By SFJ Strategy First, Shweproperty.com
Updated at 12 October 2017
ရင်းနှီးမြုပ်နှံမှုကြီးမားလွန်းတဲ့ ရတနာနှင်းဆီနဲ့ဧရာဝဏ်စီမံကိန်း ကျန်ရှိအဆောက်အအုံလုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းရှင်တွေဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာအကောင်အထည်ဖော်နေတဲ့ ယင်းအိမ်ရာစီမံကိန်းရဲ့ ကျန်ရှိအဆောက်အအုံ ၃၄ အ တွက် ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပြီး အကျိူးတူပူးပေါင်းအကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြအိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတွေထံကသိရတာပါ။
ယင်းအထပ်မြင့်အိမ်ရာစီမံကိန်းတစ်ခုလုံးအတွင်း အဆောက်အအုံ ၄၉ လုံးတည်ဆောက်ဖို့မှန်းထားပြီး စီမံကိန်း Master Plan အရ ၂၄ ခန်းတွဲ ၁၈ ထပ်ပါတဲ့ အဆောက်အဦးတွေဖြစ်ပြီး တိုက်တစ်လုံးကို အခန်းပေါင်း ၄၀၀ နဲ့ တိုက်ခန်းပေါင်း ၂၀၀၀၀ လောက်ရှိတဲ့ မြို့ပြစီမံကိန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲအရပ်သားအစိုးရလက်ထက်ကတည်းကစတင်ခဲ့တဲ့ ယင်းအထပ်မြင့်အိမ်ရာစီမံကိန်းစတင်ခဲ့ပေမယ့် တည်ဆောက်မှုပမာဏကြီးမားလွန်းတာကြောင့် လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး ဆက်လက်အကောင်အထည် ဖော်နေခြင်းလည်း ဖြစ်ပါတယ်။
လူဦးရေ ၈ သောင်းကနေ တစ်သိန်းကြားနေထိုင်နိုင်တဲ့ မြို့ကြီးတစ်မြို့အဖြစ် အကောင်အထည်ဖော်နေခြင်း ဖြစ်ပြီး အဆောက်အဦး ၁၅ လုံးစတင်ဆောက်လုပ်ခဲ့တာလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြအိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတွေထံကသိရတာပါ။
လက်ရှိပြီးစီးနေပြီဖြစ်တဲ့ တိုက်ခန်းတွေကိုလည်း ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ပူးပေါင်းပြီး ၁၅ နှစ် အရစ်ကျရောင်းချပေးနေခြင်းလည်းဖြစ်ပါတယ်။
Ref & Photo Credit : SFJ Strategy First
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ