချရာတွင် ဈေးနှုန်းများ တဖြည်းဖြည်း မြင့် တက်လာပြီး ယခုကဲ့သို့ သိန်း ထောင်ချီသွားခြင်းဖြစ်သည်။
လက်ရှိအချိန်၌ စက်မှုဇုန် မြေကွက်များသည် အရောင်းအ ဝယ်များလာပြီး ဈေးနှုန်းများမြင့် တက်လာသည်။ သီလဝါစက်မှုဇုန်သည် ကိုရီးယားနိုင်ငံမှ ရေနက်ဆိပ်ကမ်းအတွက် ရင်းနှီးမြှုပ်နှံ မည်ဆိုခြင်းကြောင့် တစ်ဧကလျှင် ကျပ်သိန်း ၈၀၀ ဝန်းကျင်မှ သိန်း ၁၃၀၀ ဝန်းကျင် ဈေးတက်လာ ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးကဆိုသည်။
ထို့အပြင် ဒဂုံဆိပ်ကမ်း၊ ဝါးတစ်ရာ စသည့်စက်မှုဇုန်များတွင်လည်း အရောင်းအဝယ်များ ကောင်းလာကြောင်းသိရသည်။ ထိုင်းနိုင်ငံ၏ ရေကြီးမှုကြောင့် မြန်မာပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံ မှု များဝင်ရောက်လာနိုင်မည်ဟု သတင်းများကြောင့် ယင်းကဲ့သို့ ဝယ်လို အားများလာခြင်းဖြစ်နိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီအချို့က သုံးသပ်သည်။
သို့သော် ဒေသတွင်းနိုင်ငံများတွင် စက်မှုဇုန်မြေကွက်များ တန်ဖိုးသည် ပြည်တွင်းထက်နည်း သဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်လာလျှင် သီးသန့် စက်မှု ဇုန်များ၌ပင် လုပ်ကိုင်နိုင်မည်။ ထို့အပြင် ပြည်ပမှ ဝင်ရောက်လာ မည့်လုပ်ငန်းများအတွက် လိုအပ်သည့် မြေအကျယ်အဝန်းမှာ လည်း ဖွံ့ဖြိုးပြီး စက်မှုဇုန်များတွင် မရှိနိုင်ကြောင်း စက်မှုဇုန်ဥက္ကဋ္ဌတစ်ဦးကဆိုသည်။
Source : 7 Days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ