By 7day Daily, Shweproperty.com
Updated at 20 December 2018
မန္တလေးအိမ်ခြံမြေ ဈေးကွက်အရောင်းအေးနေသော် လည်း မြန်မာနိုင်ငံဒေသအနှံ့မှ လုပ်ငန်းရှင်များက စီးပွားရေး လုပ်ကိုင်ရန်၊ လုပ်ငန်းတိုးချဲ့ရန် လူစည်ကားသော မြို့နယ်များ တွင် မြေကွက်ဝယ်ယူရန် စိတ် ဝင်စားမှု များပြားလာသည်ဟု အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ အချို့က ပြောကြားသည်။
မန္တလေးမြို့သည် မြန်မာ နိုင်ငံ အလယ်ပိုင်းဒေသတွင် ရှိသည့် စီးပွားရေးမြို့တော်တစ် ခုဖြစ်သည်နှင့်အညီ စီးပွားရေး လုပ်ငန်းရှင်များသည် အလယ် ပိုင်းဒေသ၌ လုပ်ငန်းတိုးချဲ့ရန် မန္တလေးရှိ မြေကွက်များကို ဝယ်ယူကာ စီးပွားရေးလုပ်ငန်း များချဲ့ထွင်လာနေသည်။
‘‘မန္တလေးက အလယ်ဗဟို ကျနေတော့ ဘယ်မြို့နယ်နဲ့မဆို ဆက်သွယ်လို့ရတယ်။ အချက်အ ချာကျတယ်ပြောရမှာပေါ့ အ ထက်ပိုင်းနဲ့ရော၊ အောက်ပိုင်းနဲ့ ရော ဆက်သွယ်မှုကောင်းတယ်။ ကုမ္ပဏီတွေအနေနဲ့ဆိုရင် တရုတ် ပြည်ကလာမယ်ဆို မန္တလေးက အဓိကပေါ့။ ရန်ကုန်ဆိုတာလည်း မန္တလေးကနေ ဖြတ်သွားရတာ လေ။ ဒါကြောင့် လုပ်ငန်းတိုးချဲ့ လာကြတယ်’’ ဟု ရွှေပန်းချီ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ မနှင်းနုဝေက ပြောသည်။
နယ်မြို့များမှ စီးပွားရေး လုပ်ငန်းတစ်ခုခု လုပ်ကိုင်နေ ထိုင်ရန် ဝယ်ယူမှုများရှိသလို ရန်ကုန်မှလုပ်ငန်းရှင်များက စီး ပွားရေးလုပ်ငန်းများအတွက် ရုံး ခန်းဖွင့်ရန်၊ ကုမ္ပဏီခွဲဖွင့်ရန် ဝယ်များသည်ဟု သိရသည်။
‘‘အခုချိန်မှာ ပွင့်ပွင့်လင်း လင်းဝန်ခံရရင် မန္တလေးကလူ တွေကတော့ ဝိတ်လျှော့ချင်လို့ ပြန်ရောင်းကြတာများတယ်။လုပ် ငန်းရှင်တွေဆိုရင်လည်း နယ်က လုပ်ငန်းအတွက် ဝယ်တယ်။ တချို့ဆိုလည်း ကုမ္ပဏီခွဲဖွင့်ဖို့ဝယ်တယ်။ အဲဒီလိုမျိုးတော့ပိုများ တယ်’’ ဟု မနှင်းနုဝေက ပြောသည်။
ယခင်က မန္တလေးအိမ်ခြံမြေ ဈေးကွက်သည် ဈေးအဆမတန် ခေါ်ကာ မြေကွက်များရောင်းချ နေမှုကြောင့် မန္တလေးတွင် ရင်းနှီး မြှုပ်နှံသူ နည်းပါးခဲ့ပြီး ယခု နောက်ပိုင်း ကာလပေါက်ဈေး အတိုင်း ဈေးပြန်မှန်လာသဖြင့် ရင်းနှီးမြှုပ်နှံသူများပြန်လည် စိတ် ဝင်စားလာသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ် သည်။
မြေကွက်ဝယ်ယူသူများက စက်မှုဇုန်နှင့် ချမ်းအေးသာစံ၊ချမ်း မြသာစည်၊ မဟာအောင်မြေ စသည့် မြို့နယ်များတွင် ဝယ်ယူ ရန်စိတ်ဝင်စားပြီး မိမိလုပ်ကိုင် မည့် လုပ်ငန်းအလိုက်ဝယ်ယူချင် သည့်မြို့နယ်၊ မြေနေရာကိုရွေး ချယ်သည်ဟု အိမ်ခြံမြေပွဲစား များကဆိုသည်။
‘‘နေရာကတော့ သူတို့လုပ် မယ့် စီးပွားရေးအပေါ်မူတည်ပြီး လူစည်တဲ့နေရာမှာ ဝယ်ရင်လည်း ဝယ်တာပဲ။ ဥပမာ ကားရှိုးရွမ်း ဖွင့်မယ်ဆိုရင် မြို့သစ်ဘက်မှာ ဝယ်တယ်။ စက်ရုံလုပ်ငန်းလုပ်မယ်ဆိုရင်လည်း စက်မှုဇုန်ဘက်မှာ ရင်းနှီးမြှုပ်နှံကြတယ်’’ ဟု ဖိုးလမင်းမြန်မာ ကုမ္ပဏီလီမိတက်မှ ကိုဝဏ္ဏစိုးက ပြောသည်။
မန္တလေးရှိ မြေကွက်များ၏ ပျမ်းမျှကာလ ပေါက်ဈေးသည် မြေနေရာလိုက်၍ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅,၀၀၀ အထိရှိ သည်။
Ref : 7day Daily
Photo Credit : Homeconnex
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ