By The Kumudra, Shweproperty.com
Updated at 2 August 2016
ကန်ထရိုက်တိုက်ခန်းတွေကို ရောင်းချတဲ့အခါမှာ ကြိုပွိုင့်စနစ်ထက် လက်ရှိရောင်းချနေတဲ့ အရစ်ကျစနစ်က ဝယ်သူတွေအတွက် ပိုပြီးခိုင်မာမှုရှိစေတယ်လို့ သိရတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "လက်ရှိအခြေအနေမှာ အရစ်ကျစနစ်က ဝယ်သူအတွက် ခိုင်မာမှုပိုရှိနေတယ်လို့ ပြောလိုရတယ်၊ အဆောက်အအုံတစ်ခုလုံးလဲ မျက်မြင်တွေရတယ်၊ ငွေတစ်ဝက်သွင်းပြီး နေခွင့်ရနေတာ ဝယ်သူအတွက် ကြိုပွိုင့်စနစ်ထက် ပိုသေချာတယ်" လို့ပြောပါတယ်။
လက်ရှိဈေးကွက်ထဲမှာတော့ ဆောက်ပြီးသား အခန်းတွေကိုပဲ ဝယ်သူက တန်ဖိုးရဲ့ တစ်ဝက်ပေးသွင်းရင် နေခွင့်ပြုတဲ့ ပုံစံနဲ့ရောင်းချနေကြ တာဖြစ်တယ်။ အရင်ကြိုပွိုင့်စနစ်နဲ့ ရောင်းချခဲ့တုန်းက ငွေကြိုသွင်းနေရပေမဲ့ စာရွက်စာတမ်းတစ်ခုပဲ ကိုင်ဆောင်ထားရတာဖြစ်တယ်။
ကြိပွိုင့်စနစ် ဈေးကွက်ဖြစ်ခဲ့တုန်းက အဆောက်အအုံ မပြီးတာ၊ ငွေပေးထားပြီး ဆက်မဆောက်တော့တာ၊ ကန်ထရိုက်နဲ့ မြေရှင်ပြသနာ ဖြစ်တာနဲ့ သွင်းထားတဲ့ ပိုက်ဆံပြန်မရတာ၊ သတ်မှတ်ထားတဲ့ နှစ်ထက်နောက်ကျမှရတာတွေ ကြုံရတဲ့ဝယ်သူနစ်နာ ဈေးကွက်ဖြစ်ခဲ့တယ်။
မှန်ကန်တဲ့သူတွေ ရှိပေမဲ့လည်း မမှန်ကန်တဲ့သူတွေကြောင့် ကန်ထရိုက်ဈေးကွက် ပျက်ခဲ့ရတာလို့ အကျိုးဆောင်တချို့က ပြောပါတယ်။ အရောင်း အဝယ်ဈေးကွက်အေးနေ တဲ့အချိန်မှာ ဝယ်သူမရှိတာကြောင့် ရောင်းချတဲ့သူတွေက ပုံစံပြောင်းပြီး အရစ်ကျပုံစံနဲ့ ပြောင်းလဲရောင်းချလာကြတာပါ။ အရင်ကကြိုပွိုင့်စနစ်မှာလည်း အရစ်ကျငွေသွင်းရတယ်ဆိုပေမဲ့ အခုရောင်းချနေတဲ့ အရစ်ကျစနစ်က အဆောက်အအုံပြီးစီးမှ ရောင်းချကြတာဖြစ် တယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က "အခုကတော့ အရစ်ကျစနစ်က အဆင်ပြေပါတယ် ၊ နောက်ပိုင်းတော့ ဘယ်လိုပုံစံတွေနဲ့ ပြောင်းလဲလာမလဲ မသိပေမဲ့ ပျက်သွားတဲ့ ကန်ထရိုက်ကြိုပွိုင့်ထက်စာရင်တော့ အရစ်ကျစနစ်က ပိုပြီး ဝယ်သူတွေအတွက် အဆင်ပြေပါတယ်"လို့ ပြောပါတယ်။
အရစ်ကျပုံစံနဲ့ရောင်းချနေတဲ့ အများစုမြို့နယ်တွေကတော့ သာကေတ၊ ဒေါပုံ၊ သမိုင်း၊ ကြည့်မြင်တိုင်၊ လိူင် စတဲ့နေရာတွေများတယ်။ ဈေးကွက်မှာ လက်ရှိအခြေအနေကတော့ အရောင်းအဝယ်အေးနေကာ အငှားကတော့ ပုံမှန်ဖြစ်နေတယ်လို့ သိရပါတယ်။
အိမ်ခြံမြေဈေးတွေကလည်း အကျဘက်ကို ဦးတည်ပြီး ဈေးကျနေတာဖြစ်ပေမဲ့ အိမ်ခြံမြေ အရောင်းအဝယ်ကတော့ တကယ်နေဖို့အတွက်ပဲ ဝယ်ယူကြတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
Ref : The Kumudra
Photo Credit : billkennemer
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ