By Thelifestylemyanmar, Shweproperty.com
Updated at 15 May 2019
ထန်းတစ်ပင်မြို့နယ်ထဲမှာ အကောင်အထည်ဖော်မယ့်ဒေါ်လာသန်းငါးရာတန် နည်းပညာ စက်မှုဇုန်စီမံကိန်းကို ဒီကနေ့သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီစီမံကိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဟောင်ကောင်၊ တရုတ်နဲ့ မြန်မာကုမ္ပဏီ သုံးခုတို့ လက်မှတ်ရေးထိုးခဲ့တာပါ။
နည်းပညာစက်မှုဇုန်အတွင်း အထည်အလိပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းနဲ့ နည်းပညာဆိုင်ရာလုပ်ငန်းတွေကို အဓိက ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင်စက်မှုဇုန်၊ လူနေအိမ်ခန်း၊ စီးပွားရေးအဆောက်အဦးတွေ၊ အပန်းဖြေဧရိယာတွေအပါအဝင်ရန်ကုန်မြို့နဲ့တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ခရီးသည်ရေယာဉ်နဲ့ ကုန်တင်သင်္ဘောအတွက်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနဲ့ ဆက်သွယ်မယ့် ဆိပ်ကမ်းလည်းပါဝင်တယ်လို့ဆိုပါတယ်။
ဒီစက်မှုဇုန်ကိုတည်ဆောက်ပြီးပါက ထန်းတစ်ပင်မြောက်ပိုင်းနဲ့ပဲခူးတိုင်းကို ချိတ်ဆက်မယ့်အလျား ၂၀၀ မီတာ အရှည်ရှိတဲ့ တံတားတစ်စင်းကိုလည်း တည်ဆောက်သွားမယ်လို့ သိရပါတယ်။
ထန်းတစ်ပင် နည်းပညာစက်မှုဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အချိန်ကာလအနေနဲ့ ကိုးနှစ်လောက်ကြာမြင့်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းခွဲခန့် ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ သိပါတယ်။
စီမံကိန်းကို အပိုင်းလေးပိုင်းနဲ့ အကောင်အထည်ဖော်တည်ဆောက်သွားမှာဖြစ်ပြီး လာမယ့် ၂၀၃၀ ခုနှစ်မှာ အပြီးသတ်မှာဖြစ်ပါတယ်။
ဒီကနေ့ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ MoU ရေးထိုးပွဲမှာတော့ ထန်းတစ်ပင်နည်းပညာစက်မှုဇုန်စီမံကိန်းအပါအဝင်အခြားလုပ်ငန်း ဆယ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။
Ref & Photo Credit : Thelifestylemyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ