By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 4 June 2018
ဂျပန်နိုင်ငံ၏ အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သော Tama Home ကုမ္ပဏီသည်မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကုမ္ပဏီသည် ပြည်တွင်း အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သော Kakehashi Real Estate Group တို့ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။ ထို့အပြင် Tama Home ကုမ္ပဏီသည် ကမ္ဘောဒီယားနိုင်ငံတွင် လုပ်ကိုင်လျက်ရှိပြီး ယခုအခါမြန်မာနိုင်ငံသို့ ဈေးကွက်ချဲ့ထွင်လာခြင်းဖြစ်သည်။
ယခုအခါ Tama Home သည် ၅၄၁ စတုရန်းမီတာ ရှိမြေကွက်အတွင်း ၁၂ ထပ်မြင့် အဆောက်အအုံတစ်ခုကို ဆောက်လုပ်လျက်ရှိသည်။
Tama Home ကုမ္ပဏီသည် ဝင်ငွေမြင့်မားသည့် လူတန်းစားများကို ရည်ရွယ်ကာ တစ်နှစ်အတွင်း အဆင့်မြင့် ကွန်ဒို Project နှစ်အထိဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Livingaffected
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ