By Kumudra, Shweproperty.com
Updated at 22 January 2019
ဒဂုံမြို့သစ်အရှေ့ ပိုင်းနဲ့ ဒဂုံမြောက်ပိုင်းမြို့နယ်က ရပ်ကွက်တချို့မှာ စရိတ်သက် သာတဲ့ သံဖရိမ်နဲ့နေအိမ်တွေ ဆောက်လုပ်မှုများလာသလို ပြောင်းရွှေ့နေထိုင်သူ ရော၊ အငှား ချထားသူတွေပါ များလာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီ က သိရပါတယ်။
ဒဂုံအရှေ့ရပ်ကွက်တွေမှာ စက်ရုံ၊ အလုပ်ရုံတွေပေါများတာ ကြောင့် အဆောင်နေသူတွေ အိမ်ငှားတွေ ပေါများနေပါတယ်။ ဒဂုံအရှေ့ပိုင်းက ၁၈ရပ်ကွက်မှာဆိုရင် မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ ဆောက်နိုင်တဲ့ သံဖရိန်အိမ် တွေအခန်းတွဲတွေဆောက်လုပ် ပြီး အခန်းငှားတာတွေ များနေတာ ကို တွေ့ရပါတယ်။
ဒဂုံလေးမြို့နယ် အိမ်ခြံမြေအကျိုးဆောင်ကိုအောင်သူရက “ ပေ ၂၀ မြေပေါ်မှာဆိုရင် သံဖရိန်တွေ ဆောက်ပြီး အခန်းတွဲတွေခွဲပြီး အငှားချထားတာတွေများလာတယ်” လို့ ပြောပါတယ်။နယ်ကလာတဲ့ သူတွေ၊ စက်ရုံအလုပ်သမားတွေပေါတာကြောင့်ဆောက်ပြီး အခန်းငှားခတွေက တစ်လကိုကျပ် ၄၀,ဝဝဝ၊ ၅၀,ဝဝဝ လောက် ရှိပါတယ်။
ဒါ့ပြင် ဒဂုံမြောက်ပိုင်းရပ်ကွက်တချို့ကို ပြောင်းရွှေ့နေထိုင်လာသူတွေကလည်း ကုန်ကျစရိတ် ၁၅ သိန်းလောက်နဲ့ စဆောက်နိုင်တဲ့ သံဖရိန်အိမ်တွေ ကို ဆောက်လာတာပိုများတယ်လို့ ဒဂုံမြောက်ပိုင်းရပ်ကွက်နေထိုင်သူတွေဆီ က သိရပါတယ်။
အိမ်ဆောက်လိုသူတွေက သံဖရိန်နဲ့ တန်ဖိုးနည်းအိမ်အပြီးအစီး ဆောက်လုပ်ပေးသူတွေကို အပ် ပြီး ဆောက်ကြတာဖြစ်ပါတယ်လို့ လည်း သိရပါတယ်။
သံဖရိန်အိမ်ဆောက်ရာမှာဆို ၁၅ သိန်းလောက်က စဆောက်နိုင်ပြီး ၃၅ သိန်းလောက်ဆိုရင် ခိုင်ခံ့ပြီးကောင်းမွန်တဲ့အိမ်တစ်လုံး ရရှိနိုင်ပါတယ်။ ၂၅ သိန်း၊ ၃၅ သိန်း၊ သိန်း ၄၀ဆိုပြီး မြေကွက် အကျယ်ပေါ်မူတည်ပြီး ကုန်ကျစရိတ်ကွာခြားသွားတာကို တွေ့ရ ပါတယ်။
ဒဂုံမြောက်ပိုင်း၊ ဗိုလ်ဗထူး လမ်း (၂) လမ်းနေထိုင်သူဦးထွန်းထွန်းကျော်က “ ကျွန်တော် စ ဆောက်တော့ ၁၀သိန်းလောက်နဲ့ စဆောက်တာ၊ ကိုယ့်ကို ဆောက်တာဆိုရင် ပုံစံမကျတာကို ပြင်ရင်း ပြင်ရင်း သိန်း၂၀ လောက်ကုန်တယ်၊ မြေကွက်လဲဝယ်ရသေးတာဆိုတော့ ကုန်ကျစရိတ်သက်သာတဲ့ သံဖရိန်အိမ်ကိုဆောက်ဖြစ်တယ်၊ ပြီးတော့ ခိုင်ခံ့မှုလဲ ရှိတယ်” လို့ ပြောပါတယ်။
သံဖရိန်အိမ်တွေက သံချေးမတက်အောင် ဆေးသုတ်ထိန်း သိမ်းရတာတွေရှိပေမဲ့ စရိတ်သက်သာပြီး ခိုင်ခံ့မှုရှိတာကြောင့် အခြေခံလူတန်းစားတွေ ဆောက်တာ တွေ ပိုများလာတာကို တွေ့ရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ