By ဝိုင်းနန္ဒီ (ShweProperty.com), Shweproperty.com
Updated at 9 August 2019
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ကျူးကျော်တွေအတွက် ကျပ်သိန်း(၃၀)တန် တိုက်ခန်းတွေကို (၁၀)ဦးတစ်ဖွဲ့ ဝိုင်းကြီးချုပ်စနစ်နဲ့ ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
အဆိုပါတန်ဖိုးနည်းတိုက်ခန်းတွေကို အစိုးရမြေပေါ်မှာ မြေတန်ဖိုးထည့်တွက်ခြင်းမရှိဘဲ ရောင်းချပေးသွားမှာ ဖြစ်ပြီး၊ ကျူးကျော်အမည်ခံပြီး စီးပွားရှာနေတဲ့သူတွေကိုတော့ ရောင်းချပေးသွားမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
အဆိုပါတန်ဖိုးနည်းအိမ်ရာတွေကို လေးထပ်ကနေ ငါးထပ်အထိ အထပ်မြင့်တည်ဆောက်သွားမှာဖြစ်ပြီး၊ ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနဲ့ ပူးပေါင်းပြီး စီစဉ်သွားမှာပါ။ စီမံကိန်းကို တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ဖြစ်ပြီး၊ တစ်မြို့နယ်ကို အိမ်ရာအခန်း တစ်သောင်းနှုန်းနဲ့ မြို့နယ်အားလုံးမှာ တစ်ပြိုင်နက်တည်းဖော်ဆောင်သွားမယ်လို့ သိရပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Kumudranews
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ