By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 9 January 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာစီမံကိန်းတွေဖြစ်တဲ့ လှိုင်သာယာ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းနဲ့ သန်လျင် သီလဝါတို့မှာ တည်ဆောက်ထားတဲ့ ကျပ်သိန်း(၆၆)သိန်းမှ သိန်း(၆၀၀) အထိ တန်ဖိုးရှိတဲ့ တန်ဖိုးသင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို အတိုးနှုန်းသက်သာစွာဖြင့် အိမ်ရာချေးငွေနဲ့ရောင်းချသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။
ဝယ်ယူမယ့်သူတွေအနေနဲ့ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွင် ကျပ်သိန်း(၃၀)နှင့်အထက် ငွေစုထားရန်လိုအပ်ပါတယ်။ ဇန်နဝါရီလ(၂၄)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမှာဖြစ်ပြီး၊ လျှောက်ထားရာမှာ ဘဏ်စာအုပ်မူရင်း၊ မိတ္တူ ယူဆောင်လာရမှာဖြစ်ပါတယ်။
ဗိုလ်တစ်ထောင်မြို့နယ်၊ မြိ့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် နာမည်စာရင်းတင်သွင်းလျှောက်ထားရမှာ ဖြစ်ပြီး၊ အိမ်ရာချေးငွေနဲ့ဝယ်ယူမယ့်သူတွေအနေနဲ့ အိမ်ရာချေးငွေစာရင်းဖွင့်ထားတဲ့ နာမည်နဲ့သာ ဝယ်ယူနိုင် မှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ရောင်းချပေးမယ့် အခန်းတွေကတော့ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း အပိုင်း(၂)နဲ့ အပိုင်း(၃)အိမ်ရာ၊ ကျန်စစ်မင်းအိမ်ရာနဲ့ ရွှေလင်ပန်း Commmercial Area ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ယုဇန အပိုင်း(၁)၊ အပိုင်း(၂)၊ ကနောင်အိမ်ရာ၊ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ်ရှိ ရိုးမအိမ်ရာ၊ သန်လျင် သီလဝါအိမ်ရာတို့ကို ရောင်းချပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
အခန်းအရေအတွက်ပေါ်မူတည်ပြီး၊ Downpayment Seniorty အလိုက် အမည်စာရင်းတွေကို ကြေညာသွားမှာ ဖြစ်ပြီး၊ ဇန်နဝါရီလ (၃၀)နဲ့ (၃၁)ရက်တွေမှာ မဲနှိုက်ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Written By : ဝိုင်းနန္ဒီ
Photo Credit : Property
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ