By Myanmar Builders Guide, Shweproperty.com
Updated at 5 February 2019
အစိုးရဝန်ကြီးဌာနများ၏ မြေပိုများနှင့် နိုင်ငံတော်စီမံကိန်း များကို အွန်လိုင်းပေါ်တွင် အလွယ်တကူကြည့်ရှုနိုင်မည့် မြေယာဘဏ် (Land Bank)နှင့် စီမံကိန်း ဘဏ် (Project Bank) များကို လာမည့်ဘဏ္ဍာနှစ်၌ စတင်လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း ရင်း နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။
‘‘ရင်းနှီးမြှုပ်နှံသူတွေက သူ တို့လိုချင်တဲ့ မြေနေရာရဖို့ ခက်တယ်လို့ ပြောကြတယ်။ အဲဒါ ကြောင့် Land Bank တစ်ခုကို တည်ထောင်သွားမယ်။ ဝန်ကြီးဌာနတိုင်းက သူတို့ရဲ့ မြေပိုတွေ ကို အွန်လိုင်းပေါ်မှာ မှတ်ပုံတင်ပြီး ထားမယ်။ ဒါဆိုရင် ရင်းနှီးမြှုပ်နှံ သူတွေက ဘယ်မြေတွေကို သူတို့ ငှားလို့ရမလဲဆိုတာ သိလာမှာဖြစ် တယ်’’ဟု ဝန်ကြီး ဦးသောင်းထွန်း က ပြောသည်။
ထိုရလဒ်များကို ၂၀၂၀ တွင် စတင်မည့် စီမံကိန်းများ၌ တွေ့ရမည်ဖြစ်ပြီး ယခုနှစ်က စတင် ပြီး ဝန်ကြီးဌာနများသည် မိမိတို့ လုပ်ကိုင်လိုသည့် စီမံကိန်းများကို MSDP (ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှု စီမံချက်)နှင့် ကိုက်ညီအောင် ရေးဆွဲရမည်ဟု အဆိုပါဝန်ကြီး ဌာနက ဆိုထားသည်။
စီမံကိန်းဘဏ်ဆိုသည်မှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များ ရေးဆွဲထားသည့် စီမံကိန်း များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အချက်အလက် ပေးပို့၍ အဆိုပါဘဏ်များတွင် သိမ်းဆည်းထားခြင်းဖြစ်သည်။
စီမံကိန်းဘဏ်တွင် ပါဝင် မည့် စီမံကိန်းသည် စီမံကိန်းအမည်၊ မဟာဗျူဟာမြောက် အရေးပါမှု၊ လုပ်ငန်းစီမံချက်၊ လျာထား စီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူ ရန် အရင်းအမြစ်နှင့် စီမံကိန်း အကျိုးအပြစ်များ ပါဝင်သော လေ့လာဆန်းစစ်ချက်များ၊ စီမံကိန်း အကောင်အထည်ဖော်ရန် စုစု ပေါင်း ကုန်ကျစရိတ်နှင့် အစိုးရ ထည့်ဝင်ရမည့် ငွေကြေးပမာဏ များ ဖော်ပြထားရမည်ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ရခြင်း သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူရန်ဖြစ်ပြီး မြေယာလိုအပ် သည့် လုပ်ငန်းရှင်များကို မြေယာ တိုက်ရိုက်ပေးနိုင်ရန်ဖြစ်သည်ဟု ဝန်ကြီးဦးသောင်းထွန်းက ဆိုသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ