By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 13 February 2018
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင် ၊ မန္တလေး-လားရှိုးလမ်းမကြီးဘေး (၂၁)မိုင်အနီးတွင် “New Mandalay Resort City” စီမံကိန်း (ရတနာပုံ Cyber City) ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်တွင်းနှင့်ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများ၏ ဆောင်ရွက်လိုကြောင်း အဆိုပြုလွှာများကို ခေါ်ယူကြောင်း ဖေဖေါ်ဝါရီလ(၅)ရက်နေ့က ထုတ်ပြန်လိုက်သည်။ စီမံကိန်းဧရိယာမှာ ဧက (၁၀၀၀၀) ခန့် ကျယ်ဝန်းပြီး မြို့ပြဖွံ့ဖြိုးရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အခြေပြုသော Green, Clean and Smart City အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ရန် လျာထားပြီး development plan များရေးဆွဲထားကြောင်း သိရပါသည်။ မြန်မာနိုင်ငံအစိုးရ နှင့် တည်ဆောက်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီက ဦးစီး၍ ယင်းစီမံကိန်းကို စက်မှု(IT)နည်းပညာ၊ စိုက်ပျိုးရေးစီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို အခြေပြု၍ မြို့ပြအသစ်တစ်ခုအဖြစ် ဖော်ဆောင်မည်ဖြစ်သည့်အတွက် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လိုသည့် ရင်းနှီးမြုပ်နှံ လိုသူများက အဆိုပြုလွှာကို (၃၁၊၃၊၂၀၁၈) ညနေ(၅)နာရီ နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။ စီမံကိန်းမြေကို အကျိုးရှိစွာဖော်ဆောင်နိုင်မည့် အတွေအကြုံ ၊ ကျွမ်းကျင်မှုနှင့် လုပ်နိုင်စွမ်းရှိသော ကုမ္ပဏီများသည် NMR City Concept Plan အပေါ် အခြေခံ၍ တည်ဆောက်ရေး၊ ဈေးကွက်ရှာဖွေရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောက်လုပ်ရွက်လိုကြောင်း အချက်အလက်များဖြင့် အဆိုပြုလွှာကို တင်သွင်းရမှာဖြစ်ကြောင်းသိရပါတယ်။ Photo Credit : New Mandalay Resort City Written By : Win Kyaw Kyaw (ShweProperty.com) Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ