By Myanmar Builders Guide, Shweproperty.com
Updated at 4 November 2019
#Unicode
ကျူးကျော်များနေထိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း အိမ်ရာနှစ်သောင်း ခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွဲဖက်အတွင်းရေးမှူးဦးသန်းက ပြောသည်။
‘‘ဒီ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာတော့ တတ်နိုင်သမျှအိမ်ရာအဆောက်အအုံ နှစ်သောင်းလောက်ပြီးအောင် ရည်ရွယ်ထားတယ်’’ ဟု ၎င်းကပြောသည်။
ထို့ပြင် ကျူးကျော်များနေထိုင်ရန်အတွက် ၁၅ ပေ ၃၅ ပေရှိသည့် အဆောက်အအုံများ၏ တန်ဖိုးငွေမှာကျပ်သိန်း ၃၀ ဝန်းကျင်ရှိပြီး ယင်းအိမ်ရာငွေကြေးကိုနေထိုင်သူများက အရစ်ကျစနစ်ဖြင့်ပေးသွင်းနိုင်ရန် ချေးငွေရရှိရေးကိုလည်းစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
‘‘သူတို့က ၂၅ သိန်း၊ သိန်း ၃၀ ကိုလက်ငင်းပေးနိုင်မလားဆို မပေးနိုင်ဘူး။ သူတို့အရစ်ကျပေးနိုင်အောင်လည်း လုပ်နေတယ်။ ဒီချေးငွေရရှိရေး Microfinance ပေါ့။ ချေးငွေရရှိရေးအတွက် သူတို့ကိုစီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။တစ်လကိုသူတို့က ရှစ်သောင်းဝန်းကျင် တစ်သိန်းဝန်းကျင်တော့ ပြန်သွင်းရမှာပေါ့’’ ဟု ဦးသန်း က ပြောသည်။
လက်ရှိရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကျူးကျော်နေထိုင်သူများ အတွက် လူထုအခြေပြုအိမ်ရာစီမံကိန်းကို ရွှေပြည်သာစက်မှုဇုန်အနီးတွင်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။‘‘အခုလောလောဆယ် ကျွန်တော်တို့ အဆောက်အအုံငါးထောင်လောက်မြေဟာ Community ပိုင်မြေဖြစ်မယ်။
အဲဒီပေါ်မှာ ၁၅ ပေ ၃၅ ပေရှိတဲ့ အဆောက်အဦးတွေကို ကျူးကျော်တွေကိုယ်တိုင်က သူတို့ဒီမှာတန်ဖိုးအား ဖြင့်တော့ ၂၅ သိန်း၊ သိန်း ၃၀ ဝန်းကျင်လောက် ရှိပါ့မယ်။
ကျူးကျော်တွေ ကိုယ်တိုင်က ဒီလိုပုံစံဆောက်ချင်တယ်ဆိုပြီး ပျိုမေ့အိမ်အဖွဲ့အစည်းကနေကွင်းဆင်းစာရင်းကောက်ယူပြီးတော့ သူတို့ဖြစ်ချင်တဲ့ သူတို့တတ်နိုင်တဲ့ တစ်နိုင်ဈေးနှုန်းလေးတွေညှိနှိုင်းပြီးတော့မှအခုတစ်ပြေးညီပုံစံရေးဆွဲပေးထားပါတယ်။ အဲဒီအတိုင်းလည်းစတင်ပြီးတော့ အကောင်အထည်ဖော်နေပါပြီ။ ရွှေပြည်သာမှာစပြီးတော့ အကောင်အထည်ဖော်နေပါပြီ’’ ဟု ၎င်းက ဆက်လက် ပြောပြသည်။
လက်ရှိ ကျူးကျော်နေထိုင်သူများအတွက် အိမ်ရာလိုအပ်ချက်သည် တစ်သိန်းခွဲခန့်ရှိသောကြောင့် ဒဂုံလေးမြို့နယ်တွင် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရန် မြေနေရာရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများအတွက်ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို နှစ်ရှည်အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ရန်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကုမ္ပဏီများကို စိတ်ဝင်စားမှု အဆိုပြုလွှာ(EOI) ခေါ်ယူ ထားကြောင်းလည်း သိရသည်။
#Zawgyi
က်ဴးေက်ာ္မ်ားေနထိုင္ရန္အတြက္ ယခုဘ႑ာႏွစ္အတြင္း အိမ္ရာႏွစ္ေသာင္း ခန္႔ တည္ေဆာက္ၿပီးစီးရန္ ေမၽွာ္မွန္းထားေၾကာင္း ရန္ကုန္ၿမိဳ႔ေတာ္ စည္ပင္သာယာေရးေကာ္မတီတြဲဖက္အတြင္းေရးမွဴးဦးသန္းက ေျပာသည္။
‘‘ဒီ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္ထဲမွာေတာ့ တတ္နိုင္သမၽွအိမ္ရာအေဆာက္အအုံ ႏွစ္ေသာင္းေလာက္ၿပီးေအာင္ ရည္ရြယ္ထားတယ္’’ ဟု ၎ကေျပာသည္။
ထို႕ျပင္ က်ဴးေက်ာ္မ်ားေနထိုင္ရန္အတြက္ ၁၅ ေပ ၃၅ ေပရွိသည့္ အေဆာက္အအုံမ်ား၏ တန္ဖိုးေငြမွာက်ပ္သိန္း ၃၀ ဝန္းက်င္ရွိၿပီး ယင္းအိမ္ရာေငြေၾကးကိုေနထိုင္သူမ်ားက အရစ္က်စနစ္ျဖင့္ေပးသြင္းနိုင္ရန္ ေခ်းေငြရရွိေရးကိုလည္းစီစဥ္ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
‘‘သူတို့က ၂၅ သိန္း၊ သိန္း ၃၀ ကိုလက္ငင္းေပးနိုင္မလားဆို မေပးနိုင္ဘူး။ သူတို႔အရစ္က်ေပးနိုင္ေအာင္လည္း လုပ္ေနတယ္။ ဒီေခ်းေငြရရွိေရး Microfinance ေပါ့။ ေခ်းေငြရရွိေရးအတြက္ သူတို႔ကိုစီစဥ္ေဆာင္ရြက္ေပးမွာ ျဖစ္ပါတယ္။တစ္လကိုသူတို့က ရွစ္ေသာင္းဝန္းက်င္ တစ္သိန္းဝန္းက်င္ေတာ့ ျပန္သြင္းရမွာေပါ့’’ ဟု ဦးသန္း က ေျပာသည္။
လက္ရွိရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကက်ဴးေက်ာ္ေနထိုင္သူမ်ား အတြက္ လူထုအေျချပဳအိမ္ရာစီမံကိန္းကို ေရႊျပည္သာစက္မွုဇုန္အနီးတြင္စတင္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။‘‘အခုေလာေလာဆယ္ ကၽြန္ေတာ္တို့ အေဆာက္အအုံငါးေထာင္ေလာက္ေျမဟာ Community ပိုင္ေျမျဖစ္မယ္။
အဲဒီေပၚမွာ ၁၅ ေပ ၃၅ ေပရွိတဲ့ အေဆာက္အဦးေတြကို က်ဴးေက်ာ္ေတြကိုယ္တိုင္က သူတို႕ဒီမွာတန္ဖိုးအား ျဖင့္ေတာ့ ၂၅ သိန္း၊ သိန္း ၃၀ ဝန္းက်င္ေလာက္ ရွိပါ့မယ္။
က်ဴးေက်ာ္ေတြ ကိုယ္တိုင္က ဒီလိုပုံစံေဆာက္ခ်င္တယ္ဆိုၿပီး ပ်ိဳေမ့အိမ္အဖြဲ႕အစည္းကေနကြင္းဆင္းစာရင္းေကာက္ယူၿပီးေတာ့ သူတို႕ျဖစ္ခ်င္တဲ့ သူတို႕တတ္နိုင္တဲ့ တစ္နိုင္ေစ်းႏွုန္းေလးေတြညႇိႏွိုင္းၿပီးေတာ့မွအခုတစ္ေျပးညီပုံစံေရးဆြဲေပးထားပါတယ္။ အဲဒီအတိုင္းလည္းစတင္ၿပီးေတာ့ အေကာင္အထည္ေဖာ္ေနပါၿပီ။ ေရႊျပည္သာမွာစၿပီးေတာ့ အေကာင္အထည္ေဖာ္ေနပါၿပီ’’ ဟု ၎က ဆက္လက္ ေျပာျပသည္။
လက္ရွိ က်ဴးေက်ာ္ေနထိုင္သူမ်ားအတြက္ အိမ္ရာလိုအပ္ခ်က္သည္ တစ္သိန္းခြဲခန္႔ရွိေသာေၾကာင့္ ဒဂုံေလးၿမိဳ႔နယ္တြင္ ဆက္လက္အေကာင္ အထည္ေဖာ္ေဆာင္ရြက္ရန္ ေျမေနရာေရြးခ်ယ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႕ျပင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က အစိုးရဝန္ထမ္းမ်ားႏွင့္ ပုဂၢလိက ကုမၸဏီဝန္ထမ္းမ်ားအတြက္ရည္ရြယ္ၿပီး တန္ဖိုးနည္းအိမ္ရာစီမံကိန္းမ်ားကို ႏွစ္ရွည္အရစ္က်စနစ္ျဖင့္ဝယ္ယူနိုင္ရန္ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ေရးကုမၸဏီမ်ားကို စိတ္ဝင္စားမွု အဆိုျပဳလႊာ(EOI) ေခၚယူ ထားေၾကာင္းလည္း သိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ