By The Mirror, Shweproperty.com
Updated at 31 October 2017
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဆောက်လုပ်လျက်ရှိသောမုံရွာမြို့နန္ဒဝန်ရပ်ကွက်ရှိတန်ဖိုးနည်းတိုက်ခန်းများကို အောက်တိုဘာ၃ဝရက်မှ ဒီဇင်ဘာ၂ရက်အထိ ရုံးချိန်အတွင်းတိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် လျှောက်လွှာများလာရောက်ထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းများ၊အငြိမ်းစားဝန်ထမ်းများနှင့် အခြေခံလူတန်းစားများလည်းဝယ်ယူနိုင်ကြောင်း၊ဝယ်ယူသူနည်း လျှင်လျှောက်တဲ့သူတိုင်းကိုရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဝယ်ယူသူများပြားလျှင်မဲစနစ်နှင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ယခုတိုက်ခန်းများကိုမုံရွာမြို့တွင်အခြေချနေထိုင်လိုသောတခြားတိုင်းဒေသကြီးပြည်နယ်များတွင်သွားရောက်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများမည်သူမဆိုလျှောက်ထားနိုင်သည်ဖြစ်ကြောင်းသိရသည်။
ယခုရောင်းချမည့်တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများသည် ၁ဝနှစ်မှ ၁၅နှစ်အထိအရစ်ကျငွေချေသောစနစ်နှင့်ရောင်းချပေးသွားမည်ဖြစ်သည့်အတွက် ဝယ်ယူသူများအနေနှင့်အဆင်ပြေနိုင်ကြောင်းသိရသည်။
ဝယ်ယူသူများသည်မိမိဝယ်ယူလိုသောအထပ်မှ တိုက်ခန်းဈေးနှုန်း၏၃ဝရာခိုင်နှုန်းကို ချက်ချင်းငွေချေရပါမည်။ကျန် ၇ဝရာခိုင်နှုန်းအား မိမိဝယ်ယူလိုသော နှစ်အကန့်အလိုက်တစ်လချင်း အရစ်ကျငွေချေစနစ်နှင့်ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
တိုက်ခန်းဝယ်ယူသူများအနေနှင့် လာမည့်၂ဝ၁၈ခုနှစ်ဖေဖော်ဝါရီလအတွင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှ ပြောကြားကြောင်း သိရသည်။
ယခုရောင်းချပေးမည့်တန်ဖိုးမျှတတိုက်ခန်းများတွင် မြေညီထပ်ကိုငွေကျပ်၁၈၇သိန်း၊ပထမထပ်ကိုငွေကျပ်၁၇၇ သိန်း၊ဒုတိယထပ်ကိုငွေကျပ်၁၆၇သိန်း၊တတိယထပ်ကိုငွေကျပ်၁၅၇သိန်းနှင့်စတုတ္ထထပ်ကိုငွေကျပ်၁၄၇သိန်းဖြင့်တန်ဖိုးသတ်မှတ်ထားပြီးဝယ်ယူလိုသည့်ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူ၏ထောက်ခံချက်နှင့်
ကိုယ်တိုင်ရေးလျှောက်လွှာဖြင့်လည်းကောင်း၊အငြိမ်းစားဝန်ထမ်းများလျှောက်ထားပါကနောက်ဆုံးတာဝန်ထမ်း ဆောင်ခဲ့သော ဌာနတာဝန်ရှိသူ၏ထောက်ခံချက်နှင့်ကိုယ်တိုင်ရေးလျှောက်လွှာဖြင့်လည်းကောင်း၊အခြေခံလူတန်းစားများလျှောက်ထားပါက သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်နှင့်တိုက်ခန်းဖိုးငွေကိုလစဉ်အကျေအလည်ပေးသွင်းရန်အာမခံရမည့်ဆွေမျိုး သို့မဟုတ် မိသားစုဝင်နှစ်ဦး၏ထောက်ခံချက်များ ပါရမည်ဖြစ်ကြောင်းနှင့်ဆောက်လုပ်လျက်ရှိသောတန်ဖိုးနည်းတိုက်ခန်းများကိုရှစ်ခန်းတွဲ ငါးထပ်အဆောက်အအုံ ၁၉လုံးတွင်စုစုပေါင်းအခန်းပေါင်း ၇၆ဝကိုရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း ဝ၇၁-၂၄၈၇၂သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
Ref & Photo Credit : Buildersguide
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ