By 7daydaily, Shweproperty.com
Updated at 18 December 2014
လှိုင်သာယာမြို့နယ်၊ ဝါ ဝါဝင်းကုမ္ပဏီပိုင်မြေနေရာနှင့် မြ စိမ်းရောင်အိမ်ရာစီမံကိန်းမြေနေ ရာများတွင် ဝင်ရောက်ကျူးကျော် ထားသည့် ကျူးကျော်မြေဈေး ကွက်သည် ၁၅ ပေပတ်လည်မြေ တစ်ကွက်လျှင် ကျပ်တစ်သိန်းမှ သုံးသိန်းထိ ပေါက်ဈေးရှိနေပြီး ပြန်လည်ရောင်းချမှုများရှိနေ ကြောင်းသတင်းရရှိသည်။ ဝါဝါ၀င်းကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်အိမ်ရာစီမံ ကိန်းမြေနေရာများရှိ ကျူးကျော် တဲများသည် ဒီဇင်ဘာလဆန်းမှစ၍ ဝင်ရောက်မြေနေရာဦးကာ တဲထိုးခြင်းဖြစ်ပြီး လက်ရှိတွင် ကျူးကျော်တဲအလုံးရေ ၂,၀၀၀ ကျော်ရှိနေသည်။ ယင်းနေရာများတွင် ကနဦး ဝင်ရောက်မြေနေရာဦးသူများက နေစရာမရှိဖြစ်နေသူများထံ ပြန်လည်ရောင်းချရာ ၁၅ ပေ ပတ် လည်မြေတစ်ကွက်လျှင် ကျပ် တစ်သိန်းမှ သုံးသိန်းအထိ ပေါက် ဈေးရှိနေခြင်းဖြစ်သည်။‘‘ကျွန်မဒီမြေနေရာကို သုံး သိန်းနဲ့ဝယ်ထားတာ။ တဲကိုဖျက် ဆီးခံရပေမယ့် မတတ်နိုင်ဘူး။ ပြန်ဆောက်ရမှာပဲ။ အခု ဒီကျူး ကျော်မြေနေရာတွေမှာ မြေတစ် ကွက်ကို အနည်းဆုံးတစ်သိန်းက နေသုံးသိန်းအထိရှိတယ်။ မြေဦး ပြီးတော့ ပြန်ရောင်းတဲ့သူတွေက ပြန်ရောင်းနေတာ။ တိုင်ဝါးတစ် လုံးကို လေးထောင်ကျော်ရှိတယ်။ မြေနေရာရော တဲဖိုးရေအတွက် ပါဆိုမနည်းဘူးကုန်တယ်’’ဟု ဝါဝါ၀င်းကုမ္ပဏီပိုင်မြေနေရာတွင် ကျူးကျော်မြေကွက်ဝယ်ယူနေ ထိုင်သော ဖြူးမြို့နယ်ဇာတိ ဒေါ်နုဝါက ပြောသည်။ လှိုင်သာယာမြို့နယ် အ တွင်းရှိ ကျူးကျော်တဲဝင်ရောက် တဲထိုးသူများမှာ ဧရာဝတီ တိုင်းဒေသကြီးမှ အများစုဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့်ဘ၀ ပျက်ကာ အလုပ်ရရှိရန် ရန်ကုန်မြို့သို့တက်လာကြောင်း ၎င်းတို့ကဆိုသည်။ ရန်ကုန်မြို့တွင် စက်ရုံလုပ်သား၊ ပန်းရန်၊ ကျပန်းစသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ သို့သော်ယခုအခါ စက်ရုံ၊အလုပ်ရုံများနှင့် အခြားအလုပ်စေခိုင်းသူများက ကျုးကျော်သမားများကို အလုပ်စေခိုင်းခြင်းမရှိတော့ကြောင်း ၎င်းတို့က ဆိုသည်။ လက်ရှိအချိန်တွင် လှိုင်သာယာမြို့နယ်အိမ်ခန်းငှား ခဈေးနှုန်းမှာ ကျပ်ခြောက်သောင်းအထိ မြင့်တက်နေပြီးအိမ်ရှင်က လူဦးရေ လေးဦးအထိသာ နေထိုင်ခွင့်ပြုထားသောကြောင့် ၎င်းတို့မှာ နေစရာမရှိ၍ ကျူးကျော်ဝင်ရောက်နေထိုင်ကြခြင်းဖြစ်သည်။ ဝါဝါ၀င်း ကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်အိမ်ရာ စီမံ ကိန်း မြေနေရာများတွင် ဝင် ရောက်ကျူးကျော်သော ကျူး ကျော်တဲထိုးသူများသည် ကနဦး မြေနေရာဦးသူများထံမှ ဝယ်ယူ၍ တဲထိုးသူများရှိသကဲ့သို့ ကိုယ်တိုင် မြေနေရာဦး၍ တဲထိုးသူများလည်းရှိကြောင်း ၎င်းတို့ကပြော သည်။ ‘‘ညကတဲတွေ အဖျက်ခံ လိုက်ရတယ်။ ဒီတဲဆောက်တာ က တစ်သိန်းလောက်ကုန်တယ်။ ဒီမြေနေရာကလည်း တစ်သိန်း လေးသောင်းနဲ့ ဝယ်ထားရတာ။ မြေနေရာမဦးရဲလို့ သူများဆီက ဝယ်ထားတာ။ အခုတော့ တဲရော ဖျက်ဆီးခံရတယ်။ ကျွန်မတို့က တော့ ပြန်ဆောက်မယ်’’ဟု ဧရာ ဝတီတိုင်း၊ မော်ကျွန်းမြို့နယ်၊ အ ထက်မအူကုန်းကျေးရွာမှ ဒေါ်မြင့် ခိုင်ကပြောသည်။ ‘‘ကျူးကျော်သမားတွေက မြေနေရာတွေဦးပြီး နေစရာမရှိ ဖြစ်နေတဲ့ ကျန်တဲ့ကျူးကျော်တွေ ကို ပြန်ရောင်းချနေတာက မနှစ် ကတည်းက လုပ်နေကြတာ။ မသိ တဲ့သူတွေက မြေနေရာဝယ်ကြ တာပေါ့။ ဖယ်ရှားခံရရင်လည်း ဆုံးတာပေါ့’’ဟု လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းစက်မှုဇုန်အနီး တွင် ကျူးကျော်နေထိုင်သော ဦးတင်ဝင်းက ပြောသည်။ ဝါဝါ၀င်းကုမ္ပဏီပိုင်မြေနေ ရာနှင့် မြစိမ်းရောင်စီမံကိန်းမြေ နေရာများတွင် ကျူးကျော်တဲများ ဝင်ဆောက်သောကြောင့်အဆိုပါ ကုမ္ပဏီနှစ်ခုက လူများငှားရမ်း၍ ကျူးကျော်တဲများကို ဒီဇင်ဘာ ၁၅ရက်ညနှင့် ၁၆ရက်ညတို့တွင် ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ ဖျက်ဆီးသော ကြောင့် ကျူးကျော်သမားများနှင့် ကုမ္ပဏီမှ ငှားရမ်းထားသူများ အပြန်အလှန်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်ညတွင် နှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှ မီးရှို့မှုများဖြစ်ပွားသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး တင်ဝင်းတို့ လာ ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရန်ကုန်မြို့ လှိုင်သာယာမြို့ နယ်တွင်ပင် ကျူးကျော်တဲများ ဝင်ရောက်နေရာယူသည့်နေရာ ၁၀ခုထိရှိပြီး ကျူးကျော်တဲတစ် သောင်းကျော်ထိရှိသည်။ လှိုင်သာယာမြို့နယ် အ တွင်း ကျူးကျော်တဲများဝင်ရောက် ဆောက်လုပ်နေခြင်းနှင့် ပတ် သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦး ကျော်ငြိမ်းထံဆက်သွယ်မေးမြန်း ရာ ဆက်သွယ်၍ မရရှိခဲ့ပေ။ ယခုနှစ် ဇန်နဝါရီအတွင်းပန်းလှိုင်တံတားအနီးနှင့် တွံတေးမြို့သို့သွားသောလမ်းဘေးရှိ ကျူးကျော်တဲငါးထောင်ကျော်နှင့် ရွှေလင်ပန်းစက်မှုဇုန် အနီးရှိ ကျူးကျော်တဲနှစ်ထောင်ကျော်ကို အာ ဏာပိုင်များက ဖယ်ရှားခဲ့သည်။ကျူးကျော်များကို ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်အမျိုးအစား လေးမျိုးခွဲခြားလေ့ရှိသည်။ ပထမအမျိုးအစားမှာ အစစ်အမှန် ကျူး(Real Squatter)ဖြစ်ပြီး ဒုတိယ မှာကျူးမြေကို အရင်ရောက်ပြီးနောင်မှရောက်လာသူများကို ပြန်ငှားစားသည့်အိမ် ငှားကျူး(Landlord Squatter) ဖြစ်သည်။ တတိယအမျိုးအစားမှာ စီးပွားဖြစ်ကျူး(Professional Squatter)ဖြစ်ပြီး စတုတ္ထအမျိုးအစားသည် မင်းမဲ့စရိုက်ကျူး (Anar chistic Squatter) ဖြစ်သည်ဟု စာရေးဆရာမြင့်မိုရ်ဆွေ ရေးသားထားသည့် စီးပွားရေးမြို့တော်လော၊ ကျူးမြို့တော်လော ဆောင်းပါးတွင် ဖော်ပြထားသည်။ ပထမအမျိုးအစားသည် မြို့ ပြဒေသရှိ အလွန်ဆင်းရဲနွမ်းပါး သည့် မိသားစုများနှင့်အလုပ်အ ကိုင်အကြောင်းပြပြီး ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ခိုဝင်လာသူများပါဝင်သည်။ ရန်ကုန်မြို့တွင်ရှိသော ကျူးကျော်နေထိုင်သူများမှာ ယခင်က ပထမအမျိုး အစားကျုးများသာအများစုဖြစ်နေရာမှ ၂၀၁၃နှစ်ဆန်းမှစပြီး စတုတ္ထအမျိုးအစား မင်းမဲ့စရိုက် ကျူးများနေရာအနှံ့တွင် အလုံးအရင်း မင်းမူ လာကြောင်း အဆိုပါဆောင်းပါး တွင်ဖော်ပြထားသည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ