By Myanmar Builders Guide, Shweproperty.com
Updated at 7 November 2019
#Unicode
ရန်ကုန်တိုင်းအစိုးရက ချထားပေးမည့် ကျူးကျော်နေထိုင်သူများအတွက် အိမ်ရာစီမံကိန်းများကို YESC က လျှပ်စစ်မီးကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ တာဝန်ရှိတဲ့သူတွေနဲ့ ဆွေးနွေးပြီးတာနဲ့ တပြိုင်နက် လျှပ်စစ်ပံ့ပိုးပေးနိုင်ဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်လျှပ်စစ်ဓါတ်အား ဖြန်ဖြူးရေးကော်ပိုရေးရှင်း အထွေထွေမန်နေဂျာ ဦးဆန်းဌေးက ပြောသည်။
ကျူးကျော်များသာ နေရေးအခက်အခဲရှိသူအားလုံးကို တိုင်းအစိုးရက ကျပ်သိန်း ၃၀ တန် အိမ်ရာစီမံကိန်းများ ချထားပေးရာတွင် လျှပ်စစ်မီးရရှိရေးအတွက် မီးကြိုး၊မီးတိုင် ၊မီးလိုင်းများ လိုက်လံဆောင်ရွက်ပေးရန် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ခွင့်ပြုချက်ရရှိသည် နှင့် တစ်ပြိုင်နက်ဓါတ်အားခွဲရုံများဆောက်လုပ်ကာ နှင့် ယင်းနေရာများတွင် လျှပ်စစ်မီးရရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
ယင်းစီမံကိန်းကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ပြီး ဒဂုံ မြို့သစ် ၄ မြို့နယ်၊လှိုင်သာယာ နှင့်ရွှေပြည်သာတို့တွင် အိမ်ခြေတစ်သိန်းခန့် ဖော်ဆောင်သွားရန် စီစဉ်နေကြောင်းသိရသည်။
#Zawgyi
ရန္ကုန္တိုင္းအစိုးရက ခ်ထားေပးမည့္ က်ဴးေက်ာ္ေနထိုင္သူမ်ားအတြက္ အိမ္ရာစီမံကိန္းမ်ားကို YESC က လွ်ပ္စစ္မီးကူညီေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ တာဝန္ရွိတဲ့သူေတြနဲ႔ ေဆြးေႏြးၿပီးတာနဲ႔ တၿပိဳင္နက္ လွ်ပ္စစ္ပံ့ပိုးေပးႏိုင္ဖို႔ စီစဥ္သြားမွာ ျဖစ္ပါတယ္”ဟု ရန္ကုန္လွ်ပ္စစ္ဓါတ္အား ျဖန္ျဖဴးေရးေကာ္ပိုေရးရွင္း အေထြေထြမန္ေနဂ်ာ ဦးဆန္းေဌးက ေျပာသည္။
က်ဴးေက်ာ္မ်ားသာ ေနေရးအခက္အခဲရွိသူအားလုံးကို တိုင္းအစိုးရက က်ပ္သိန္း ၃၀ တန္ အိမ္ရာစီမံကိန္းမ်ား ခ်ထားေပးရာတြင္ လွ်ပ္စစ္မီးရရွိေရးအတြက္ မီးႀကိဳး၊မီးတိုင္ ၊မီးလိုင္းမ်ား လိုက္လံေဆာင္႐ြက္ေပးရန္ ျပင္ဆင္ေဆာင္႐ြက္ထားၿပီးျဖစ္ေၾကာင္း၊ခြင့္ျပဳခ်က္ရရွိသည္ ႏွင့္ တစ္ၿပိဳင္နက္ဓါတ္အားခြဲ႐ုံမ်ားေဆာက္လုပ္ကာ ႏွင့္ ယင္းေနရာမ်ားတြင္ လွ်ပ္စစ္မီးရရန္ ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း ၎ကေျပာသည္။
ယင္းစီမံကိန္းကို ယခုႏွစ္အတြင္း အၿပီးေဆာင္႐ြက္သြားမည္ ျဖစ္ျပီး ဒဂုံ ၿမိဳ႕သစ္ ၄ ၿမိဳ႕နယ္၊လႈိင္သာယာ ႏွင့္ေ႐ႊျပည္သာတို႔တြင္ အိမ္ေျခတစ္သိန္းခန႔္ ေဖာ္ေဆာင္သြားရန္ စီစဥ္ေနေၾကာင္းသိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ