By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 21 March 2018
မြန်မာနိုင်ငံသားများ အနေဖြင့် အခြားရင်းနှီးမှု ကဏ္ဍများထက် အိမ်ခြံမြေကဏ္ဍရင်းနှီးမြှပ်ကို ပိုမိုစိတ်ဝင်စားကြောင်း ရင်နှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)၏ ဖေဖော်ဝါရီလထုတ် စာရင်းတွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှုအနေဖြင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ကဏ္ဍတွင် ၁၆ ဒသမ ၁၃ ရာခိုင်နှုန်း ၊ ကုန်ထုတ်လုပ်ရေး ကဏ္ဍတွင် ၁၄ ဒသမ ၉၅ ရာခိုင်နှုန်း ၊ ဟိုတယ် နှင့် ခရီးသွား ကဏ္ဍတွင့် ၉ ဒသမ ၉၁ ရာခိုင်နှုန်း ၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ၅ ဒသမ ၆၉ ရာခိုင်နှုန်း ၊ စွမ်းအင် ကဏ္ဍတွင် ၄ ဒသမ ၁၆ ရာခိုင်နှုန်း ၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ၀ ဒသမ ၉၇ ရာခိုင်နှုန်း ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ၀ ဒသမ ၅၃ ရာခိုင်နှုန်း နှင့် စိုက်ပျိုးရေး ကဏ္ဍတွင် ၀ ဒသမ ၃၄ ရာခိုင်နှုန်းများထက် အခြား ရင်းနှီးမြှပ်နံှမှု ၁၆ ဒသမ ၂၉ နှင့် စက်မှုလုပ်ငန်း အတွက် ရင်းနှီးမြှပ်နှံမှု ၄.၈၃ ရာခိုင်နှုန်းဖြစ်ပြီး အိမ်ခြံမြေကဏ္ဍတွင် ၂၅ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှု အမြင့်ဆုံးဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ကဖော်ပြထားသည်။
အိမ်ခြံမြေ ကဏ္ဍတွင် အိမ်ခြံမြေ ကုမ္ပဏီ ၆၇ ခုက အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော်ဖြင့် ရင်းနှီးမြှပ်နှံမှု အမြင့်ဆုံးဖြစ်နေကြောင်း ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(Dica) ၏စာရင်းတွင်ဖော်ပြထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ