By 7 Day Daily, Shweproperty.com
Updated at 11 September 2017
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်နှင့်ဂျပန်အစိုးရတို့ ညှိ နှိုင်းမှုအရ ပြည်သူများတန်ဖိုးနည်း အိမ်ရာဝယ်ယူနိုင်ရန် ချေးငွေ ထုတ်ချေးမည့်အစီအစဉ်ကို ဂျပန် အစိုးရက ပြင်ဆင်နေသည်။
ပြည်သူများ ဈေးနှုန်းသက် သာစွာဖြင့်ဝယ်ယူနိုင်ရန် အိမ်ရာ ချေးငွေအစီအစဉ်ကို ဂျပန်အစိုးရ က လာမည့်နှစ်တွင် စတင်ပေး အပ်မည်ဖြစ်ပြီး ပေးအပ်မည့်ပမာ ဏကို နှစ်နိုင်ငံညှိနှိုင်းဆဲဖြစ်၍ မသိသေးကြောင်း ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာဦးဝင်းဇော်က ပြော သည်။ ‘‘လောလောဆယ်ပမာဏ ကတော့ မသိရသေးဘူး။ အစိုးရ အချင်းချင်းချိတ်ပြီးလုပ်နေတာ ပေါ့။ နောက်နှစ်လောက်မှ ချေး ငွေက ရမယ့်သဘောရှိတယ်’’ ဟု ဦးဝင်းဇော်က ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံ သို့ရောက်ရှိစဉ် အိမ်ရာကဏ္ဍနှင့် ပတ်သက်၍ ဂျပန်အစိုးရနှင့်ပြော ကြားမှုကြောင့် ၎င်းတို့ဘက်က ကူညီမည့် အစီအစဉ်စတင်ခြင်း ဖြစ်သည်ဟု ဦးဝင်းဇော်က ဆို သည်။
ဂျပန်နိုင်ငံမှ ချေးငွေရရှိပါက စီမံခန့်ခွဲခြင်းနှင့် အများပြည်သူအားချေးငွေထုတ်ချေးခြင်းကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်က လုပ်ဆောင်မည်ဖြစ် သည်။လက်ရှိတွင် အဆိုပါဘဏ် သည် ချေးငွေအမြောက်အမြားရရှိ ရန် ဂျပန်နိုင်ငံအပြင် အခြားနိုင်ငံ များနှင့်လည်း ဆွေးနွေးညှိနှိုင်း နေသည်။
ပြည်သူများအနေဖြင့် ဘဏ် မှ ချေးငွေကို စောင့်ဆိုင်းနေခြင်း ထက် ဘဏ်တွင်ပုံမှန်လာရောက် ငွေစုခြင်းကိုလည်း အလေ့အကျင့် ကောင်းတစ်ရပ်အဖြစ် လုပ် ဆောင်သင့်ကြောင်း ဦးဝင်းဇော် က တိုက်တွန်းသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သည် အစိုးရ တည်ဆောက်နေသည့် တန်ဖိုး နည်းအိမ်ရာများကို ဝယ်ယူနိုင်ရန် ငွေချေးပေးနေသော ဘဏ်ဖြစ် သည်။
ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်က တန်ဖိုးနည်း အိမ်ရာဝယ်ယူသူများ ချေးငွေ ပြန်ဆပ်ရမည့်ကာလကို လက် ရှိတွင် ၁၀ နှစ်အစား ၁၅ နှစ်အထိ တိုးမြှင့်ချေးပေးနိုင်ရန် ယခုနှစ်အ တွင်း စီစဉ်နေသည်။
ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် ၃၀ ရာခိုင် နှုန်း ငွေစုဆောင်းထားသူများ သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦး စီးဌာနက အသုတ်လိုက်ရောင်းချ သည့် အိမ်ရာများတွင် ဝယ်ယူခွင့် ရရှိရန် သတ်မှတ်ထားပြီးလက်ရှိ ၌ ပထမအသုတ်အနေဖြင့် အိမ် ခန်း ၆၀၀ ကို အရစ်ကျစနစ်ဖြင့် ရောင်းချပြီးဖြစ်သည်။ ဒုတိယအ သုတ်အနေဖြင့် အိမ်ခန်း ၆၀၀ ထပ်မံရောင်းချမည်ဖြစ်သည်။
လက်ရှိတွင် အဆိုပါဘဏ် ၌ အိမ်ရာဝယ်ယူရန် ငွေစုဆောင်း ထားသူ တစ်သောင်းရှစ်ထောင် ကျော်ရှိကြောင်း ယင်းဘဏ်က ထုတ်ပြန်ထားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါ အဝင် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ၊ ပြင်ပစီးပွားရေးလုပ်ငန်း ရှင်များစုစည်း၍ ၂၀၁၄ တွင် စတင်တည်ထောင်ခဲ့သည်။
Ref & Photo Credit : 7 Day Daily & Social
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ