By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 9 June 2018
ရန်ကုန်မြို့တွင် လူဦးရေ တစ်စထက်တစ်စများပြားလာမှုကြောင့် ဂျပန်နိုင်ငံရဲ့ မြို့ပြကို စွန့်ခွာပြီး မြို့ပြင်မှာ ပြည့်စုံတဲ့ လူနေထိုင်မှုစနစ်ကို တည်ဆောက်ထားတဲ့ ဗဟိုခွာစနစ်ကို ကျင့်သုံးပြီး မြို့တွင်း၊မြို့ပြင် လူဦးရေမျှတမှုရှိစေရန် မြို့သစ်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းကို ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၁ ရက်မြောက်နေ့) မှာမြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့ကို ကိုလိုနီခေတ်က ဗဟိုစုသည့်အစီအစဉ်ဖြင့် တည်ဆောက်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် ရန်ကုန်မြို့ကို လူဦးရေ(၄)သောင်းဖြင့် တွက်ချက်ခဲ့ကာ လက်ရှိလူဦးရေမှာ (၇)သန်းနီးပါး ဖြစ်လာသည့်အတွက် ဗဟိုခွာစနစ်ကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုပါတယ်။
ရန်ကုန်မြို့ရဲ့ စီးပွားရေးဇုန်နဲ့ နီးကပ်စွာ တည်ရှိတဲ့ အနောက်တောင်မြို့သစ်စီမံကိန်းကို ဦးစားပေးဆောက်ရွက်ရခြင်း အချက်(၅)ချက်ကို တင်ပြခဲ့ပြီး ဒလမြစ်ကူးတံတားကိုလည်း အကောင်အထည်ဖော်နေပြီဖြစ်တာကြောင့် ဒလမြို့နဲ့ အနောက်တောင်မြို့သစ်စီမံကိန်းကို တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာရန် လိုကြောင်း ပြောကြားခဲ့ပါတယ်။
အစိုးရသစ်တာဝန်ယူတဲ့ ကာလအတွင်း ရန်ကုန်မြို့ရဲ့ အနာဂတ်ပုံရိပ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက အနီးပတ်ဝန်းကျင်က တိုင်းဒေသကြီးတွေနဲ့ ချိတ်ဆက်စဉ်းစားပြီး ကာလရှည်စီမံကိန်းအနေနှင့် လျာထားပေးကြောင်း သိရှိရပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Majalahpajak
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ