By Central News Myanmar, Shweproperty.com
Updated at 21 December 2017
ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များနှင့် အငြိမ်းစားဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် တွံတေးမြို့နယ်တွင် အကောင်ထည်ဖေါ်ရန် စီစဉ်ထားကြောင်း တွံတေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောသည်။
တွံတေးမြို့နယ်ရှိ မြေဧက ၃၀၀၀တွင် လုပ်ဆောင်ရန် စီစဉ်ထားပြီး ပဒံရေကျော်ကျေးရွာအုပ်စု လှိုင်သာယာ-တွံတေးကားလမ်း ညာဘက် အခြမ်းရှိ မြေဧက ၂၆၂ဧကပေါ်တွင် ကနဦး လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
''ဒီဇင်ဘာ ၁၈ ရက် က စီမံကိန်း လုပ်မယ့် နေရာ က ပြည်သူတွေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့တယ်။ ဝန်ကြီးချုပ်ကတော့ ဒါကိုအမြန်ဆုံး အကောင်အထည်ဖော်မယ် ပြောသွားတယ်။ ကျူးကျော်နဲ့ အငြိမ်းစားဝန်ထမ်းတွေအတွက် ရည်ရွယ်ပြီးတော့ တန်ဖိုးနည်းအိမ်ရာ စဆောက်မှာပေါ့။ မြို့သစ်စီမံကိန်းဧရိယာထဲမှာတော့ မပါဘူး။ ဒါကညာဖက်အခြမ်းမှာ ဆောက်မယ်။ မြေဧက ၃၀၀၀ မှာ ၃၀၀လောက်က ရွာမြေနဲ့ သာသနိကအဆောက်အအုံဖယ်တော့ ဧက၂၇၀၀ကျော်လောက် ရှိတယ်။ အဲ့ဒီထဲမှာမှ ၂၆၂ဧကကို စပြီးအကောင်အထည်ဖော်မှာ ဖြစ်တယ်။ နှစ်ဆန်းပိုင်းမှာပဲ ဖြစ်မှာပါ” ဟု ဒေါက်တာကျော် ဇင်ဦးက ပြောသည်။
ကျူးကျော်များနေထိုင်ရန်အတွက် အိမ်ရာများ တည်ဆောက်ရာတွင် Public Private Partership (ပုဂ္ဂလိကနှင့် အစိုးရတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးတူပူးပေါင်းကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းတွင်ပါဝင်သည့် လယ်ယာမြေများကို မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် မြို့မြေအဖြစ် သတ်မှတ်ပြီး သည့် မြေ ၂၀ရာခိုင်နှုန်းသာ ပေးမည်ဖြစ်ကြောင်းနှင့် လယ်တစ်ဧကလျှင် ပေ၄၀×၆၀ မြေသုံးကွက် ပြန်လည် ရရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ လျော်ကြေးအဖြစ် မြို့မြေ ၂၀ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ပေးမည့်အပေါ် သဘောမတူသည့် ဒေသခံလယ်သမားများ ၅ ရာခိုင်နှုန်းကျော်ရှိပြီး ယင်းလယ် မြေများအား သိမ်းယူမည် မဟုတ်ဘဲ မူလလယ်မြေ အတိုင်းသာ ထားရှိပေးမည် ဖြစ်ကြောင်း သိရသည်။
Ref : Central News Myanmar
Photo Credit : Google
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ