By Myanmar Builders Guide, Shweproperty.com
Updated at 19 June 2018
ရန်ကုန်တိုင်းအစိုးရက တန်ဖိုးနည်းအိမ်ရာ ဝယ်ယူ လျှောက်ထားသူ ၆,ဝဝဝ ကျော်ကို ဇွန်လ ၂၃ ရက်တွင် မဲဖောက် ရောင်းချမည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင်မှ ပြောသည်။
တန်ဖိုးနည်းအိမ်ရာ များ မဲဖောက်ရောင်းချခြင်းကို တိုင်း အစိုးရအဖွဲ့ရုံး မီဒီယာကော်နာ ခန်းမ၌ ကျောင်းသားများကို မဲနှိုက်ခိုင်းသည့်စနစ်ဖြင့် ဆောင်ရွက် မည်ဖြစ်သည်။
‘‘ကျောင်းသားလေးတွေကို မဲနှိုက်ခိုင်းတာက ပွင့်လင်းမြင်သာ မှုရှိအောင်လို့ပါ။ သတ်မှတ်ချက် နဲ့ မပြည့်စုံသူတွေကို ချန်ခဲ့မှာပါ။ ပထမဆုံးအနေနဲ့ နာမည်တွေကို မဲဖောက်ပေးမယ်။
နောက်တစ် ဆင့် တိုက်ခန်းတွေကို မဲထပ်နှိုက် သွားမည်’ဟုသိရသည်။
အစိုးရအဖွဲ့က တန်ဖိုးနည်း အိမ်ရာတိုက်ခန်း ၁,ဝဝဝ ကျော် ရောင်းချရန်စီစဉ်ခဲ့ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်မှ မတ်လကုန်အထိ လာရောက်လျှောက် ထားသူ ၆,ဝဝဝ ကျော်ရှိခဲ့သည်။
ရန်ကုန်တိုင်းအစိုးရရောင်း ချမည့် အိမ်ရာများသည် ဒဂုံမြို့ သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း (၁၊ ၂)၊ ကနောင်အိမ်ရာ၊
သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွား ရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ် ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင် အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ ShopHouse များနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံအိမ်ရာတို့ ဖြစ်သည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်ရှိ အိမ်ရာများကို အခြေခံပြည်သူများဝယ်ယူနိုင်ရန် တိုက်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၁ဝဝ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နှင့် အခြားမြို့နယ်တို့တွင် တန်ဖိုးသင့် အိမ်ရာတိုက်ခန်းတစ်ခန်းလျှင်
ကျပ်သိန်း ၂ဝဝ ကျော်မှ ကျပ်သိန်း ၆ဝဝ အထိဈေးနှုန်းများဖြင့် ရောင်းချမည် ဖြစ်သည်။
အဆိုပါအိမ်ရာများ မဲဖောက် ရောင်းချရာတွင် ကျန်ခဲ့သူများကို ဒုတိယအကြိမ် ရောင်းချရာ၌ လျှောက်လွှာထပ်မံတင်စရာမလို အောင်စီစဉ်ပေးမည်ဖြစ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မှ သိရသည်။
အဆိုပါတိုက်ခန်းများ မဝယ်ယူနိုင်သည့် ပြည်သူများအတွက် တစ်လ ကျပ် ၃ဝဝဝဝ ခန့်ဖြင့် နေနိုင်မည့် အငှားအိမ်ရာပုံစံမျိုး ဆောင်ရွက်ရန် စီစဉ်မည်ဖြစ် ကြောင်း သိရသည်။
အိမ်ရာများရောင်းချရာတွင် အများပြည်သူ၊ ဝန်ထမ်း၊ အငြိမ်း စားနှင့် ကုမ္ပဏီဝန်ထမ်းဟူ၍ လျှောက်လွှာပုံစံ လေးမျိုးခွဲခြားထားသည်။ လျှောက်ထားသူများအနေဖြင့်
အိမ် (သို့မဟုတ်) မြေပိုင်ဆိုင်မှု မရှိကြောင်း လက်ရှိနေထိုင်သည့် မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထောက်ခံချက်ပါရှိရမည်ဟု အိမ်ရာဝယ်ယူခွင့်လျှောက်လွှာများ၌ ဖော်ပြထားသည်။
အိမ်ရာဝယ်ယူလိုသူများအ နေဖြင့် အသက် (၂၃) နှစ်ပြည့်ပြီး သည့် မြန်မာနိုင်ငံသားဖြစ်ရမည် ဖြစ်ပြီး အိမ်ထောင်စုတစ်ခုတွင် တစ်ဦးသာ လျှောက်ထားခွင့်ရှိ ကြောင်း ဖော်ပြထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ