By Shwe Kyaw, Shweproperty.com
Updated at 11 June 2021
အများစုဟာ ဧည့်ခန်း ၊ အိမ်ခန်းနေရာတွေမှာ ပန်းအိုးတွေထားပြီး အလှဆင်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ကျန်းမာရေးအတွက်ရော ၊ တရုတ်ဖုန်းရွှေပညာ ၊ မြန်မာ့ဆန်းဗေဒင်အရပါ အရမ်းကောင်းပါတယ် အရောင်အသွေးစုံစုံလင်လင်နဲ့ လှပနေတဲ့ သစ်ပင် ပန်းပင်လေးတွေဟာ နေထိုင်သူအဖို့ကော ၊ ကိုယ့်အိမ်ကို လာလည်တဲ့ ဧည့်မိတ်တွေအတွက်ပါ မျက်နှာပွင့်စေပါတယ်။ ဒ့ါအပြင် ကမ္ဘာမြေပေါ်က ကောင်းမွန်တဲ့ မြေချီဓာတ်တွေကိုပါ ဧည့်ခန်းထဲမှာ ပျံ့နှံ့စေပါတယ်။ ဒါပေမယ် ပန်းပင်ပန်းအိုးတွေထားတဲ့အခါ အိမ်ရှင်မတွေအနေနဲ့ အထားအသိုမတက်ရင်တော့ ကောင်းကျိုးကနေ ဆိုးကျိုးကို ဖြစ်ထွန်းတက်ပါတယ်။ ဒါကြောင့် ကောင်းတဲ့ဖုန်းရွှေဓာတ်တွေ ဧည့်ခန်းထဲမှာရစေဖို့ ပန်းပွင့်နဲ့သစ်ရွက်စိမ်းတွေဟာ အလွန် အသုံးတည့်လှပါတယ်။ လှပမွှေးကြိုင်တဲ့ ပန်းပွင့်လေးတွေနဲ့ သစ်ရွက်စိမ်းတွေဟာ လူတွေရဲ့စိတ်ကို ကြည်နူးလန်းဆန်စေတာကြောင့် ဣဋ္ဌမြောက်ပါတယ်။ ဧည့်ခန်းကလည်း ဣဋ္ဌအရပ် ဖြစ်တာကြောင့် ဣဋ္ဌ-ဣဋ္ဌ ဆန်းဝင်ပါတယ်။ ပန်းအစစ်ဖြစ်ဖြစ်၊ ပန်းအတုဖြစ်ဖြစ် ဖုန်းရွှေပညာမှာတော့ အာနိသင်တူတယ်လို့ ဖော်ပြထားပါတယ်။ ပန်းအစစ်ကို စိုက်ပျိုးတာ၊ ပန်းအိုးထိုးထားတာမျိုးဆိုရင် ပိုကောင်းပါတယ်။ ဒါပေမဲ့ အလှပန်းအိုးထိုးတာက ညှိုးနွှမ်းလွယ်တာကြောင့် ညှိုးတဲ့ပန်းကို မြင်ရသူတွေရဲ့ စိတ်ကို နွမ်းလျစေတယ်။ ချီဓာတ်ကောင်းတွေကိုလည်း ထုတ်ပေးနိုင်စွမ်းမရှိတာကြောင့် မညှိုးခင် ခဏခဏ လဲပေးဖို့လိုပါတယ်။ မကြာခဏလဲပေးဖို့အဆင်မပြေဘူးဆိုရင်တော့ အိမ်ထဲမှာ စိုက်ပျိုးနိုင်တဲ့ ပန်းအမျိုးအစားတွေကို စိုက်ပျိုးထားနိုင်ပါတယ်။ ဒါကြောင့် ဖုန်းရွှေပညာမှာ ပန်းပင်တွေက အိမ်တစ်အိမ်ရဲ့ ချီဓာတ် ကောင်းမွန်စေဖို့ အရေးပါတယ်လို့ပြောရပါတယ်။ စိုက်ပျိုးတဲ့ အပင်အမျိုးအစားကိုလိုက်ပြီး ကွာခြားတာလည်းရှိတယ်။ ကစ်(စ်)မီကွစ် (kiss me quick)လို ဆူးပါတဲ့အပင်တွေ၊ ရှားစောင်းပင်၊ ဂမုန်းပင် နဲ့ သီးပင်စားပင်တွေကို ဧည့်ခန်းမှာစိုက်ဖို့၊ အလှထားဖို့ကို ရှောင်ရှားပါ။ ကောင်းမွန်တဲ့ မြေပြင်ချီဓာတ်တွေကို စုပ်ယူတတ်လို့ပါ။ ဆန်းဗေဒင်ပညာ အရဆိုရင် ဆန်းပျက်တက်တာကြောင့် ပန်းပင် ၊ ပန်းအိုးတွေကို လှေကားအောက်မှာ မထားမိဖို့ကိုလည်း သတိပြုပါ။ ဗုဒ္ဓဘာသာတွေဟာ ဘုရားစင်မှာ ဘုရားပန်းတွေ ဝေနေအောင် ကပ်လှူထားတာဟာလည်း ကုသိုလ်မင်္ဂလာအပြင် ဖုန်းရွှေပညာအရရော မြန်မာ့ဆန်းဗေဒင်ကျမ်းအရပါ ကောင်းမြတ်တဲ့ မင်္ဂလာဖြစ်စေပါတယ်။ ဒါ့ကြောင့် အိမ်ထဲမှာ ပန်းတွေနဲ့အလှဆင်မယ်ဆိုရင် မိမိအတွက်ကောင်းကျိုးဆောင်မယ့် ပန်းအမျိုးအစားကို ရွေးချယ်ပြီးထားရင် ထားဖို့လိုပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ နေအိမ်ထဲမှာ သဘာဝကျကျလတ်ဆတ်တဲ့အေးချမ်းမှုကို ခံစားနိုင်ဖို့ ဧည့်ခန်းအားဖုန်းရွှေနည်းအရနေရာချခြင်း အိမ်တွင်းအလှစိုက်အပင်များထဲမှ လူကြိုက်အများဆုံးအပင် ၃ ပင်အကြောင်း Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ